YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 47

47
ကျွန်ုပ်တို့၏ရှင်ဘုရင် ဘုရားသခင်
ဂီတမှူး​အတွက်​၊ ကောရ​သား​တို့​၏​ဆာလံ
1လူမျိုး​အပေါင်း​တို့​၊ လက်ခုပ်တီး​ကြ​လော့​။
ရွှင်လန်း​စွာ​ကြွေးကြော်​သော​အသံ​ဖြင့် ဘုရားသခင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။
2အကြောင်းမူကား အမြင့်ဆုံး​သော​အရှင် ထာဝရဘုရား​သည် အံ့ဩဖွယ်​အရှင်​၊
ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​အုပ်စိုး​သော ကြီးမြတ်​သည့်​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။
3ကိုယ်တော်​သည် လူမျိုးတကာ​တို့​ကို ငါ​တို့​အောက်​၌​လည်းကောင်း​၊
တိုင်းသူပြည်သား​တို့​ကို ငါ​တို့​၏​ခြေဖဝါး​အောက်​၌​လည်းကောင်း ငြိမ်ဝပ်​ပိပြား​စေ​တော်မူ​၏​။
4ကိုယ်တော်​သည် မိမိ​ချစ်​တော်မူ​သည့် ယာကုပ်​၏​ဂုဏ်ယူဝင့်ကြွားစရာ​တည်းဟူသော
ငါ​တို့​၏​အမွေ​ကို ငါ​တို့​အတွက်​ရွေးချယ်​တော်မူ​၏​။(​စေလာ#47:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5ဘုရားသခင်​သည် ဝမ်းမြောက်​စွာ​ကြွေးကြော်​သော အသံ​နှင့် တက်သွား​တော်မူ​၏​။
ထာဝရဘုရား​သည် တံပိုးမှုတ်သံ​နှင့် တက်သွား​တော်မူ​၏​။
6ဘုရားသခင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ သီဆိုချီးမွမ်း​ကြ​လော့​။
ငါ​တို့​၏​ရှင်ဘုရင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ သီဆိုချီးမွမ်း​ကြ​လော့​။
7အကြောင်းမူကား ဘုရားသခင်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။
အလိမ္မာ​သီချင်း​ဖြင့် သီဆိုချီးမွမ်း​ကြ​လော့​။
8ဘုရားသခင်​သည် လူမျိုးတကာ​တို့​ကို​စိုးစံ​တော်မူ​၏​။
ဘုရားသခင်​သည် မိမိ​၏​သန့်ရှင်း​သော ပလ္လင်​တော်​ပေါ်၌​ထိုင်​တော်မူ​၏​။
9လူမျိုးတကာ​တို့​၏​မင်းအရာရှိ​တို့​သည် အာဗြဟံ​၏​ဘုရားသခင်​ပိုင်​တော်မူ​သော လူမျိုး​တော်​အဖြစ် စုဝေး​လာ​ကြ​၏​။
အကြောင်းမူကား ကမ္ဘာမြေကြီး​၏​ဒိုင်းလွှား​တို့​ကို ဘုရားသခင်​ပိုင်​တော်မူ​၏​။
ကိုယ်တော်​သည် ချီးမြှောက်​ခြင်း​ကို အထူး​ခံရ​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 47: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ