ယေရမိ 19
19
အိုးကွဲ
1ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက်ကြီးသောလူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့တို့နှင့်တကွ၊ 2ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကားဟူမူကား၊#၄ ရာ၊ ၂၃:၁၀။ ယေ၊ ၇:၃၀-၃၂။ ၃၂:၃၄-၃၅။ 3အို ယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သားများတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။ 4အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တစ်ကျွန်းတစ်နိုင်ငံ ဘုရားတို့ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တစ်ကျွန်းတစ်နိုင်ငံမြေ ဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။ 5ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသောဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာဝတ်ပြုခြင်းငှာ၊ ဗာလဘုရားဖို့ ကုန်းတို့ကို တည်လုပ်ကြပြီ။#ဝတ်၊ ၁၈:၂၁။ 6သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍ မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍ မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည်ရောက်လိမ့်မည်။ 7ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည်သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ဓားဖြင့်လည်းကောင်း၊ သတ်ခြင်းငှာ ရှာသောသူ၏ လက်ဖြင့်လည်းကောင်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင်များကိုလည်း မိုးကောင်းကင်ငှက်နှင့် တောသားရဲစားစရာဖို့ ငါထားမည်။ 8ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ် ဖြစ်စေမည်။ လမ်း၌ လျှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သောအခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။ 9သတ်ခြင်းငှာ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက်နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်းချင်းတစ်ယောက်အသားကို တစ်ယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊ 10သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူးကိုခွဲလော့။ 11ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက၊ နောက်တစ်ဖန် မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ သင်္ဂြိုဟ်ရာမြေမလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။ 12ဤအရပ်၌လည်းကောင်း၊ ဤအရပ်သားတို့၌လည်းကောင်း၊ ဤသို့ငါပြု၍ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည်။ 13အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာရှိသမျှတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတစ်ပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာ ပူဇော်သကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့အိမ်များ၊ ယုဒရှင်ဘုရင်၏ နန်းတော်များတို့သည် တောဖက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
14ထိုအခါ ဟောပြောစေခြင်းငှာ၊ ထာဝရဘုရားစေလွှတ်တော်မူရာ တောဖက်အရပ်က၊ ယေရမိသည် ပြန်လာ၍ ဗိမာန်တော်တံတိုင်း၌ ရပ်လျက်၊ 15ဣသရေ လအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှာ၊ မိမိတို့လည်ပင်းကို ခိုင်မာစေသောကြောင့်၊ ငါခြိမ်းသမျှသောဘေးဒဏ်တို့ကို၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသောအမိန့်တော်ကို လူအပေါင်းတို့အား ဆင့်ဆိုလေ၏။
Currently Selected:
ယေရမိ 19: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.