YouVersion Logo
Search Icon

ယေရမိ 19

19
အိုး​ကွဲ
1ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အိုး​ထိန်း​သ​မား​ထံ​သို့ သွား၍ ရေ​ဘူး​ကို​ယူ​ပြီး​လျှင်၊ အ​သက်​ကြီး​သော​လူ၊ အ​သက်​ကြီး​သော ယဇ်​ပု​ရော​ဟိတ် အ​ချို့​တို့​နှင့်​တ​ကွ၊ 2ဟ​ရ​သိတ်​တံ​ခါး​ပြင်၊ ဟိ​န္နုံ​သား၏ ချိုင့်​သို့​သွား၍၊ ငါ​မိန့်​တော်​မူ​သည်​အ​တိုင်း ကြွေး​ကြော်​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊#၄ ရာ၊ ၂၃:၁၀။ ယေ၊ ၇:၃၀-၃၂။ ၃၂:၃၄-၃၅။ 3အို ယု​ဒ​ရှင်​ဘု​ရင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သ​တင်း​ကြား​သော​သူ​တိုင်း နား​ခါး​သည်​တိုင်​အောင်၊ ငါ​သည် ဤ​အ​ရပ်၌ ဘေး​ရောက်​စေ​မည်။ 4အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ပစ်​ကြ​ပြီ။ ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​များ​မ​သိ၊ ယု​ဒ​ရှင်​ဘု​ရင်​များ မ​သိ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ ဘု​ရား​တို့​ရှေ့​မှာ၊ ဤ​အ​ရပ်၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​သ​ဖြင့်၊ ဤ​အ​ရပ်​ကို တစ်​ကျွန်း​တစ်​နိုင်​ငံ​မြေ ဖြစ်​စေ​ကြ​ပြီ။ အ​ပြစ်​မ​ရှိ​သော သူ​တို့၏​အ​သွေး​နှင့် ဤ​အ​ရပ်​ကို ပြည့်​စေ​ကြ​ပြီ။ 5ငါ​မ​စီ​ရင်​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​သော​ဝတ်​တည်း​ဟူ​သော၊ ဗာ​လ​ဘု​ရား​ရှေ့​မှာ မိ​မိ​သား​တို့​ကို မီး​ရှို့၍၊ ပူ​ဇော်​ရာ​ဝတ်​ပြု​ခြင်း​ငှာ၊ ဗာ​လ​ဘု​ရား​ဖို့ ကုန်း​တို့​ကို တည်​လုပ်​ကြ​ပြီ။#ဝတ်၊ ၁၈:၂၁။ 6သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​ရပ်​ကို တောဖက်​အ​ရပ်​ဟူ၍ မ​ခေါ်၊ ဟိ​န္နုံ​သား၏ ချိုင့်​ဟူ၍ မ​ခေါ်၊ ကွပ်​မျက်​ရာ ချိုင့်​ဟူ၍​ခေါ်​ရ​သော အ​ချိန်​ကာ​လ​သည်​ရောက်​လိမ့်​မည်။ 7ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့ ကြံ​စည်​သော အ​ကြံ​အ​စည်​ကို ဤ​အ​ရပ်၌ ငါ​ဖျက်​မည်။ ရန်​သူ၏ ဓား​ဖြင့်​လည်း​ကောင်း၊ သတ်​ခြင်း​ငှာ ရှာ​သော​သူ၏ လက်​ဖြင့်​လည်း​ကောင်း၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်။ သူ​တို့​အ​သေ​ကောင်​များ​ကို​လည်း မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​စား​စ​ရာ​ဖို့ ငါ​ထား​မည်။ 8ဤ​မြို့​ကို​လည်း လူ​ဆိတ်​ညံ​ရာ၊ ကဲ့​ရဲ့​သံ​ကို ကြား​ရာ​အ​ရပ် ဖြစ်​စေ​မည်။ လမ်း၌ လျှောက်​သွား​သ​မျှ​သော သူ​တို့​သည် ဤ​မြို့​ခံ​ရ​သော ဘေး​အ​လုံး​စုံ​တို့​ကို မြင်​သော​အ​ခါ၊ အံ့​ဩ၍ ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။ 9သတ်​ခြင်း​ငှာ ရှာ​ကြံ​သော​ရန်​သူ​များ​တို့​သည် ဝိုင်း၍ တပ်​တည်​သ​ဖြင့်၊ ဤ​သူ​တို့​သည် ကျဉ်း​ကျပ်​လျက်​နေ၍၊ ကိုယ်​သား​သ​မီး အ​သား​ကို ငါ​စား​စေ​မည်။ အ​ချင်း​ချင်း​တစ်​ယောက်​အ​သား​ကို တစ်​ယောက်​စား​ကြ​လိမ့်​မည်​ဟု မြွက်​ဆို​ပြီး​မှ၊ 10သင်​နှင့်​အ​တူ သွား​သော​သူ​တို့​ရှေ့​တွင်၊ ရေ​ဘူး​ကို​ခွဲ​လော့။ 11ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ နောက်​တစ်​ဖန် မ​ပြင်​နိုင်​အောင် ရေ​ဘူး​ကို ခွဲ​သ​ကဲ့​သို့၊ ဤ​လူ​များ​နေ​သော ဤ​မြို့​ကို ငါ​ခွဲ​မည်။ တောဖက်​အ​ရပ်၌ သင်္ဂြိုဟ်​ရာ​မြေ​မ​လောက်​အောင် သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ 12ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း၊ ဤ​သို့​ငါ​ပြု၍ ဤ​မြို့​ကို တော​ဖက်​အ​ရပ်​ကဲ့​သို့ ဖြစ်​စေ​မည်။ 13အ​ကြင်​အိမ်​မိုး​အ​ပေါ်​မှာ ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​များ​ရှေ့၌ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု၏။ ထို​အိမ်​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​များ​တို့​သည် တော​ဖက်​အ​ရပ်​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။
14ထို​အ​ခါ ဟော​ပြော​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ရာ တော​ဖက်​အ​ရပ်​က၊ ယေ​ရ​မိ​သည် ပြန်​လာ၍ ဗိ​မာန်​တော်​တံ​တိုင်း၌ ရပ်​လျက်၊ 15ဣ​သ​ရေ လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​သား​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ခြင်း​ငှာ၊ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​ကြောင့်၊ ငါ​ခြိမ်း​သ​မျှ​သော​ဘေး​ဒဏ်​တို့​ကို၊ ဤ​မြို့​ရွာ​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ သက်​ရောက်​စေ​မည်​ဟူ​သော​အ​မိန့်​တော်​ကို လူ​အ​ပေါင်း​တို့​အား ဆင့်​ဆို​လေ၏။

Currently Selected:

ယေရမိ 19: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in