YouVersion လိုဂို
ရှာရန် အိုင်ကွန်

ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်းနမူနာ

Every Step An Arrival

5 ၏ နေ့ 3

စိတ်ဝိညာဉ်၏ကျွမ်းကျင်မှုတစ်ခု

ကျွန်တော်တို့ ရှင်းပြလို့မရနိုင်တယ့်အရာတစ်ခု ဖြစ်လာပြီဆိုရင် နိမိတ်လက္ခဏာလို့ ကျွန်တော်တို့ပြောကြပါတယ်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေအနက် မျက်လှည့်ပညာရှင်တစ်ယောက်လုပ်ပြသည့် ပြကွက်တွေဟာ ကျွန်တော့်အတွက်တော့ နိမိတ်လက္ခဏာလိုထင်ရပေမယ့် မဟုတ်ကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကျမ်းစာအရ နိမိတ်လက္ခဏာဆိုသည်မှာ ကျွန်‌တော်တို့ နားမလည်နိုင်သောအရာမဟုတ်ဘဲ ကျွန်တော်တို့ မလုပ်နိုင်သောအရာကို လုပ်ပေးခဲ့ခြင်းဖြစ်တယ်။ နိမိတ်လက္ခဏာက လက်တွေ့ကျပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်သောအရာကို တခြားလူအားဖြင့် သို့မဟုတ် ဘုရားအားဖြင့် လုပ်ဆောင်ပေးခြင်းဖြစ်တယ်။

သင်နားလည်နိုင်ဖို့ ဖြစ်နိုင်ပါတယ်။ သင်နားလည်ရင်တောင် နိမိတ်လက္ခဏာက ရပ်တန့်သွားမှာမဟုတ်ပါ။ ဆိုလိုတယ့် အဓိပ္ပာယ်ကကျွန်တော်တို့နားလည်မှုထက်ကျော်လွန်တာမဟုတ်ဘဲ ကျွန်တော်တို့ တတ်စွမ်းနိုင်တာထက်ကျော်လွန်တာကိုပြောချင်တာဖြစ်တယ်။ ဒါကြောင့် မနက်ခင်းမှာ လမ်းလျှောက်ရင်း ‌မိုးကုပ်စက်ဝိုင်းမှ နေထွက်လာတာကို ကြည့်ပြီး" အဲ့တာ နိမိတ်လက္ခဏာဖြစ်တယ်"လို့ ပြောလိုက်ပါ။ ‌ဒါကြောင့် သမ္မာကျမ်းစာအရ ကျွန်တော်မှန်ကန်နိုင်ပါတယ်။ မနက်ခင်းတိုင်းဟာ နိမိတ်လက္ခဏာဖြစ်တယ်။

ဒါဆို နေ့ရက်တိုင်း နိမိတ်လက္ခဏာမြင်နိုင်ဖို့ သင့် မျက်လုံးတွေကို ဘယ်မှာ အာရုံစူးစိုက်သလဲ။ ဒုစရိုက်ဖြင့်သာယာနေသောအသံမှ အမြင့်ဆုံးမှာရှိတယ့်ဘုရားသခင်ဘုန်းတော်ကို ချီးမွမ်းသီဆိုနေသော ကောင်းကင်တမန်တို့၏ တေးသံသို့ ပြောင်းလဲအောင် ထို စည်းကမ်းချက်ကို သင်မည်သို့ လက်တွေ့ကျင့်သုံးသနည်း။

သင်ရဲ့ စိတ်အာရုံစူးစိုက်မှု၊ သင့်စိတ်သဘောထား သတိရှိမှု၊ သင့်ရဲ့ စူးစမ်းလေ့လာမှု၊ သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးတို့ကို သင်ပေးပါ၏။ နားထောင်ခြင်းက ဇီဝဗေဒဆိုင်ရာ လုပ်ဆောင်ချက်တခုဘဲ မဟုတ်ပါ; အဲ့တာက ဝိညာဉ်ရေးရာ ကျွမ်းကျင်မှုတစ်ခုဖြစ်တယ်။

နွားတင်းကုပ်ထဲမှာရှိသော ကလေးသူငယ်လေးကြောင့် လမ်းမလွှဲပါနဲ့။ သူက ကလေးငယ်ဖြစ်ပေမယ့် ပရောဖက်မောရှေရဲ့ အမျိုးနွယ်ဖြစ်ပြီး သင့်ကို ယနေ့ စကားပြောနေတာဖြစ်တယ်။ သင့်ဘဝကို အုပ်စိုးစေမယ့်အရာကို သူကပြောနေတာဖြစ်တယ်၊ အသစ်သောအရာထဲကို ဦးဆောင်ရန်ပြောနေတာဖြစ်တယ်၊ ထာဝရဖြစ်တည်မှုကို တုံ့ပြန်စေသောအရာကို ပြောနေတာဖြစ်တယ်။ သင်က ဘုရားရဲ့ ချစ်ခြင်းကို၊ သင့်ကို ဘုရားက လက်ခံကြောင်း၊ သင့် ဘဝမှာ ထာဝရ အဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်ရှိကြောင်း ပြောနေတာဖြစ်တယ်။

ထိုအရာများအားလုံးကို ကြားပြီးပါပြီလို့ သင်ပြောတယ့် အသံ ကျွန်တော်ကြားလိုက်သလိုဘဲ။ မဟုတ်ဘူး၊ ထိုစကားလုံးက တက်တက်ကြွကြွ၊ လွှမ်းမိုးမှုရှိသော လှပသော စကားလုံးဖြစ်တယ်။ ထိုအရာကို သင်ကြားတာနဲ့ ဘယ်တော့မှ ဟောင်းနေသောအရာကို သင်ကြားရမှာ မဟုတ်ပါ။ အရာအားလုံးဟာ အသစ်ဖြစ်နေမှာဖြစ်တယ်။ ထိုအရာက ကြားရတယ့်အချိန်တိုင်းမှာ အသစ်အမြဲဖြစ်နေမှာ ဖြစ်တယ်။

သင့်ဘဝမှာ ဘုရားရဲ့ မျက်မှောက်တော်ထဲက နိမိတ်လက္ခဏာတွေဆီ သင့်နှလုံးသားနဲ့ စိတ်ကို ချိန်ညှိဖို့ အဘယ်အရာကို လုပ်ဆောင်ဖို့လိုပါသလဲ။၊

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Every Step An Arrival

ဝိညာဉ်တော်က ဘယ်အရာကို အသုံးချပြီး ခွန်အားပေး သို့မဟုတ် စိတ်ငြိမ်သက်ခြင်းပေးမလဲဆိုတာ သင် ဘယ်တော့မှမသိနိုင်တယ့်အတွက်ကြောင့် ယူဂျင်းပီတာဆန်ရဲ့ ဆုတောင်းခြင်းအစီအစဉ်၅က သင့်ရဲ့ စိတ်နှင့် နှလုံးသားကို ဦးဆောင်သွားဖို့ ကျွန်တော်တို့မျှော်လင့်တယ်။ သင့်ရဲ့ ‌တနေ့တာ ဆုတောင်းခြင်းအစီအစဉ်ထဲမှာ ပြန်လည်သုံးသပ်ခြင်း မေးခွန်းတွေကို ဝတ်ပြုခြင်း အစီအစဉ်အဆုံးမှာ အသုံးချဖို့ သင်ရွေးချယ်နိုင်တယ်။ နိဂုံးမဟုတ်ဘဲ သင့်ကို စောင့်ကြိုနေသောအရာများရဲ့ နိဒါန်း အဖြစ်သတ်မှတ်ပါ။

More

ဒီအစီအစဉ်ကို ထောက်ပံ့ပေးသော WaterBrook Multnomahကို ‌ကျေးဇူးတင်ပါတယ်။ ပိုမိုသိရှိလိုပါက https://waterbrookmultnomah.com/books/540871/every-step-an-arrival-by-eugene-h-peterson/ သို့ဝင်ရောက်လေ့လာနိုင်ပါတယ်။