YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 6

6
အကြီးမြတ်ဆုံးပညတ်ချက်
1သင်​တို့​ကူးသွား​၍​သိမ်းပိုက်​နေထိုင်​မည့်​ပြည်​၌ လိုက်နာ​ရ​မည့် ပညတ်တော်​၊ ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို သင်​တို့​အား​သင်ကြား​ပေး​ရန် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​၏​။ 2သင်​မှစ၍ သင်​၏​သား​မြေး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ သင့်​အား​ငါ​ဆင့်ဆို​သည့် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​နှင့်​ပညတ်တော်​ရှိသမျှ​တို့​ကို​စောင့်ထိန်း​ရ​မည်​။ ထိုသို့​ပြု​လျှင် သင်​တို့​သည် အသက်​ရှည်​လိမ့်မည်​။ 3အို အစ္စရေး​လူမျိုး​၊ နားထောင်​လော့​။ ပညတ်တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင့်​အား သင့်​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း နို့​နှင့်​ပျားရည်​စီး​သော​ပြည်​၌ သင်​သည်​ကောင်းစား​၍ အလွန်​တိုးပွား​လိမ့်မည်​။ 4အို အစ္စရေး​လူမျိုး​၊ နားထောင်​လော့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် တစ်ဆူတည်း​သော​ထာဝရဘုရား​ဖြစ်​တော်မူ​၏​။#တရား 4:35၊ မာ 12:29။ 5သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​၊ အစွမ်းသတ္တိ​ရှိသမျှ​ဖြင့် ချစ်​ရ​မည်​။#မ 22:37၊ လု 10:27။ 6ယနေ့ သင့်​အား ငါ​မိန့်မှာ​သော ဤ​နှုတ်ကပတ်တော်​တို့​ကို နှလုံးသွင်း​ရ​မည်​။ 7သင်​တို့​၏​သားသမီး​တို့​အား ကြိုးစားသွန်သင်​ရ​မည်​။ သင်​တို့​သည် အိမ်​၌​နေ​သည်​ဖြစ်စေ​၊ လမ်း​လျှောက်​နေ​သည်​ဖြစ်စေ​၊ အိပ်​နေ​သည်​ဖြစ်စေ​၊ ထ​လျက်​နေ​သည်​ဖြစ်စေ ပြောကြား​ရ​မည်​။ 8သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​အဖြစ် ချည်​ထား​ရ​မည်​။ သင်​တို့​၏​မျက်မှောင်​၌#6:8 တိုက်ရိုက်ပြန်ဆိုလျှင် “သင်တို့၏မျက်စိကြား၌”။ အမှတ်သင်္ကေတ​အဖြစ် ရှိ​စေ​ရ​မည်​။ 9သင်​တို့​၏​အိမ်​တံခါးတိုင်​များ​၊ မြို့​တံခါး​များ​၌ ရေးသား​ထား​ရ​မည်​။
နာခံခြင်းဖြင့် ထာဝရဘုရားအားအောက်မေ့ရန်
10သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အား​ပေး​မည်​ဟု သင်​တို့​ဘိုးဘေး အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​တော်မူ​၍ သင်​တို့​မ​တည်ဆောက်​ဘဲ တည်ဆောက်​ပြီးသား သာယာဝပြော​သော​မြို့​ကြီး​များ​၊ 11သင်​တို့​မ​စုဆောင်း​ဘဲ စုဆောင်း​ပြီးသား​ကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့်​ပြည့်​နေ​သော​အိမ်​များ​၊ သင်​တို့​မ​တူး​ဘဲ တူး​ပြီး​သား​ရေတွင်း​များ​၊ သင်​တို့​မ​စိုက်​ဘဲ စိုက်​ပြီး​သား စပျစ်ခြံ​များ​နှင့်​သံလွင်ခြံ​များ​ကို သင်​တို့​ရရှိ​ပြီး ဝလင်​စွာ စား​ရ​သောအခါ 12ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော ထာဝရဘုရား​ကို မ​မေ့လျော့​မည့်​အကြောင်း သင်တို့ကိုယ်သင်တို့ သတိပြု​လော့​။ 13သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​။ ထို​အရှင်​ကို​သာ ဝတ်ပြု​ရ​မည်​။ ထို​အရှင်​၏​နာမ​တော်​ကို တိုင်တည်​၍​ကျိန်ဆို​ရ​မည်​။#မ 4:10၊ လု 4:8။ 14အခြား​ဘုရား​များ​၊ သင်​တို့​ပတ်လည်​ရှိ​လူမျိုး​တို့​၏​ဘုရား​များ​ကို မ​ဆည်းကပ်​ရ​။ 15သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ထို့ကြောင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အပေါ်​အမျက်ထွက်​၍ သင်​တို့​ကို မြေကြီး​ပေါ်​မှ ဖျက်ဆီး​တော်မူ​မည်​ကို စိုးရိမ်​ရ​၏​။ 16သင်​တို့​သည် မဿာ​အရပ်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အကဲစမ်း​သကဲ့သို့ အကဲ​မ​စမ်း​ရ​။#မ 4:7၊ လု 4:12။ 17သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​သည့် ပညတ်ချက်​၊ သက်သေခံချက်​၊ ပြဋ္ဌာန်းချက် တို့​ကို ကြိုးစား​စောင့်ထိန်း​ရ​မည်​။ 18ထာဝရဘုရား​၏​မျက်မှောက်​တော်​၌ ဖြောင့်မှန်​သော​အမှု​၊ ကောင်း​သော​အမှု​တို့​ကို ပြု​လော့​။ သို့ပြုလျှင် ထာဝရဘုရား​က ထို​ပြည်​ကို​သင်​တို့​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​သာယာဝပြော​သော​ပြည်​ကို သင်​တို့​ဝင်ရောက်​သိမ်းပိုက်​၍ ကောင်းစား​ကြ​လိမ့်မည်​။ 19ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ရန်သူ​အပေါင်း​တို့​ကို သင်​တို့​ရှေ့​မှ နှင်ထုတ်​တော်မူ​မည်​။
20နောင်ကာလ​၌ သင်​တို့​၏​သားသမီး​များ​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား​မိန့်မှာ​ထား​သည့် သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက် တို့​ကား မည်သို့နည်း​’​ဟု မေးမြန်း​သောအခါ 21သင်​တို့​က​လည်း သင်​တို့​၏​သားသမီး​များ​အား ‘​ငါ​တို့​သည် အီဂျစ်​ပြည်​၌ ဖာရော​မင်းကြီး​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏​။ သို့သော် ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ 22ထို​အချိန်​၌ ထာဝရဘုရား​သည် ငါ​တို့​၏​မျက်မှောက်​တွင် နိမိတ်လက္ခဏာ​များ​၊ ကြီးမား​၍ ကြောက်စရာ​ကောင်း​သော အံ့ဩဖွယ်အမှု​များ​ကို အီဂျစ်​ပြည်​အပေါ်​၊ ဖာရော​မင်းကြီး​နှင့်​သူ​၏​နန်းတော်သူ​နန်းတော်သား​အပေါင်း​တို့​အပေါ် ကျရောက်​စေ​တော်မူ​ခဲ့​၏​။ 23ငါ​တို့​ကို​ကား ထို​ပြည်​ကို ငါ​တို့​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့​ပို့ဆောင်​ရန် အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ 24ယနေ့​ကဲ့သို့ ငါ​တို့​သည် အစဉ်​ကောင်းစား​၍ အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​၍ ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို လိုက်နာ​ရန် ငါ​တို့​အား ထာဝရဘုရား မိန့်မှာ​တော်မူ​ခဲ့​၏​။ 25ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​ရှေ့​တော်​၌ ပညတ်တော်​ရှိသမျှ​တို့​ကို​လိုက်နာ​စောင့်ထိန်း​လျှင် ငါ​တို့​ကို ဖြောင့်မတ်​စေ​မည်​’​ဟု ပြောပြ​ရ​မည်​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ