YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 48

48
ချီးမြှောက်ခြင်းခံရသောဇိအုန်
သီချင်း​၊ ကောရ​သား​တို့​၏​ဆာလံ
1ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​၌ အလွန်​ချီးမွမ်းဖွယ် ဖြစ်​တော်မူ​၏​။
ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​သည်
2မြင့်မား​တင့်တယ်​၍ ကမ္ဘာမြေ​တစ်ခွင်လုံး​၏ ဝမ်းမြောက်စရာ​အကြောင်း​ဖြစ်​၏​။
မြောက်ဘက်​စွန်း​ရှိ​ဇိအုန်​တောင်​သည် ကြီးမြတ်​သော ရှင်ဘုရင်​၏​မြို့​တော်​ဖြစ်​၏​။
3ဘုရားသခင်​သည် ထို​မြို့​၏​ခံတပ်​များ​တွင်
ခိုကိုး​ရာ​ဖြစ်ကြောင်း မိမိကိုယ်ကို​ထင်ရှား​စေ​တော်မူ​၏​။
4ကြည့်ရှု​လော့​။
ရှင်ဘုရင်​တို့​သည် စုဝေး​လျက် အတူတကွ​ချီတက်​လာ​ကြ​၏​။
5သူ​တို့​သည် ၎င်း​ကို​မြင်​ရ​ကြ​သည်​နှင့် အံ့အားသင့်​လျက်
ထိတ်လန့်​၍​ပြေးလွှား​ကြ​၏​။
6ထို​အရပ်​တွင် ထိတ်လန့်တုန်လှုပ်​ခြင်း​သည် သူ​တို့​ကို​ဖမ်းဆုပ်​ထား​၍
သူ​တို့​သည် သားဖွား​နေ​သော​အမျိုးသမီး​ကဲ့သို့ ဝေဒနာ​ခံစား​ကြ​ရ​၏​။
7ကိုယ်တော်​သည် တာရှု​သင်္ဘော​တို့​ကို
အရှေ့​လေ​ဖြင့်​ကျိုးပဲ့​စေ​တော်မူ​၏#48:7 အချို့မူရင်းကျမ်း၌ “အရှေ့လေသည် တာရှုသင်္ဘောတို့ကို ကျိုးပဲ့စေသကဲ့သို့ဖြစ်၏”။​။
8ငါ​တို့​ကြား​ခဲ့​ရ​သည့်​အတိုင်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏ မြို့​တော်​တည်းဟူသော
ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​တွင် ငါ​တို့​မြင်​ရ​ကြ​လေ​ပြီ​။
ဘုရားသခင်​သည် ထို​မြို့​တော်​ကို ကာလ​အစဉ်အဆက်​တည်​စေ​တော်မူ​မည်​။(​စေလာ#48:8 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
9အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို ကိုယ်တော်​၏​ဗိမာန်တော်​ထဲ​၌
အကျွန်ုပ်​တို့​အောက်မေ့ဆင်ခြင်​ကြ​ပါ​၏​။
10အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​သည် ကိုယ်တော်​၏​နာမ​တော်​နည်းတူ
ကမ္ဘာမြေ​အစွန်း​တိုင်အောင် ပျံ့နှံ့​ပါ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ဖြောင့်မတ်​ခြင်း​နှင့်​ပြည့်ဝ​ပါ​၏​။
11ကိုယ်တော်​၏​တရားစီရင်​တော်မူ​ချက်​များ​ကြောင့် ဇိအုန်​တောင်​သည် ဝမ်းမြောက်​ပါစေ​။
ယုဒ​သမီးပျို​တို့​သည် ရွှင်လန်း​ကြ​ပါစေ​။
12ဇိအုန်​အနှံ့​လှည့်ပတ်သွားလာ​၍
မျှော်စင်​တို့​ကို​ရေတွက်​ကြ​လော့​။
13လာမည့်​မျိုးဆက်​ကို​ပြောပြ​နိုင်​ရန် ထို​မြို့​တော်​၏​တံတိုင်း​ကို သင်​တို့​၏​စိတ်နှလုံး​၌​မှတ်သား​ထား​၍
ခံတပ်​များ​ကို​စစ်ဆေး​ကြည့်ရှု​ကြ​လော့​။
14အကြောင်းမူကား ဤ​ဘုရားသခင်​သည် ကာလ​အစဉ်အဆက် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။
ကိုယ်တော်​သည် ငါ​တို့​သေဆုံး​သည့်​တိုင်အောင် ငါ​တို့​ကို ပို့ဆောင်​တော်မူ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 48: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ