YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 19

19
အစ္စရေးခေါင်းဆောင်တို့နှင့်ပတ်သက်၍ ငိုချင်းဖွဲ့ဆိုခြင်း
1အစ္စရေး​ခေါင်းဆောင်​တို့​နှင့်ဆိုင်သော ငိုချင်း​ကို ဖွဲ့ဆို​လော့​။ 2‘​သင့်​မိခင်​ကား မည်သို့သော​သူ​နည်း​။ ခြင်္သေ့ပျို​တို့​နှင့်အတူ​နေထိုင်​၍ သားပေါက်​တို့​ကို​ကျွေးမွေး​သော​ခြင်္သေ့မ​၊ ခြင်္သေ့​များ​ကြားမှ ခြင်္သေ့မ​ဖြစ်​သည်​မ​ဟုတ်​လော​။ 3သူ​ကျွေးမွေး​သော​သားပေါက်​တို့​ထဲမှ တစ်​ကောင်​သည် သန်စွမ်း​သော​ခြင်္သေ့ပျို​ဖြစ်လာ​၍ သားကောင်​ကို​ကိုက်ဖြတ်​ရန် သင်ယူ​၍ လူ​တို့​ကို​ပင် ကိုက်စား​ဝါးမျို​တတ်​လာ​၏​။ 4သူ့​အကြောင်း​ကို​ကြား​သော လူမျိုးခြား​တို့​သည် သူ့​ကို​တွင်း​နှင့်​ထောင်ဖမ်း​ပြီး ကြိုးကွင်းစွပ်​၍ အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။ 5မျှော်လင့်စောင့်စား​ခဲ့​သော​အရာ ပျက်စီး​သွား​ကြောင်း ခြင်္သေ့မ သိမြင်​သောအခါ သားပေါက်​ထဲမှ​တစ်​ကောင်​ကို ရွေးယူ​၍ သန်စွမ်း​သော​ခြင်္သေ့ပျို​ဖြစ်​အောင် ကျွေးမွေး​ပြန်​၏​။ 6ထို​သားပေါက်​သည် ခြင်္သေ့​များ​ကြား​တွင် သွားလာ​နေထိုင်​ရင်း သန်စွမ်း​သော​ခြင်္သေ့ပျို​ဖြစ်လာ​ပြီး သားကောင်​ကို​ကိုက်ဖြတ်​စားသောက်​သော​အတတ်​ကို သင်ယူ​၍ လူ​ကို​ပါ ကိုက်စား​ဝါးမျို​တတ်​လာ​၏​။ 7လူ​တို့​၏​ခံတပ်​တို့​ကို​ဖြိုဖျက်​၍ မြို့​တို့​ကို တိတ်ဆိတ်​ခြောက်ကပ်​စေ​၏​။ သူ​၏​ဟိန်းဟောက်သံ​ကြောင့် တစ်ပြည်လုံး တုန်လှုပ်ချောက်ချား​ကုန်​၏​။ 8ထိုအခါ ဝန်းကျင်​ရှိ​တိုင်းနိုင်ငံ​များ​မှ လူမျိုး​တို့​သည် သူ့​ကို​လာ​တိုက်ခိုက်​ကြ​၏​။ သူ့​ကို​ပိုက်ကွန်​နှင့်​အုပ်​၏​။ သူ​သည် ထောင်ချောက်တွင်း​ထဲသို့ ကျ​လေ​ပြီ​။ 9သူ့​ကို​ကြိုးကွင်းစွပ်​လျက် လှောင်အိမ်​ထဲ​ထည့်​ကာ ဘေဘီလုံ​ဘုရင်​ထံသို့ ခေါ်ဆောင်​သွား​ပြီး ချုပ်နှောင်​ထား​၏​။ ထို့ကြောင့် အစ္စရေး​တောင်​များ​ပေါ်တွင် သူ​၏​ဟိန်းဟောက်သံ​ကို မ​ကြား​ရ​တော့​ပေ​။ 10သင့်​မိခင်​သည် သင်​နှင့်​သွေးသားတူ​၍ စပျစ်ပင်​ကဲ့သို့​ဖြစ်​၏​။ ရေ​စပ်​၌​စိုက်​ထား​သည်​ဖြစ်၍ ရေ​ဝ​သောကြောင့် အသီး​များ​၊ အကိုင်းအခက်​များ​ဖြင့် ဝေဆာ​၏​။ 11အကိုင်းအခက်​များ သန်မာ​သောကြောင့် ရာဇလှံတံ​အဖြစ်​ပင် အသုံးပြု​နိုင်​၏​။ ကြီးထွား​မြင့်မား​ပြီး အကိုင်းအခက်​များ​လည်း များစွာ​ဖြာထွက်​၏​။ ပင်မြင့်​ဖြစ်၍ အပင်တကာ​တို့​ကြား​တွင် ထီးထီးကြီး​မြင်တွေ့​နိုင်​၏​။ 12သို့သော် ထို​စပျစ်ပင်​သည် ဒေါသတကြီး ဆွဲနုတ်​ခံရ​၏​။ မြေ​ပေါ်၌ ပစ်ထား​ခံရ​၏​။ အရှေ့​လေတိုက်​သောအခါ သူ​၏​အသီး​တို့​သည် ခြောက်သွေ့​ကုန်​၏​။ သန်မာ​သော​အကိုင်းအခက်​တို့​သည် ကျိုးပဲ့​၍​ခြောက်​သွား​ပြီး မီးရှို့​ခံရ​လေ​၏​။ 13ယခု​မူကား ထို​စပျစ်ပင်​ကို ရေမရှိ​၊ ခြောက်သွေ့​သော​ကန္တာရ​မြေ​၌ စိုက်ပျိုး​ထား​၏​။ 14အကိုင်း​တစ်​ကိုင်း​မှ မီး​ထွက်လာ​၍ အသီး​တို့​ကို လောင်ကျွမ်း​လေ​၏​။ ထို့ကြောင့် ရာဇလှံတံ​အဖြစ် အသုံးပြု​နိုင်​သည့် သန်မာ​သော​အကိုင်းအခက်​တစ်ခုမျှ​မ​ရှိ​တော့​ပေ​ဟု သီဆို​လော့​။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်း​တစ်​ပုဒ်​ပေတည်း’​ဟူ၍ မြွက်ဆို​လော့”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။