YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရေနှစ်မင်္ဂလာဆိုတာ ဘာလဲနမူနာ

What Is Baptism? A 3-Day Plan To Prepare Or Decide

3 ၏ နေ့ 1

မိတ်ဆွေက ဒီအစီစဉ်ကို ဖတ်ရှုစဥ်မှာပဲ၊ ရေနှစ်မင်္ဂလာနှင့်ပတ်သက်ပြီး စိတ်ဝင်စားနေပြီ (သို့) ရေနှစ်မင်္ဂလာခံဖို့ ပြင်ဆင်နေပြီ (သို့) ရေနှစ်မင်္ဂလာခံခဲ့ပေမဲ့ မေးမြန်းစရာရှိသေးသည် စတဲ့အခြေအနေမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်၊ နောက်လာမည့် နေ့ရက်များမှာ၊ ရေနှစ်မင်္ဂလာရဲ့ အရေးပါခြင်းနှင့်ပတ်သက်တဲ့ နှုတ်ကပတ်တော်ရဲ့ သွန်သင်ချက်များကို အတူတကွ လေ့လာသွားကြမှာပါ။

ရှေ့ဦးစွာ၊ ဤရေးကြီးတဲ့ ဝါကျတွဲများကို သတိပြုစေချင်ပါတယ်။

  1. ရေနှစ်မင်္ဂလာခံခြင်းဖြင့် ကယ်တင်ခြင်း မရပါဘူး။ ရေနှစ်မင်္ဂလာဆိုတာ မိမိစိတ်နှလုံးအထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြောင်းလဲမှုကို ပုံဆောင်ဖော်ပြတဲ့ သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ ရေနှစ်မင်္ဂလာမခံဘဲ၊ အရှင်ယေရှုဘုရားကို မိမိရဲ့အသက်သခင်ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ပြီး သူ့နောက်ကို လိုက်နိုင်ပါတယ်။ ရေနှစ်ခြင်းမင်္ဂလာမခံပေမဲ့လည်း အရှင်ယေရှုဘုရားနှင့်အတူ ထာဝရစိုးစံလျက် အတူရှိနိုင်ပါတယ်။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်ကုသိုလ် (ရေနှစ်မင်္ဂလာအပါအဝင်) ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ လို့ (ဧဖက်ဩဝါဒစာ၊ ၂း၈-၉) မှာ တမန်တော်ကြီးရှင်ပေါလုက ယုံကြည်သူတွေကို သတိပေးခဲ့ပါတယ်။
  2. ရေနှစ်မင်္ဂလာဆိုတာ သင်္ကေတ တစ်ခုပါ။ အိမ်ထောင်သည်များအဖို့ မင်္ဂလာလက်စွပ်ဟာ၊ ထိမ်းမြားခြင်းရဲ့ သင်္ကေတတစ်ခုပါ။ မင်္ဂလာလက်စွပ်က အိမ်ထောင်သည်ဖြစ်ကြောင်းဖော်ပြတဲ့ သင်္ကေတတစ်ခု ဖြစ်ပေမဲ့၊ အိမ်ထောင်သည်ဖြစ်အောင် မဖန်တီးပါဘူး။ တကယ်လို့၊ အဲ့ဒီလက်စွပ် ပျောက်သွားခဲ့ရင်တောင်၊ အိမ်ထောင်သည်ဖြစ်နေတုန်းပါပဲ။ ရေနှစ်မင်္ဂလာဆိုတာလည်း ထိုနည်းတူပါပဲ။ ရေနှစ်မင်္ဂလာက အရှင်ယေရှုဘုရားအဖို့ မိမိအသက်တာကို ဆက်ကပ်အပ်နှံပြီလို့ လူအများရှေ့မှာ ဖော်ပြထင်ရှားစေတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ မိတ်ဆွေ၊

ရေနှစ်မင်္ဂလာအကြောင်း သိသွားပြီလို့ မျှော်လင့်ပါတယ်။ မနက်ဖြန်မှာ၊ ဒါဆို ရေနှစ်မင်္ဂလာကို ဘာကြောင့်ခံယူဖို့လိုသလဲ ဆိုတာကို ဆက်လက်ဖတ်ရှုရပါလိမ့်မယ်။

စိန်ခေါ်မှု - ဒီအချိန်မှာ၊ ဘုရားသခင်က မိတ်ဆွေအဖို့ထားရှိတဲ့ မဟာမေတ္တာတော်ကို ဆက်လက်ထင်ရှားစေဖို့ ဆုတောင်းပါ။

နေ့ 2

ဤအစီအစဉ်အကြောင်း

What Is Baptism? A 3-Day Plan To Prepare Or Decide

ဗတ္တိဇံ/ရေနှစ်မင်္ဂလာဆိုတာ ဘာလဲ။ ရေနှစ်မင်္ဂလာခံသင့်သလား။ ရေနှစ်မင်္ဂလာက ဘာကြောင့် ရေးကြီးသလဲ။ ကယ်တင်ခြင်းရရှိဖို့ ရေနှစ်မင်္ဂလာခံခြင်း လိုအပ်သလား။ မိတ်ဆွေ၊ ရေနှစ်မင်္ဂလာနှင့်ပတ်သက်ပြီး လေ့လာနေတာပဲဖြစ်ဖြစ်၊ ရေနှစ်မင်္ဂလာမခံမီ (သို့) ခံပြီးတဲ့နောက် ဖတ်ရှုစရာတစ်ခုခု ရှာဖွေနေတာဖြစ်ဖြစ်၊ ဒီ life.church အစီစဉ်က ယနေ့စတင်လေ့လာရန် ပြည့်စုံပါတယ်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Life.Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။