ရေနှစ်မင်္ဂလာဆိုတာ ဘာလဲနမူနာ
ဝမ်းမြောက်ပျော်ရွှင်တဲ့မျက်ရည်စတွေ၊ ကခုန်ခြင်းတွေ၊ စားစရာအပြည်နဲ့အတူ ကိတ်မုန့်ကြီးနဲ့ပြည့်နေတဲ့ မင်္ဂလာခန်းမထဲကို ရောက်ဖူးပါသလား မိတ်ဆွေ။ မင်္ဂလာဆောင်ပွဲကျင်းပခြင်းဆိုတာ ဘဝတစ်လျှောက် အတူတူဖြတ်သန်းဖို့ရန် ဆုံးဖြတ်ထားတဲ့ လူနှစ်ယောက်ရဲ့ ကတိကဝတ်ပြုတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ မင်္ဂလာဆောင်ပွဲကျင်းပခြင်းက လင်မယားနှစ်ယောက်ကို ချစ်မိစေတဲ့အရာတော့ မဟုတ်ပါဘူး— ဒါပေမဲ့၊ တစ်ယောက်ကိုတစ်ယောက် ချစ်မိခြင်းကြောင့် မင်္ဂလာဆောင်ပွဲ ကျင်းပခြင်းဖြစ်ပါတယ်။
ရေနှစ်မင်္ဂလာခံခြင်းဟာလည်း ပွဲတော်ကျင်ပခြင်းနှင့် တူပါတယ်။ မိတ်ဆွေဟာ ဘဝတစ်လျှောက်လုံး အရှင်ယေရှုဘုရားနောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် ရေနှစ်မင်္ဂလာ ပွဲတော်ကျင်းပဖို့အချိန် ရောက်လာတာပါ။
မိတ်ဆွေ၊ ဘာတွေ့ကြုံရမလဲ?
ရေနှစ်မင်္ဂလာခံယူတဲ့အခါ၊ အရှင်ယေရှုဘုရား ပြုခဲ့တဲ့အမှုတွေကို မြင်ယောင်အောက်မေ့သတိရစေပါတယ်။ ရေထဲသို့ နှစ်တဲ့အခါ၊ အကျွန်ုပ်တို့ရဲ့အပြစ်များကို ဆေးကြောစေရန် လက်ဝါးကပ်တိုင်မှာ အရှင်ယေရှုဘုရားရဲ့ အသေခံခြင်းအကြောင်း အောက်မေ့သတိရစေပါတယ်။ ရေထဲမှ ပြန်ထလာတဲ့အခါ၊ သုံးရက်မြောက်မှာ အရှင်ယေရှုဘုရား သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို အောက်မေ့သတိရစေပါတယ်။ လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏ဟု (ကောရိန္သုဩဝါဒစာဒုတိယစောင်၊ ၅း၁၇) ဖော်ပြထားပါတယ်။ ရေနှစ်မင်္ဂလာခံခြင်းဖြင့် ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီဟု သတိပေးထားပါတယ်။
သတိ - ရေနှစ်မင်္ဂလာခံခြင်းက အလွန်ရေးကြီးပေမဲ့၊ ကယ်တင်ခြင်းကို မပေးနိုင်ပါဘူး။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရတယ်။ ရေနှစ်မင်္ဂလာခံခြင်းသည် မိမိစိတ်နှလုံးအထဲမှာရှိတဲ့ ပြောင်းလဲခြင်းကို လူအားလုံးအား ပြသထင်ရှားစေခြင်းသက်သက်ပါ။
စိန်ခေါ်မှု - ရေနှစ်မင်္ဂလာခံမည့်ဟု တကယ်ဆုံးဖြတ်ခဲ့ပါက၊ မိမိမိတ်ဆွေတွေနှင့် မိသားစုကို မိတ်ဆွေနှင့်အတူ ပျော်ရွှင်စွာ ကျင်းပဖို့စေရန် ဖိတ်ဆိုခေါ်လိုက်ပါ။
ဘုရားသခင်ကို ရသောသူသည် အသက်ကို ရ၏။ ပိုမိုသိလိုပါက၊ life changing content from Life.Church။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဗတ္တိဇံ/ရေနှစ်မင်္ဂလာဆိုတာ ဘာလဲ။ ရေနှစ်မင်္ဂလာခံသင့်သလား။ ရေနှစ်မင်္ဂလာက ဘာကြောင့် ရေးကြီးသလဲ။ ကယ်တင်ခြင်းရရှိဖို့ ရေနှစ်မင်္ဂလာခံခြင်း လိုအပ်သလား။ မိတ်ဆွေ၊ ရေနှစ်မင်္ဂလာနှင့်ပတ်သက်ပြီး လေ့လာနေတာပဲဖြစ်ဖြစ်၊ ရေနှစ်မင်္ဂလာမခံမီ (သို့) ခံပြီးတဲ့နောက် ဖတ်ရှုစရာတစ်ခုခု ရှာဖွေနေတာဖြစ်ဖြစ်၊ ဒီ life.church အစီစဉ်က ယနေ့စတင်လေ့လာရန် ပြည့်စုံပါတယ်။
More