YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 8

8
ထာဝရဘုရား၏ဘုန်းအသရေတော်၊ လူ၏ဂုဏ်ကျက်သရေ
ဂီတမှူး​အတွက်​၊ “​ဂီတိ​”#8:0 ဂီတနှင့်ဆိုင်သောဝေါဟာရတစ်ခုဖြစ်ဖွယ်ရှိသည်။ သံစဉ်​၊ ဒါဝိဒ်​၏​ဆာလံ
1အကျွန်ုပ်​တို့​၏​အရှင် ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ ကြီးမြတ်​လှ​ပါ​၏​။
ကိုယ်တော်​သည် မိမိ​၏​ဘုန်းကျက်သရေ​ကို ကောင်းကင်​ပေါ်မှာ တည်​စေ​တော်မူ​၏​။
2ကိုယ်တော်​ကို​ရန်ဖက်ပြု​သူ​များ​ကြောင့် ကလေးသူငယ်​များ​နှင့်​နို့စို့ကလေးငယ်​များ​၏​နှုတ်​တွင်
အစွမ်းသတ္တိ​ကို​တည်​စေ​တော်မူ​၏​။#မ 21:16။ ဤသည်ကား ရန်သူ​နှင့် လက်တုံ့ပြန်​သူ​တို့​ကို တိတ်ဆိတ်​စေရန်​ဖြစ်​၏​။
3ကိုယ်တော်​၏​လက်ချောင်း​တို့​ဖြင့်​ပြု​တော်မူ​သော ကိုယ်တော်​၏​ကောင်းကင်​ကို​လည်းကောင်း​၊
ကိုယ်တော်​တည်​တော်မူ​သော လ​နှင့်​ကြယ်​များ​ကို​လည်းကောင်း အကျွန်ုပ်​ကြည့်ရှုဆင်ခြင်​သောအခါ
4လူ​သည်​မည်သို့သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို​အောက်မေ့​တော်မူ​ရ​သနည်း​။
လူ့​သား​သည် မည်သို့သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို​ကြည့်ရှု​တော်မူ​ရ​သနည်း​။#ဟေဗြဲ 2:6။
5ကိုယ်တော်​သည် သူ့​ကို​ဘုရားသခင်#8:5 အချို့မူရင်းကျမ်း၌ “ကောင်းကင်တမန်တို့”။​ထက် ခေတ္တခဏ​နိမ့်ကျ​စေ​ပြီးလျှင်
ဘုန်း​တော်​နှင့်​ဂုဏ်တော်​တို့​ဖြင့် သူ့​ကို​သရဖူ​ဆောင်း​စေ​တော်မူ​၏​။#ဟေဗြဲ 2:7။
6သူ့​အား ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​များ​ကို​အုပ်စိုး​စေ​၍
အရာ​ခပ်သိမ်း​တို့​ကို​သူ​၏​ခြေ​အောက်​၌ ချထား​တော်မူ​ပြီ​။#၁ကော 15:27။
7ထို​အရာ​တို့​တွင် သိုး​နွား​အားလုံး​နှင့်
တောတိရစ္ဆာန်​များ​အပြင်
8မိုးကောင်းကင်​ငှက်​များ​၊ ပင်လယ်​ငါး​များ​နှင့် သမုဒ္ဒရာ​ရေကြောင်း​တို့​၌
ကူးခပ်သွားလာ​သည့် သတ္တဝါ​များ​ပါ​၏​။
9အကျွန်ုပ်​တို့​၏​အရှင် ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​သည်
ကမ္ဘာမြေ​တစ်ခွင်လုံး​၌ ကြီးမြတ်​လှ​ပါ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။