YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 54

54
အစ္စရေးပြည်၏အနာဂတ်ဘုန်းအသရေ
1ထာဝရဘုရား​က “​သား​မ​ဖွား​ဖူး​သော​အမြုံမ​၊ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ ကလေး​မ​မွေး​ဖူး​သော​မိန်းမ​၊ သီချင်း​ဟစ်ကြော်​သီဆို​လော့​။ ကြွေးကြော်​လော့​။ အကြောင်းမူကား စွန့်ပစ်​ခံရ​သော​မိန်းမ​၏​သားသမီး​သည် ယောက်ျားရှိ​သော​မိန်းမ​၏​သားသမီး​ထက် သာ၍​များ​၏​”#ဂလ 4:27။​ဟု မိန့်​တော်မူ​၏​။ 2သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “သင်​၏​တဲ​နေရာ​ကို​ကျယ်ဝန်း​စေ​လော့​။ သင်​၏​တဲ​ရွက်ထည်​များ​ကို​လည်း ဖြန့်ကြက်​လော့​။ ချုံ့​မ​ထား​နှင့်​။ ကြိုး​တို့​ကို​ရှည်ရှည်​ထား​လော့​။ ငုတ်တိုင်​တို့​ကို​လည်း ခိုင်ခံ့​စေ​လော့​။ 3အကြောင်းမူကား သင်​သည် လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ ပျံ့နှံ့​ရောက်ရှိ​မည်​။ သင်​၏​သားစဉ်မြေးဆက်​တို့​သည် တိုင်းနိုင်ငံ​တို့​ကို​ပိုင်ဆိုင်​မည်​။ လူသူကင်းမဲ့​သော​မြို့​တို့​၌ နေထိုင်​ကြ​မည်​။ 4သင်​မ​ကြောက်​နှင့်​၊ အရှက်ကွဲ​ရ​မည်​မ​ဟုတ်​။ သင်​မ​ရှက်​နှင့်​၊ မျက်နှာပျက်​ရ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ငယ်ရွယ်စဉ်​က​အရှက်ကွဲ​ခဲ့​ရ​သည်​ကို သင်​မေ့လျော့​သွား​မည်​။ မုဆိုးမ​ဘဝ​က​ကဲ့ရဲ့​ခံ​ခဲ့​ရ​သည်​ကို သင်​သတိရ​တော့​မည်​မ​ဟုတ်​။ 5အကြောင်းမူကား သင့်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် သင်​၏​ခင်ပွန်း​ဖြစ်​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ သင့်​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ဖြစ်​၏​။ မြေကြီး​တစ်ပြင်လုံး​၏​ဘုရား​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​၏​။ 6စွန့်ပစ်​ခြင်း​ခံရ​၍ စိတ်​ထိခိုက်​နေ​သော​၊ ငယ်ရွယ်​စဉ်က​ပေါင်းဖော်​ခဲ့​ပြီးမှ ငြင်းပယ်​ခံရ​သော​မိန်းမ​ကို ပြန်ခေါ်​သကဲ့သို့ သင့်​ကို​ထာဝရဘုရား​ပြန်ခေါ်​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 7သင့်​ကို​ရွေးနုတ်​သော​အရှင်​ထာဝရဘုရား​က “​သင့်​ကို ခေတ္တ​ခဏသာ ငါ​စွန့်ပစ်​၏​။ ကြီးမား​သော​ကရုဏာ​ဖြင့် သင့်​ကို ပြန်လည်​စုစည်း​မည်​။ 8ငါ ပြင်းစွာ​အမျက်ထွက်​၍ ငါ့​မျက်နှာ​ကို သင့်​ထံမှ ခေတ္တ​လွှဲ​သော်လည်း ထာဝရ​မေတ္တာကရုဏာ​ဖြင့် သင့်​ကို​ငါ​သနားစုံမက်​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။ 9သင့်​ကို​သနားစုံမက်​တော်မူ​သော​ထာဝရဘုရား​က “​ဤ​အမှု​သည် နောဧ​လက်ထက် ရေလွှမ်းမိုး#54:9 တိုက်ရိုက်ပြန်ဆိုလျှင် “နောဧ၏ရေ”။​သကဲ့သို့​ဖြစ်​၏​။ နောဧ​လက်ထက်​၌ ရေလွှမ်းမိုး​သကဲ့သို့ ကမ္ဘာမြေကြီး​ကို နောက်တစ်ဖန်​ရေ​မ​လွှမ်းမိုး​ရ​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​နည်းတူ သင့်​ကို​အမျက်​မ​ထွက်​၊ အပြစ်တင်ဆုံးမ​ခြင်း​လည်း​မ​ပြု​ဟု ငါ​ကျိန်ဆို​၏​။ 10တောင်ကြီး​တို့​သည်​ရွေ့သွား​၍ တောင်ငယ်​တို့​သည် တုန်လှုပ်​ကြ​လျှင်လည်း ငါ​၏​မေတ္တာကရုဏာ​သည် သင့်​ထံမှ​မ​ရွေ့​ရ​။ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ငါ​၏​ပဋိညာဉ်​သည်​လည်း မ​ရွေ့​ရ​”​ဟု မိန့်​တော်မူ​၏​။ 11ထာဝရဘုရား​က “​မုန်တိုင်းဒဏ်​အလူးအလိမ့်​ခံရ​၍ နှစ်သိမ့်​ခြင်း​မ​ရ​သော အချင်း​အဖိနှိပ်​ခံရ​သူ​၊ ကြည့်ရှု​လော့​။ သင်​၏​တိုက်​ကို စိမ်းပြာရောင်​ကျောက်​ဖြင့်​တည်​၍ နီလာ​ဖြင့်​အုတ်မြစ်ချ​မည်​။ 12သင်​၏​သူရဲခို​တို့​ကို ပတ္တမြား​ဖြင့်​လည်းကောင်း​၊ မြို့​တံခါး​တို့​ကို သလင်းကျောက်#54:12 သို့မဟုတ် “အနီရောင်နတ်သွေးကျောက်”​များ​ဖြင့်​လည်းကောင်း​၊ မြို့​တံတိုင်း#54:12 တိုက်ရိုက်ပြန်ဆိုလျှင် “နယ်နိမိတ်”။​ကို အဖိုးတန်​ကျောက်​များ​ဖြင့်​လည်းကောင်း ငါ​တည်​မည်​။ 13သင်​၏​သားသမီး​အပေါင်း​တို့​သည် ထာဝရဘုရား​၏​သွန်သင်​တော်မူ​ခြင်း​ကို​ခံရ​မည်​။ သူ​တို့​၌ ငြိမ်သက်​ခြင်း​အတိ​ရှိ​မည်​။#ယော 6:45။ 14သင့်​ကို ဖြောင့်မတ်​ခြင်း​၌ တည်​စေ​မည်​။ သင်​သည် အနိုင်အထက်ပြုသူ​နှင့်​ဝေး​သောကြောင့် ကြောက်ရွံ့​ရ​မည်​မ​ဟုတ်​။ ထိတ်လန့်​ခြင်း​သည် သင့်​ထံသို့​ရောက်လာ​မည်​မ​ဟုတ်​သောကြောင့် ထိတ်လန့်​ရ​မည်​မ​ဟုတ်​။ 15တစ်စုံတစ်ဦး​သည် သင့်​ကို ရန်ပြု​ခဲ့​လျှင် ထို​အမှု​သည် ငါ့​ထံမှ​လာ​သည်​မ​ဟုတ်​။ သင့်​ကို​ရန်ပြု​သော​သူ​သည် သင့်​ရှေ့​၌​ကျဆုံး​လိမ့်မည်​။ 16ကြည့်ရှု​လော့​။ မီးခဲ​ကို မီးတောက်​အောင်​မှုတ်​ပြီး လက်နက်​ကို​ထုတ်လုပ်​တတ်​သော ပန်းပဲဆရာ​ကို ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။ ဖျက်ဆီး​တတ်​သော အဖျက်သမား​ကို​လည်း ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။ 17သင့်​ကို​တိုက်ခိုက်​ရန် ထုတ်လုပ်​သော​လက်နက်​ရှိသမျှ​သည် အထမြောက်​မည်​မ​ဟုတ်​။ သင်​နှင့်​တရားဆိုင်​၍ သင့်​ကို​ဆန့်ကျင်​သော​လျှာ​ရှိသမျှ​တို့​ကို သင်​က အောင်​နိုင်​လိမ့်မည်​။ ဤသည်ကား ထာဝရဘုရား​၏​အစေအပါး​တို့ ရရှိ​သော​အမွေ​၊ ငါ့​ထံမှ​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 54