YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 52

52
1အို ဇိအုန်​မြို့​၊ နိုး​လော့​။ နိုး​လော့​။ သင့်​ခွန်အား​ကို ဝတ်ဆင်​လော့​။ အို သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​၊ သင်​၏​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​လော့​။ အကြောင်းမူကား အရေဖျားမလှီး​သော​သူ​၊ ညစ်ညူး​သော​သူ​တို့​သည် သင့်​အထဲ​သို့ နောက်တစ်ဖန်​ဝင်​ရ​ကြ​မည်​မ​ဟုတ်​။ 2အို ဂျေရုဆလင်​မြို့​၊ မြေမှုန့်​ကို​ခါချ​၍ ထ​လော့​။ အို ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဇိအုန်​သမီးပျို​၊ သင့်​လည်ပင်း​မှ​ကြိုး​ကို​ဖြေ​လော့​။ 3ထာဝရဘုရား​က “​သင်​တို့​သည် အဖိုးမဲ့​ရောင်းစား​ခံရ​သည်​ဖြစ်၍ ငွေ​မ​ပေး​ရ​ဘဲ ရွေးနုတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 4ဘုရားရှင်​ထာဝရဘုရား​က “​ငါ​၏​လူမျိုး​တော်​သည် ယခင်က အီဂျစ်​ပြည်​တွင်​နေထိုင်​ရန် ဆင်းသွား​ကြ​၏​။ အဆီးရီးယား​လူမျိုး​တို့​သည် သူ​တို့​ကို အကြောင်းမဲ့ နှိပ်စက်​ကြ​၏​။ 5ယခု ငါ​ဘာ​ပြု​ရ​မည်နည်း​။ ငါ့​လူမျိုး​တော်​ကို အကြောင်းမဲ့ ခေါ်ဆောင်​သွား​ကြ​ပြီ​။ သူ​တို့​ကို​အုပ်စိုး​သော​သူ​တို့​သည် ဟစ်ကြွေး​ကြ​၏​။ ငါ့​နာမ​ကို တစ်နေ့လုံး မထီလေးစား​ပြု​ကြ​၏​။ 6ငါ​၏​လူမျိုး​တော်​သည် ငါ့​နာမ​ကို​သိ​ကြ​ရ​မည်​။ ‘​ကြည့်ရှု​လော့​။ ငါ​သည် ထို​အရှင်​ဖြစ်​၏​’​ဟု မိန့်​တော်မူ​သော​သူ​သည် ငါ​ပင်​ဖြစ်ကြောင်း​ကို ထို​နေ့ရက်​၌ သိ​ကြ​ရ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 7ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ငြိမ်းချမ်း​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ကယ်တင်​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ “​သင်​၏​ဘုရားသခင်​သည် စိုးစံ​တော်မူ​၏​”​ဟု ဇိအုန်​မြို့​အား​ပြော​သော​သူ​၏​ခြေ​သည် တောင်​ပေါ်တွင် အလွန်​တင့်တယ်​စွ​ပါ​တကား​။#ရော 10:15။ 8သင်​၏​ကင်းစောင့်​တို့​အသံ​ပါတကား​။ သူ​တို့​သည် အသံ​လွှင့်​၍ အတူတကွ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​၏​။ အကြောင်းမူကား သူ​တို့​သည် ဇိအုန်​မြို့​သို့​ထာဝရဘုရား​ပြန်လာ​တော်မူ​သည်​ကို မျက်ဝါးထင်ထင် မြင်​ကြ​ရ​သောကြောင့်​တည်း​။ 9ဂျေရုဆလင်​မြို့​၏​ပြိုပျက်​ရာ​အရပ်​တို့​၊ ဝမ်းမြောက်​စွာ​ဟစ်ကြော်​ကြ​လော့​။ အတူတကွ သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို​နှစ်သိမ့်​တော်မူ​ပြီ​။ ဂျေရုဆလင်​မြို့​ကို ရွေးနုတ်​တော်မူ​ပြီ​။ 10ထာဝရဘုရား​သည် လူမျိုး​တကာ​တို့​၏​မျက်မှောက်​၌ မိမိ​၏​သန့်ရှင်း​သော​လက်ရုံး​တော်​ကို​ပြ​တော်မူ​သဖြင့် မြေကြီး​စွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်​။ 11ထွက်သွား​ကြ​။ ထွက်သွား​ကြ​။ ထို​အရပ်​မှ ထွက်ခွာ​သွား​ကြ​။ မစင်ကြယ်​သော​အရာ​ကို မ​ထိ​ကြ​နှင့်​။ ထို​အရပ်​မှ ထွက်ခွာ​သွား​ကြ​လော့​။ ထာဝရဘုရား​၏​တဲ​တော်​တန်ဆာပလာ​များ​ကို ထမ်း​သော​သူ​တို့​၊ သန့်ရှင်းစင်ကြယ်​ခြင်း​ရှိ​ကြ​လော့​။#၂ကော 6:17။ 12သင်​တို့​သည် အလျင်စလို​မ​ထွက်သွား​ရ​ကြ​။ ပြေး​၍​လည်း​မ​သွား​ရ​ကြ​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ရှေ့​၌​ကြွ​တော်မူ​မည်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် အနောက်​မှ​လည်း သင်​တို့​ကို ကာကွယ်​တော်မူ​မည်​။
အစေခံတစ်ဦး၏ဝေဒနာခံရခြင်းနှင့် ချီးမြှောက်ခံရခြင်း
13ကြည့်ရှု​လော့​။ ငါ့​အစေအပါး​သည် ပညာသတိ​ရှိ​စွာ​လုပ်ဆောင်#52:13 သို့မဟုတ် “အောင်မြင်မှုရရှိ”။​မည်​။ သူ​သည် ချီးမြှင့်​မြှောက်စား​ခြင်း​ခံရ​၍ အထွတ်အမြတ်​ဖြစ်​မည်​။ 14သူ​၏​ရုပ်ရည်​သည် လူ​မ​ဟုတ်​သကဲ့သို့​၊ သူ​၏​ရုပ်ဆင်းသဏ္ဌာန်​သည် လူသား​မ​ဟုတ်​သကဲ့သို့ ရုပ်ပျက်ဆင်းပျက်​ဖြစ်​သဖြင့် လူ​များစွာ​တို့​သည် သူ့​ကို​အလွန်​အံ့အားသင့်​ကြ​၏​။ 15သူ​သည် လူမျိုး​များစွာ​တို့​ကို သန့်ရှင်း​စေ#52:15 တိုက်ရိုက်ပြန်ဆိုလျှင် “ပက်ဖျန်း”။​မည်​။ ရှင်ဘုရင်​တို့​သည် သူ့​ကြောင့် နှုတ်​ပိတ်​လျက်​နေ​မည်​။ အကြောင်းမူကား သူ​တို့​အား မ​ပြောပြ​ဖူး​သော​အရာ​ကို သူ​တို့​သိမြင်​ကြ​လိမ့်မည်​။ သူ​တို့​မ​ကြား​ဖူး​သော​အရာ​ကို​လည်း သူ​တို့​နားလည်​ကြ​လိမ့်မည်​။#ရော 15:21။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 52