YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 53

53
1ငါ​တို့​ဟောပြော​သော​သတင်းစကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း​။ ထာဝရဘုရား​၏​လက်ရုံး​တော်​သည် မည်သူ့​ထံ ဖော်ပြ​ခြင်း​ခံရ​ပါ​သနည်း​။#ယော 12:38၊ ရော 10:16။ 2အကြောင်းမှာ သူ​သည် နုနယ်​သော​အပင်​ကဲ့သို့​၊ ခြောက်သွေ့​သော​မြေ​မှ အမြစ်​ကဲ့သို့ ကိုယ်တော်​၏​ရှေ့​တော်​၌ ရှင်သန်​၏​။ သူ​သည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်​မ​ရှိ​။ ခန့်ညားထည်ဝါမှု​လည်း​မ​ရှိ​။ နှစ်သက်ဖွယ် ရုပ်ရည်​လည်း​မ​ရှိ​။ 3သူ​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​၏​။ လူ​တို့​၏​ငြင်းပယ်#53:3 သို့မဟုတ် “စွန့်ပယ်”။​ခြင်း​ကို​ခံရ​၏​။ ဒုက္ခဝေဒနာ​ခံရ​သော​သူ​၊ နာကျင်​ခြင်း​ဝေဒနာ​နှင့် မိတ်ဖွဲ့​ရ#53:3 သို့မဟုတ် “သိကျွမ်း”။​သူ​ဖြစ်​၏​။ မျက်နှာ​လွှဲ​ခြင်း​ဖြင့် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​တို့​သည်​လည်း သူ့​ကို​အလေး​မ​ထား​ကြ​။ 4အကယ်စင်စစ် သူ​သည် ငါ​တို့​၏​အနာရောဂါ​များ​ကို ယူဆောင်​သွား​၏​။ ငါ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ထမ်းသွား​၏​။#မ 8:17။ ငါ​တို့​မူကား သူ့​အား ဘုရားသခင်​၏​ဒဏ်ခတ်​ခြင်း​ကို​ခံရ​သော​သူ​၊ ရိုက်နှက်​ခြင်း​ကို​ခံရ​သော​သူ​၊ နှိပ်စက်​ခြင်း​ကို​ခံရ​သော​သူ​ဟု ထင်မှတ်​ကြ​၏​။ 5သူ​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​အတွက် ထိုးဖောက်​ခြင်း​ခံရ​၏​။ ငါ​တို့​၏​ဒုစရိုက်​များ​အတွက် ချိုးဖဲ့ခြေမွှ​ခြင်း​ခံရ​၏​။ ငါ​တို့​အတွက် ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်စေ​သော ဆုံးမ​ခြင်း​သည် သူ့​အပေါ်​ကျရောက်​၍ သူ​ခံရ​သော​ဒဏ်ရာဒဏ်ချက်​အားဖြင့် ငါ​တို့​သည် အနာပျောက်ကင်း​လျက်​ရှိ​ကြ​၏​။#၁ပေ 2:24။ 6ငါ​တို့​ရှိသမျှ​သည် လမ်းလွဲ​သော​သိုး​ကဲ့သို့ ကိုယ့်​လမ်း​သို့ အသီးသီး​လိုက်သွား​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​သည် ငါ​တို့​၏​အပြစ်​ရှိသမျှ​ကို သူ့​အပေါ်​ကျရောက်​စေ​တော်မူ​၏​။ 7သူ​သည် ညှဉ်းဆဲ​နှိပ်စက်​ခြင်း​ခံရ​သော်လည်း နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏​။ အသတ်​ခံရ​မည့်​နေရာ​သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သိုးသငယ်​ကဲ့သို့​၊ အမွေးညှပ်​သော​သူ​ရှေ့​၌ တိတ်ဆိတ်​စွာ​နေ​သော​သိုး​ကဲ့သို့ နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏​။ 8သူ​သည် ဖိနှိပ်​ခြင်း​ခံရ​၏​။ စီရင်ခြင်း​လည်း​ခံရ​၏​။ သူ့​ကို​ခေါ်ဆောင်​သွား​ကြ​၏​။ သူ​သည် သက်ရှိ​ကမ္ဘာမြေ​မှ​ဖယ်ထုတ်​ခြင်း​ခံရ​ကြောင်း​၊ ငါ့​လူမျိုး​တော်​တို့ ကျူးလွန်​သော​အပြစ်​ကြောင့် ရိုက်နှက်​ခြင်း​ခံရ​ကြောင်း​ကို သူ​၏​မျိုးဆက်​မှ မည်သူ​သည် ဆင်ခြင်အောက်မေ့​မည်နည်း​။ 9သူ​သည် ရက်စက်ကြမ်းကြုတ်မှု​ကို​မ​ပြု​။ သူ​၏​နှုတ်​၌ လိမ်လည်လှည့်ဖြား​ခြင်း​မ​ရှိ#၁ပေ 2:22။​သော်လည်း သူ့​ကို ဆိုးယုတ်​သော​သူ​တို့​နှင့်အတူ​မြှုပ်နှံ​ရန် စီရင်​ကြ​၏​။ သူ​သေ​သောအခါ ချမ်းသာ​သော​သူ​၌​ရှိ​၏​။ 10ထာဝရဘုရား​သည် သူ့​ကို​ချိုးဖဲ့ခြေမွှ​ရန် အလို​တော်​ရှိ​၏​။ သူ့​ကို​နာကျင်​စေ#53:10 သို့မဟုတ် “သူ့ကိုနာမကျန်းဖြစ်စေ”။​တော်မူ​၏​။ သူ​၏​စိတ်ဝိညာဉ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ကို ပူဇော်​ပြီးလျှင် သူ​သည် သားစဉ်မြေးဆက်​ကို​မြင်​ရ​မည်​။ သူ​၏​နေ့ရက်​တို့​သည် ရှည်​၍ ထာဝရဘုရား​၏​အလို​တော်​သည် သူ​၏​လက်​၌ ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​။ 11သူ​သည် မိမိ​စိတ်ဝိညာဉ်​ခံစား​ရ​သော ဒုက္ခဝေဒနာ​၏​အကျိုး​ကို​မြင်​၍ အားရကျေနပ်​မည်​။ ဖြောင့်မတ်​သော​ငါ​၏​အစေအပါး​သည် သူ​၏​အသိပညာ​အားဖြင့် လူ​များစွာ​တို့​ကို ဖြောင့်မတ်​သော​သူ​ဖြစ်စေ​မည်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ထမ်းသွား​မည်​။ 12သူ​သည် အသက်​စွန့်​၍ အသေခံ​ခဲ့​၏​။ အပြစ်ကျူးလွန်​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏​။ သူ​သည် လူ​များစွာ​တို့​၏​အပြစ်​ကို​ထမ်းသွား​၍ အပြစ်ကျူးလွန်​သော​သူ​တို့​အတွက် ကြားဝင်စေ့စပ်​ပေး​၏​။ ထို့ကြောင့် ငါ​သည် သူ့​အား ကြီးမြတ်​သော​သူ​တို့​နှင့်အတူ ဝေစု​တစ်​စု​ခွဲဝေ​ပေး​မည်​။ သူ​သည် အားကြီး​သော​သူ​တို့​နှင့်အတူ လုယက်ပစ္စည်း​ကို ခွဲဝေ​မည်​။#မာ 15:28၊ လု 22:37။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in