YouVersion လိုဂို
ရှာရန် အိုင်ကွန်

ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်းနမူနာ

Every Step An Arrival

5 ၏ နေ့ 4

မြင်တွေ့နိုင်သော အသင်းတော်

ရှောလမုန်မင်းကြီးက ဘိမာန်တော်အသစ်ရှေ့တွင် မတ်တပ်ရပ်လျှက် ကျွန်ုပ်တို့အားလုံးသည် တစ်ချိန်မဟုတ် တစ်ချိန်တွင် ပြုလုပ်ကြတယ့်မေးခွန်းကို ရှောလမုန်မင်းကြီးမေးသည်– “ဘုရားသခင်သည် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်သို့ အမှန်တကယ် ပြောင်းရွှေ့လာမည်လော။"( ဓမ္မရာဇဝင်ပထမစာစောင် ၈:၂၇)

ရှောလမုန်သည် ဤသံသယစိတ်ကြောင့် ချေမှုန်းခံရပေမယ့် မည်သို့ပင်ဖြစ်စေ ဆုတောင်းနေပါတယ်။ ဘုရားသခင်က သူ့လူတွေ ဗိမာန်တော်သို့ လာရောက် ဆုတောင်းတယ့်အခါ ဆုတောင်းသံများ နားညောင်းဖို့၊ လူတွေလိုအပ်သော အရာတွေကို နေ့ည မပြတ် မစတော်မူရန်နှင့် သူတို့၏ အပြစ်များကို ကြားလျက် ခွင့်လွှတ်ပေးရန် ရှောလမုန်က ဆုတောင်းတယ်။

ရှောလမုန်မှ ကျွန်တော်တို့ထံသို့ သံသယစိတ်မျိုးစုံ ထပ်ခါတလဲလဲ ဖြစ်လာခဲ့တယ်။ ရှောလမုန်သကဲ့သို့ ကျွန်တော်တို့လည်း ရှေ့ဆက်ပြီး ဆုတောင်း‌ကြပါတယ်။ ဆုတောင်းရာအိမ်တော်တွင် မြေကြီးပေါ်၌ကျိန်းဝပ်နေသော ဘုရားအား ကန့်ကွက်ခြင်း၊ ဝတ်ပြုရာနေရာ၌ ဘုရားသခင်တွေ့ဆုံခြင်းကိုကန့်ကွက်ခြင်း စသည့် ဘုံသဘောကန့်ကွက်ခြင်းတို့က အတွေ့အကြုံနှင့် ယုံကြည်ခြင်း၏သက်သေအထောက်အထားများကြောင့် မရှင်သန်နိုင်ခဲ့ပါ။ ဒါကြောင့် သာမန် အသိတရားက လက်တွေ့ဘဝကို စမ်းသပ်ဖို့ အားကိုးဖို့ခက်တယ့် စမ်းသပ်ခြင်းဖြစ်တယ်။ "ဖြစ်ပါ့မလား"ဆိုသော သံသယရှိသော မေးခွန်းကို " လုံးဝဖြစ်နိုင်တယ်"လို့ လေးနက်သော အကြောင်းပြချက်၊ ကျယ်ပြန့်သော အတွေ့အကြုံနှင့် လက်တွေ့ကျသော ယုံကြည်ခြင်းက ဖြေဆိုလိုက်ပါတယ်။

ဤကျမ်းပိုဒ်ရဲ့ ရှောလမုန်ဆုတောင်းချက်မှ မမြင်နိုင်သော အရာများကို မြင်နိုင်သော ‌ပြွန်လမ်းကြောင်း နယ်ပယ်၃ခုကို မြင်နိုင်ပြီး ထို နေရာများမှာ ယနေ့ ကျွန်တော်တို့ ပါဝင်ပတ်သက်နေပါတယ်။ ပထမဦးစွာ သမိုင်းအကြောင်းနှင့်စတင်ရမှာ ဖြစ်တယ်။ ရှောလမုန်က အတိတ်မှာ ဘုရားနဲ့ ထိတွေ့ခဲ့တယ့် အမှတ်တရများကို ချပြထားပါတယ်။ မှတ်ဉာဏ်မကောင်းခြင်းဟာ ကျွန်တော်တို့ ဆုတောင်းခြင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။

ဒုတိယက ခွင့်လွှတ်ခြင်းဖြစ်တယ်။ များသောအားဖြင့် ကျွန်တော်တို့ ဆုတောင်းတယ့်အခါ ဘုရားကို ကျွန်တော်တို့ဘက်မှာ ပြုလုပ်ပေးရန် ချဉ်းကပ်ဆုတောင်းကြပါတယ်။ ဒါပေမယ့် မြင်နိုင်သော အသင်းတော်က ထိုအရာကို ထောက်ပြမှာဖြစ်တယ်။ ခွင့်လွှတ်ခြင်းက ဆုတောင်းခြင်းမှာ နောက်သို့ ပြန်လှည့်သည့် ဆုံမှတ်ဖြစ်တယ်၊ မိမိသွားလိုရာလမ်းမှ ဘုရားသခင် အလို‌တော် ပြုလုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဘဝကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံသည့် ပြောင်းလဲခြင်းဆုံမှတ်ဖြစ်တယ်။

တတိယအချက်ကတော့ တိုင်းတပါးလူမျိုး တခြားဝေါဟာရအနေနဲ့"သူစိမ်း"လို့ ရှောလမုန်က ဖော်ပြထားပါတယ်။ ကျွန်တော်တို့ ဦးစားပေး အလေးထားသည့်အရာက ကျွန်တော်တို့ နီးစပ်ရာ အသိမှတ်ဆွေ၊ မိသားစုနှင့် မိမိကိုယ်ကို ဖြစ်နေပါက လောကနဲ့ မိဿဟာရဖွဲ့ဖို့ ရှာဖွေနေတယ့် ခရစ်တော်နှင့် ကျယ်ပြန့်သော ခရစ်တော် အသင်းတော်ကို ကျွန်တော်တို့ အာရုံမစိုက်နိုင် ဆုံးရှုံးသွားမှာဖြစ်တယ်။

ရှောလမုန်ရဲ့ ဆုတောင်းခြင်းနှင့် ပတ်သက်သည့် သင်ခန်းစာ၃ခုကို စကားလုံး ၃ခုဖြင့် အကျဉ်းချုံ့နိုင်သည်:သမိုင်း(အတိတ်မှာ ဘုရားပြုခဲ့သောအမှု)၊ခွင့်လွှတ်ခြင်း (ဘုရားအလိုတော်ဆီသို့ ဦးတည်ခြင်း)နှင့်တခြားအရာများ(သို့မဟုတ် သူစိမ်းများ)ဖြစ်တယ်။ ယခု သင့်ကို သီးသန့်ပြောဆိုနေသောအရာကို နှုတ်ကပတ်တော် အလင်း‌ထဲမှာ ဆုတောင်းပါ။

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Every Step An Arrival

ဝိညာဉ်တော်က ဘယ်အရာကို အသုံးချပြီး ခွန်အားပေး သို့မဟုတ် စိတ်ငြိမ်သက်ခြင်းပေးမလဲဆိုတာ သင် ဘယ်တော့မှမသိနိုင်တယ့်အတွက်ကြောင့် ယူဂျင်းပီတာဆန်ရဲ့ ဆုတောင်းခြင်းအစီအစဉ်၅က သင့်ရဲ့ စိတ်နှင့် နှလုံးသားကို ဦးဆောင်သွားဖို့ ကျွန်တော်တို့မျှော်လင့်တယ်။ သင့်ရဲ့ ‌တနေ့တာ ဆုတောင်းခြင်းအစီအစဉ်ထဲမှာ ပြန်လည်သုံးသပ်ခြင်း မေးခွန်းတွေကို ဝတ်ပြုခြင်း အစီအစဉ်အဆုံးမှာ အသုံးချဖို့ သင်ရွေးချယ်နိုင်တယ်။ နိဂုံးမဟုတ်ဘဲ သင့်ကို စောင့်ကြိုနေသောအရာများရဲ့ နိဒါန်း အဖြစ်သတ်မှတ်ပါ။

More

ဒီအစီအစဉ်ကို ထောက်ပံ့ပေးသော WaterBrook Multnomahကို ‌ကျေးဇူးတင်ပါတယ်။ ပိုမိုသိရှိလိုပါက https://waterbrookmultnomah.com/books/540871/every-step-an-arrival-by-eugene-h-peterson/ သို့ဝင်ရောက်လေ့လာနိုင်ပါတယ်။