YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 46

46
ကျွန်ုပ်တို့၏ခိုလှုံရာဘုရားသခင်
ဂီတမှူး​အတွက်​၊ ကောရ​သား​တို့​၏​ဆာလံ​၊ အာလမုတ်​သံစဉ်​၊ သီချင်း
1ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​နှင့် အစွမ်းသတ္တိ​ဖြစ်​တော်မူ​၏​။
ဆင်းရဲဒုက္ခ​ရောက်​သောအခါ အမှန်တကယ်​တွေ့​ရ​သည့် ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။
2ထို့ကြောင့် မြေကြီး​သည် ပြောင်းလဲ​သွား​၍ တောင်​များ​သည်
သမုဒ္ဒရာ​၏​အလယ်ဗဟို​သို့ ရွေ့သွား​ကြ​လျှင်ပင်​လည်းကောင်း​၊
3ထို​သမုဒ္ဒရာ​၏​ရေ​တို့​သည် ဟုန်းဟုန်းမြည်​လျက် ပွက်ပွက်ထ​ကာ တစ်ဟုန်ထိုး​တက်လာ​၍
တောင်​များ​တုန်ခါ​ကြ​လျှင်ပင်​လည်းကောင်း ငါ​တို့​သည် ကြောက်ရွံ့​ကြ​မည်​မ​ဟုတ်​။(​စေလာ#46:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4မြစ်​တစ်​မြစ်​ရှိ​၏​။ ၎င်း​၏​ရေစီးကြောင်း​တို့​သည် အမြင့်ဆုံး​သော​အရှင်​၏
သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တည်းဟူသော ဘုရားသခင်​၏​မြို့​တော်​ကို ဝမ်းမြောက်​စေ​၏​။
5ဘုရားသခင်​သည် ထို​မြို့​တော်​အလယ်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ထို​မြို့​တော်​သည် တုန်လှုပ်​မည်​မ​ဟုတ်​။
နံနက်အချိန်​ရောက်​သောအခါ ဘုရားသခင်​သည် ထို​မြို့​တော်​ကို​ကူညီမစ​တော်မူ​လိမ့်မည်​။
6လူမျိုးတကာ​တို့​သည် မငြိမ်မသက်​ဖြစ်​ကြ​၏​။ တိုင်းနိုင်ငံ​တို့​သည် တုန်လှုပ်​ကြ​၏​။
ကိုယ်တော်​သည် မိမိ​အသံ​ကို​လွှင့်​တော်မူ​သောအခါ ကမ္ဘာမြေကြီး​သည် အရည်ပျော်​လေ​၏​။
7ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။
ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ#46:7 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
8ကမ္ဘာမြေကြီး​ပေါ်တွင် ကြီးစွာ​သော​ပျက်စီး​ခြင်း​များ​ဖြစ်ပေါ်​စေ​သည့်
ထာဝရဘုရား​၏​အမှု​တော်​များ​ကို လာ​၍​ကြည့်ရှု​ကြ​လော့​။
9ကိုယ်တော်​သည် ကမ္ဘာမြေကြီး​အစွန်း​တိုင်အောင် စစ်ပွဲ​တို့​ကို​အဆုံးသတ်​စေ​တော်မူ​၏​။
လေး​ကို​ချိုး​လျက် လှံ​ကို​အပိုင်းပိုင်း​ဖြတ်​ကာ စစ်ရထား​တို့​ကို မီး​ဖြင့်​ရှို့​တော်မူ​၏​။
10“​ငြိမ်ဝပ်​စွာ​နေ​၍ ငါ​သည်​ဘုရားသခင်​ဖြစ်ကြောင်း သိမှတ်​ကြ​လော့​။
ငါ​သည် လူမျိုးတကာ​တို့​အလယ်​တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။​”
11ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။
ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ#46:11 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 46: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ