ရေနှစ်မင်္ဂလာဆိုတာ ဘာလဲနမူနာ

အကျွန်ုပ်သည် ရေနှစ်မင်္ဂလာကို ခံသင့်ပါသလား?
ဒီမေးခွန်းက မိတ်ဆွေရဲ့စိတ်ထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ မေးသင့်တဲ့မေးခွန်းလည်း ဖြစ်ပါတယ်။ ခရစ်ယာန်အသက်တာမှာ ရေနှစ်မင်္ဂလာက အလွန်ရေးကြီးတာမို့ ပေါ့ပေါ့တန်တန် မခံယူသင့်ပါဘူး။
ရေနှစ်မင်္ဂလာဆိုတာ သူများရှေ့မှာ မိမိယုံကြည်ခြင်းကို ပြသထင်ရှားခြင်းတစ်ခုပါ။ အရှင်ယေရှုဘုရားနောက်ကို လိုက်ဖို့ ဆုံဖြတ်ရင် ၊ ရေနှစ်မင်္ဂလာအားဖြင့် မိမိယုံကြည်ခြင်းကို ထင်ရှင်းဖို့ အချိန်ရောက်ပါပြီ။
မိတ်ဆွေဟာ စစ်မှန်တဲ့ ယုံကြည်သူဆိုပါက၊ ရေနှစ်မင်္ဂလာခံသင့်တဲ့ အကြောင်းရင်း (၂) ချက် ရှိပါတယ်။
- အရှင်ယေရှုဘုရားကိုယ်တော်တိုင် ရေနှစ်မင်္ဂလာခံယူသလို သူ့ရဲ့နောက်လိုက်များကိုလည်း ရေနှစ်မင်္ဂလာကိုပေးရန် အလိုတော်ရှိပါတယ်။ (ရှင်မဿဲခရစ်ဝင်၊ ၃း၁၃-၁၇) မှာ၊ အရှင်ယေရှုဘုရားကိုယ်တော်တိုင် ဤလောက၌ရှိသော အမှုတော်ကို မစခင်မှာ ရေနှစ်မင်္ဂလာကို ခံယူခဲ့ပါတယ်။ ဘုရားသခင်၏သားတော်မြတ်ကိုယ်တော်တိုင် ရေနှစ်မင်္ဂလာခံယူခဲ့သလို ကျွန်ုပ်တို့လည်း ရေနှစ်မင်္ဂလာ ခံယူရမည် ဖြစ်ပါတယ်။ (ရှင်မဿဲခရစ်ဝင်၊ ၂၈း၁၈-၂၀) မှာလည်း၊ ကိုယ်တော်က၊ ကျွန်ုပ်တို့ကို သူ့ရဲ့မေတ္တာတော်အကြောင်း သူတစ်ပါးထံ ဝေငှစေချင်ပါတယ်။ အကျွန်ုပ်တို့ကို ရေနှစ်မင်္ဂလာခံယူပြီး သူတစ်ပါး(ယုံကြည်သူများ)အားလည်း ရေနှစ်မင်္ဂလာပေးပါလို့ မိန့်တော်မူပါတယ်။
- အရှင်ယေရှုဘုရားနောက်သို့ လိုက်ရန် ယုံကြည်ဆုံးဖြတ်ပြီး သူများအား သိစေချင်ပါတယ်။ အရှင်ယေရှုဘုရားနောက်ကို လိုက်ဖို့ ယုံကြည်ဆုံးဖြတ်ခြင်းဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ။ ဒီလိုဘဝကို ပြောင်းလဲစေတဲ့ ဆုံးဖြတ်ခြင်းတစ်ခုကို ချတဲ့အခါ၊ အရှင်ယေရှုဘုရား၌ တွေ့ခဲ့တဲ့ မျှော်လင့်ခြင်းအကြောင်းကို လူတွေထံ အားရပါးရ ဝေငှချင်ပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းဟာ မိမိဆုံးဖြတ်ချက်ဖြစ်ပေမဲ့၊ မိမိတစ်ယောက်တည်းဆိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ ရေနှစ်မင်္ဂလာဆိုတာ မိတ်ဆွေရဲ့ယုံကြည်ခြင်းကို လူအများရှေ့ ထုတ်ဖော်ပြသခြင်းတစ်ခုပါ။
ယနေ့၊ ရေနှစ်မင်္ဂလာခံသင့်တဲ့ အလွန်ရေးကြီးသော အကြောင်းအရင်း (၂) ချက်ကို ဖော်ပြခဲ့ပါတယ်။ မနက်ဖြန်မှာ၊ မိတ်ဆွေ ရေနှစ်မင်္ဂလာခံယူခြင်းဖြင့် လူအများရှေ့မှာ မိမိယုံကြည်ခြင်းကို ပြသထင်ရှားစေဖို့ ဆုံးဖြတ်မှုဖြင့်၊ ဘာတွေဖြစ်လာမလဲ ဆိုတာကို ဖော်ပြပါလိမ့်မယ်။
စိန်ခေါ်မှု - မိတ်ဆွေ၊ ရေနှစ်မင်္ဂလာခံဖို့ ဆုံးဖြတ်တဲ့အခါ၊ မိမိ၏ ဓမ္မမိတ်ဆွေ (သို့) သင်းအုပ်ဆရာတစ်ဦးကို ပြောပြပေးပါ။ သူတို့က မိတ်ဆွေနှင့်အတူ အလွန်ပျော်ရွှင်လျက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မယ်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဗတ္တိဇံ/ရေနှစ်မင်္ဂလာဆိုတာ ဘာလဲ။ ရေနှစ်မင်္ဂလာခံသင့်သလား။ ရေနှစ်မင်္ဂလာက ဘာကြောင့် ရေးကြီးသလဲ။ ကယ်တင်ခြင်းရရှိဖို့ ရေနှစ်မင်္ဂလာခံခြင်း လိုအပ်သလား။ မိတ်ဆွေ၊ ရေနှစ်မင်္ဂလာနှင့်ပတ်သက်ပြီး လေ့လာနေတာပဲဖြစ်ဖြစ်၊ ရေနှစ်မင်္ဂလာမခံမီ (သို့) ခံပြီးတဲ့နောက် ဖတ်ရှုစရာတစ်ခုခု ရှာဖွေနေတာဖြစ်ဖြစ်၊ ဒီ life.church အစီစဉ်က ယနေ့စတင်လေ့လာရန် ပြည့်စုံပါတယ်။
More