YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 51

51
ဇိအုန်မြို့ကို ကယ်တင်ခြင်း
1ဖြောင့်မတ်​ခြင်း​နောက်​သို့​လိုက်​၍ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ သင်​တို့​ကို ခုတ်ဖြတ်ယူ​ရာ​ကျောက်ဆောင်​၊ သင်​တို့​ကို တူးယူ​ရာ​မိုင်းတွင်း​ကို ကြည့်​ကြ​လော့​။ 2သင်​တို့​အဖ အာဗြဟံ​၊ သင်​တို့​ကို​မွေးဖွား​သော​စာရာ​ကို ကြည့်​ကြ​လော့​။ ငါ​ခေါ်​စဉ်က အာဗြဟံ​တစ်ဦးတည်း​ရှိ​၏​။ ငါ​သည် သူ့​ကို ကောင်းချီးပေး​၍ များပြား​စေ​၏​။ 3အကယ်စင်စစ် ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​ပြိုပျက်​ရာ​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​တောကန္တာရ​အရပ်​ကို ဧဒင်​အရပ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၏​သဲကန္တာရ​ကို ထာဝရဘုရား​၏​ဥယျာဉ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၌ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ သီချင်းသီဆို​ခြင်း​ရှိ​မည်​။ 4ငါ​၏​လူ​တို့​၊ ငါ့​စကား​ကို​အာရုံစိုက်​နားထောင်​ကြ​လော့​။ ငါ​၏​လူမျိုး​တို့​၊ ငါ့​စကား​ကို​စူးစိုက်​နားထောင်​ကြ​လော့​။ ပညတ်တရား#51:4 သို့မဟုတ် “သွန်သင်ချက်”။​သည် ငါ့​ထံ​မှ​ထွက်ပေါ်​လာ​မည်​။ ငါ​၏​တရားမျှတမှု​ကို လူ​တို့​အတွက်​အလင်း​ဖြစ်​စေ​မည်​။ 5ငါ​၏​ဖြောင့်မတ်​ခြင်း​သည် အနီး​တွင်​ရှိ​၏​။ ငါ​၏​ကယ်တင်​ခြင်း​သည် ထွက်လာ​ပြီ​။ ငါ့​လက်ရုံး​သည် လူမျိုး​တို့​ကို​တရားစီရင်​မည်​။ ကမ်းရိုးတန်းဒေသ​တို့​သည် ငါ့​ကို​စောင့်မျှော်​၍ ငါ့​လက်ရုံး​ကို မျှော်လင့်ကိုးစား​ကြ​လိမ့်မည်​။ 6မိုးကောင်းကင်​ကို မျှော်ကြည့်​ကြ​လော့​။ အောက်​အရပ်​ကမ္ဘာမြေကြီး​ကို​လည်း ကြည့်​ကြ​လော့​။ မိုးကောင်းကင်​သည် မီးခိုး​ကဲ့သို့​ကွယ်ပျောက်​သွား​မည်​။ ကမ္ဘာမြေကြီး​သည်​လည်း အဝတ်​ကဲ့သို့​ဟောင်းနွမ်း​သွား​မည်​။ မြေကြီးသား​တို့​သည်​လည်း မှက်ကောင်​ကဲ့သို့ သေဆုံး​ကြ​မည်​။ သို့သော် ငါ​၏​ကယ်တင်​ခြင်း​သည် အစဉ်အမြဲ​တည်​မည်​။ ငါ​၏​ဖြောင့်မတ်​ခြင်း​သည် ပျောက်ပျက်​မည်​မ​ဟုတ်​။ 7ဖြောင့်မတ်​ခြင်း​ကို​သိ​၍ ငါ​၏​ပညတ်တရား#51:7 သို့မဟုတ် “သွန်သင်ချက်”။​ကို နှလုံး​သွင်း​သော​သူ​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ လူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မ​ကြောက်​ကြ​နှင့်​။ သူ​တို့​၏​ကဲ့ရဲ့စော်ကား​ခြင်း​ကို မ​လန့်​ကြ​နှင့်​။ 8အကြောင်းမူကား ပိုးကောင်​တို့​သည် အဝတ်​ကို​ကိုက်စား​သကဲ့သို့ ထို​သူ​တို့​ကို ကိုက်စား​မည်​။ ပိုးရွ​တို့​သည် သိုးမွေး​ကို​ကိုက်စား​သကဲ့သို့ ထို​သူ​တို့​ကို ကိုက်စား​မည်​။ ငါ​၏​ဖြောင့်မတ်​ခြင်း​မူကား အစဉ်အမြဲ​တည်​မည်​။ ငါ​၏​ကယ်တင်​ခြင်း​သည် မျိုးဆက်အဆက်ဆက် တည်​မည်​။ 9အို ထာဝရဘုရား​၏​လက်ရုံး​တော်​၊ နိုးထ​တော်မူ​ပါ​။ နိုးထ​တော်မူ​ပါ​။ ခွန်အား​ကို​ဆင်ယင်​တော်မူ​ပါ​။ ရှေးကာလ​နေ့ရက်​များ​က​ကဲ့သို့​၊ ရှေးလွန်လေ​ပြီး​သော​မျိုးဆက်​တို့​ခေတ်​က​ကဲ့သို့ နိုးထ​တော်မူ​ပါ​။ ရာဟပ်​ကို​ခုတ်ဖြတ်​သော​သူ​၊ မြွေနဂါး​ကို​ထိုးဖောက်​သော​သူ​သည် ကိုယ်တော်​ပင်​မ​ဟုတ်​လော​။ 10အလွန်​နက်ရှိုင်း​သော​ပင်လယ်​ရေထု​ကို​ခန်းခြောက်​စေ​သော​သူ​၊ ရွေးနုတ်​ခံရ​သော​သူ​များ​ဖြတ်ကူး​နိုင်​ရန် နက်ရှိုင်း​သော​ပင်လယ်​ကို လမ်း​ဖြစ်စေ​သော​သူ​ကား ကိုယ်တော်​ပင်​မ​ဟုတ်​လော​။ 11ထာဝရဘုရား ရွေးနုတ်ကယ်တင်​သော​သူ​တို့ ပြန်လာ​ကြ​မည်​။ သီချင်းဆို​လျက် ဇိအုန်​မြို့​ထဲသို့​ဝင်လာ​ကြ​မည်​။ သူ​တို့​၏​ခေါင်း​ပေါ်၌ ဝမ်းမြောက်​ခြင်း​သရဖူ​ကို အစဉ်အမြဲ​ဆောင်း​ကြ​ရ​မည်​။ ဝမ်းနည်း​ခြင်း​၊ ညည်းတွား​ခြင်း​သည် ထွက်ပြေး​သွား​၍ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​ကို ရရှိ​ကြ​မည်​။ 12ထာဝရဘုရား​က “​ငါ​သာလျှင် သင်​တို့​ကို​နှစ်သိမ့်​ပေး​သော​သူ​ဖြစ်​၏​။ သေမျိုး​ဖြစ်​သော​လူ​၊ မြက်ပင်​ကဲ့သို့​ဖြစ်​သည့်​လူသား​ကို သင်​အဘယ်ကြောင့်​ကြောက်ရွံ့​သနည်း​။ 13မိုးကောင်းကင်​ကို​ဖြန့်ကြက်​တော်မူ​သော​၊ မြေကြီး​ကို​အုတ်မြစ်ချ​တော်မူ​သော​၊ သင့်​ကို​ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​ကို သင်​မေ့လျော့​၏​။ သင့်​ကို​ဖျက်ဆီး​ရန် အသင့်ရှိ​နေ​သည့် နိုင်လိုမင်းထက်ပြု​သူ​၏​အမျက်ဒေါသ​ကြောင့် သင်​သည် နေ့စဉ်​မပြတ်​ကြောက်ရွံ့​နေ​၏​။ နိုင်လိုမင်းထက်ပြု​သူ​၏​အမျက်ဒေါသ​ကား အဘယ်မှာ​နည်း​။ 14ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သူ​သည် အလျင်အမြန်​လွတ်မြောက်​လာ​မည်​။ သူ​သည် ထောင်တွင်း​ထဲ၌​သေ​ရ​မည်​မ​ဟုတ်​။ သူ​၌ အစားအစာ ချို့တဲ့​မည်​မ​ဟုတ်​။ 15ငါ​သည် ပင်လယ်​ရေ​ကို​ထကြွ​စေ​၍ လှိုင်းတံပိုး​တို့​ကို​မြည်ဟိန်း​စေ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ နာမ​တော်​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဖြစ်​၏​။ 16မိုးကောင်းကင်​ကို​နေရာချ​ထား​ရန်​၊ ကမ္ဘာမြေကြီး​ကို အုတ်မြစ်ချ​ထား#51:16 သို့မဟုတ် “စိုက်ပျိုး”။​ရန်​နှင့် ဇိအုန်​မြို့သား​အား ‘​သင်​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​၏​’​ဟု ပြောကြား​ရန် သင့်​နှုတ်​၌ ငါ့​စကား​ကို သွင်း​ထား​ပြီ​။ သင့်​ကို ငါ့​လက်​အရိပ်​ဖြင့် မိုး​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 17ထာဝရဘုရား​၏​လက်​တော်​မှ အမျက်​တော်​ဖလား​ကို​သောက်​သော အသင်​ဂျေရုဆလင်​မြို့​၊ နိုး​လော့​။ နိုး​လော့​။ ထ​လော့​။ ဒယီးဒယိုင်​ဖြစ်စေ​သော​ဖလား​ထဲမှ​အနည်အဖတ်​ကို သင်​အကုန်အစင်​သောက်​ပြီ​။ 18သူ​မွေးဖွား​သော​သား​အပေါင်း​တို့​တွင် သူ့​ကို​လမ်းပြ​သော​သူ တစ်ယောက်မျှ​မ​ရှိ​။ သူ​ကျွေးမွေးစောင့်ရှောက်​သော​သား​အပေါင်း​တို့​တွင် သူ့​ကို​လက်​ဖြင့်​ဆွဲခေါ်​သော​သူ တစ်ယောက်မျှ​မ​ရှိ​။ 19ဘေး​နှစ်​ခု​သည် သင့်​အပေါ်​ကျရောက်​လေ​ပြီ​။ မည်သူ​သည် သင့်​အတွက် ဝမ်းနည်း​မည်နည်း​။ ဖျက်ဆီး​၍​ပျက်စီးခြင်းဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​နှင့်​ဓားဘေး​တို့​သည် သင့်​အပေါ်​ကျရောက်​လေ​ပြီ​။ သင့်​ကို ငါ​မည်သို့​နှစ်သိမ့်​ပေး​ရ​မည်နည်း​။ 20သင်​၏​သား​တို့​သည် အားနည်း​မောပန်း​နေ​ကြ​ပြီ​။ လမ်း​ရှိသမျှ​၌ ကျော့ကွင်း​မိ​သော​တောဆိတ်​ကဲ့သို့ လဲလျောင်း​နေ​ကြ​ပြီ​။ သူ​တို့​သည် ထာဝရဘုရား​၏​အမျက်​တော်​၊ သင်​၏​ဘုရားသခင်​ဆုံးမ​တော်မူ​ခြင်း​နှင့် ပြည့်​လေ​ပြီ​။ 21ထို့ကြောင့် အဖိနှိပ်​ခံရ​သော​သူ​၊ စပျစ်ဝိုင်​မ​သောက်​ဘဲ ယစ်မူး​သော​သူ​၊ ယခု နားထောင်​လော့​။ 22သင်​၏​အရှင်သခင်​၊ မိမိ​လူမျိုး​တော်​ကို​ကာကွယ်​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဒယီးဒယိုင်​ဖြစ်စေ​သော​ဖလား​၊ ငါ့​အမျက်​တော်​ဖလား​ထဲမှ အနည်အဖတ်​ကို သင့်​လက်​မှ ငါ​သိမ်းယူ​ပြီ​။ သင်​သည် ထို​ဖလား​ကို နောက်တစ်ဖန်​မ​သောက်​ရ​။ 23‘​ငါ​တို့ ဖြတ်သွား​မည်​။ ဝပ်​နေ​လော့​’​ဟု ဆို​ကြ​သဖြင့် ဖြတ်သွား​သော​သူ​တို့​အတွက် သင်​သည် သင့်​ကျောကုန်း​ကို မြေပြင်​သဖွယ်​၊ လမ်း​သဖွယ်​ခင်းပေး​ခဲ့​ရ​၏​။ ထိုသို့ သင့်​ကို အနိုင်ကျင့်​ခဲ့​သော​သူ​တို့​လက်​ထဲသို့ ထို​ဖလား​ကို ငါ​ထည့်​မည်​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 51