YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 14

14
အပြစ်သားတို့၏အကျင့်စရိုက်
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1မိုက်မဲ​သော​သူ​က “​ဘုရားသခင်​မ​ရှိ​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​တတ်​၏​။
ထိုသို့သော​သူ​တို့​သည် အကျင့်ပျက်ပြား​၍ စက်ဆုပ်ရွံရှာ​ဖွယ်​အမှု​ကို​ပြု​တတ်​ကြ​၏​။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ​။
2ပညာသတိ​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ရှာ​သော​သူ ရှိ​၊ မ​ရှိ​သိမြင်​ရန်
ထာဝရဘုရား​သည် လူသား​တို့​ကို ကောင်းကင်ဘုံ​မှ​ငုံ့ကြည့်​တော်မူ​၏​။
3လူ​အပေါင်း​တို့​သည်​လမ်းလွဲ​ကြ​ပြီ​။ တညီတညွတ်တည်း​ဖောက်ပြန်ယိုယွင်း​ကြ​ပြီ​။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ​။
တစ်​ယောက်​မျှ​မ​ရှိ​။#ဆာ 53:3၊ ရော 3:12။
4အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​သည် ဘာမျှ​မ​သိ​ကြ​သလော​။
သူ​တို့​သည် မုန့်​စား​သကဲ့သို့ ငါ​၏​လူမျိုး​ကို​ဝါးမျို​ကြ​၏​။ ထာဝရဘုရား​ကို​လည်း ခေါ်ဆို​ပတ္ထနာပြု​ခြင်း​မ​ရှိ​။
5ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူ​၏ မျိုးဆက်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့်
သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​ပြီ​တကား​။
6သင်​တို့​သည် အဖိနှိပ်​ခံရ​သော​သူ​၏​အကြံဉာဏ်​ကို အရှက်ကွဲ​စေ​တတ်​သော်လည်း
ထာဝရဘုရား​သည် သူ​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။
7အစ္စရေး​အတွက် ကယ်တင်​ခြင်း​သည် ဇိအုန်​မှ​ပေါ်ထွန်း​ပါစေသော​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​မိမိ​လူမျိုး​တော်​ကို
ထာဝရဘုရား​ပြန်လာ​စေ​တော်မူ​သောအခါ#14:7 သို့မဟုတ် “ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ပြန်လည်ကောင်းစားစေတော်မူသောအခါ”။ ယာကုပ်​သည်​ရွှင်လန်း​ပါစေ​။ အစ္စရေး​သည်​ဝမ်းမြောက်​ပါစေ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။