ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်းနမူနာ
စစ်မှန်သော ကိုးကွယ်ခြင်း
ဤဆာလံကျမ်းတွင် အထူးခြားဆုံးစကားမှာ “ထွန်ယက်ထားသောလယ်ကို ရေမြုပ်၍ မြေစိုင်များကို လယ်ထွန်ကဲ့သို့ မိုးရေဖြင့်စိမ်၍ ထွန်ခြစ်သည် ပွင့်လန်း၍ အသီးအနှံဖြစ်စေ” (ဆာလံ ၆၅:၁၀)။ ဆာလံဆရာရဲ့ ခံစားချက်က များပြားလွန်းတယ်။ နွေဦးနှစ်သစ်ကို တောင်ကုန်းတောင်တန်းများမှ လယ်ယာ တိရစ္ဆာန်တို့ရဲ့ အစေခံခြင်းကို ခံရသော ကြီးထွားလာသော လယ်ယာမြေများဖြင့် ဝတ်ရုံခြုံထားပြီး ဘုရားရဲ့ ပန်းကုံးကို သရဖူကဲ့သို့ ဆောင်ထားသော မိဖုရားအဖြစ် ဆာလံဆရာက မြင်ပါတယ်။ ဤအံ့ဖွယ်အမှုများအကြောင်း ဆာလံဆရာက အကြမ်းဖျင်းပြောထားသည်ကို ကျွန်တော်တို့ နားထောင်သောအခါ ထိုနေရာသို့ ကျွန်တော်တို့ သွားရောက်လိုသည်မှာ အထူးအဆန်းမဟုတ်ပါ။
ဒီအကြောင်းအရာကို ဆာလံဆရာ တိုက်ရိုက်မပြောသော်လည်း ဒီအကြောင်းရေးထားသော အချိန်က အမျိုးသားတစ်ယောက်က ဗိမာန်တော်မှာ ကိုးကွယ်တာထက် အပြင်တနေရာမှာ ကိုးကွယ်ပြီး အသင်းတော်အစား သဘာဝတရားကို အစားထိုးခဲ့သူအကြောင်းကို ဖော်ပြ သတိပေးထားခဲ့တယ်။ ရှုပ်ယှက်ခတ်နေသော အသင်းတော်မှာ သမားရိုးကျ ဆုတောင်းတာထက် နေဝင်ချိန် အလှတရားကို ကြည့်ပြီး ဝတ်ပြုကိုးကွယ်ခြင်းက ပိုပြီး ကောင်းမွန်တယ်လို့ ဒီလူရဲ့ ခေတ်ဆန်သော အတွေးအယူအဆကို တွေ့ရနိုင်ပါတယ်။ သူပိုပြီး ကောင်းစွာ ဝတ်ပြုနိုင်ပေမယ့် ဖြစ်နိုင်တာက ဘုရားကို မကိုးကွယ်ဘဲ နေ သို့မဟုတ် နေနှင့် ပတ်သက်ပြီး သူ့စိတ်ခံစားချက်ကို ကိုးကွယ်တာဖြစ်နိုင်တယ်။
ခရစ်ယာန် ဝတ်ပြုကိုးကွယ်ခြင်းက အချိန်နှင့်နေရာ သန့်စင်ခြင်းဖြစ်တယ်။ ကျွန်တော်တို့ ကြည့်ရှုနေထိုင်ပြီး ပေါ့ပေါ့ဆဆဆက်ဆံသော သာမန်ဘဝက ခရစ်ယာန်ကိုးကွယ်ခြင်း အချိန်နာရီထဲမှာ အာရုံစူးစိုက်မှုရှိပြီး ကိုးကွယ်ခြင်းရဲ့ အဆုံးစွန်နှင့် ထာဝရအဓိပ္ပါယ်ကို ကျွန်တော်တို့ မြင်တွေ့မှာဖြစ်တယ်။ ဝတ်ပြုကိုးကွယ်ခြင်းက လောကရဲ့အချိန်နှင့်ပြင်ဟာကို မြှင့်တင်ပေးပြီး သိသာထင်ရှားစေပါတယ်။ ဝတ်ပြုကိုးကွယ်မှုပြင်းထန်သော လောကမှာ ဘယ်သူမှ ဘယ်သူကမှ အချိန်တိုင်းနေဖို့ မဖြစ်နိုင်ပါ။ ဒါပေမယ့် ဝတ်ပြုကိုးကွယ်ခြင်း ခရစ်ယာန်တွေလုပ်သမျှအရာတွေကို ထူးချွန်ထက်မြက်မှု ပေးတယ်။
ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ချက်၊ ယုံကြည်ခြင်း၊ ချီးမွမ်းခြင်း၊ ကောင်းချီးပေးခြင်းနှင့် ကျေးဇူးတရားတို့သည် အသက်တာ၌ ထာဝရခြားနားမှုကိုဖြစ်စေသော မိနစ်အရေအတွက်ဖြင့် ကွဲပြားမှုများကို ပေးစွမ်းကြောင်း ဝတ်ပြုကိုးကွယ်ခြင်းပြုလုပ်ပြီးတယ့် ယုံကြည်သူတွေ သိရှိရပါတယ်။ ဝတ်ပြုကိုးကွယ်နေသော ခရစ်ယာန်များသည် လေထဲတွင် ကျွမ်းဘားသမားနှင့်တူသည်။ အချိန်နှင့် လေဟာနယ်ကို သူမခံစားရတယ်။ သူမ နေရာကို ပြန်လည်ရောက်ရှိသွားသောအခါ အရင်ကမရှိခဲ့ဖူးသော သူမရဲ့ လုပ်ဆောင်မှုနှင့် ခံစားချက်များမှာ ထူးချွန်မှုနှင့် တိကျမှုကို ရရှိမှာ ဖြစ်တယ်။
ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အတွေ့အကြုံတစ်ခုသည် ပြီးဆုံးသွားသောအခါတွင် သင်သည် အခြားသူများနှင့် ဘုရားသခင်နှင့် သက်ဆိုင်ပုံကို ပြောင်းလဲစေခဲ့သည်။
Eugene Petersonရဲ့ ၅ရက်တာ ဆုတောင်းခြင်း အစီအစဉ်ကို သင်နှစ်သက်တယ်ဆိုရင် Eugeneရဲ့ စာအုပ်ကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်း .
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဝိညာဉ်တော်က ဘယ်အရာကို အသုံးချပြီး ခွန်အားပေး သို့မဟုတ် စိတ်ငြိမ်သက်ခြင်းပေးမလဲဆိုတာ သင် ဘယ်တော့မှမသိနိုင်တယ့်အတွက်ကြောင့် ယူဂျင်းပီတာဆန်ရဲ့ ဆုတောင်းခြင်းအစီအစဉ်၅က သင့်ရဲ့ စိတ်နှင့် နှလုံးသားကို ဦးဆောင်သွားဖို့ ကျွန်တော်တို့မျှော်လင့်တယ်။ သင့်ရဲ့ တနေ့တာ ဆုတောင်းခြင်းအစီအစဉ်ထဲမှာ ပြန်လည်သုံးသပ်ခြင်း မေးခွန်းတွေကို ဝတ်ပြုခြင်း အစီအစဉ်အဆုံးမှာ အသုံးချဖို့ သင်ရွေးချယ်နိုင်တယ်။ နိဂုံးမဟုတ်ဘဲ သင့်ကို စောင့်ကြိုနေသောအရာများရဲ့ နိဒါန်း အဖြစ်သတ်မှတ်ပါ။
More