YouVersion လိုဂို
ရှာရန် အိုင်ကွန်

သမ္မာသတိရှိရှိ မှန်ကန်သောလမ်းကို ရွေးချယ်ခြင်းနမူနာ

Making Wise Choices

4 ၏ နေ့ 4

ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။ မိမိပေါင်းဖော်သောသူသည် မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်စေဖို့ ကောင်းစွာ အားပေးနိုင်လို၊ မှားသောဆုံးဖြတ်ချက်များ ချမှတ်စေဖို့ အတင်းအဓမ္မ သွေးဆောင်နိုင်ပါသည်။ ပညာရှိတို့နှင့် ပေါင်းဖော်စေဖို့ ဆုံးဖြတ်လိုက်ပါ။ ဒါဝိဒ်အတွက် ယောနသန်လို သူငယ်ချင်းတစ်ယောက်ကို ရှာပါ။ ထိုသူငယ်ချင်းသည် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို ရှာဖွေစေဖို့ အားပေးပါလိမ့်မည်။

ကျွန်တော်တို့၏ ချမှတ်သောဆုံးဖြတ်ချက်များသည် ကျွန်တော်တို့၏ ဖြစ်တည်ခြင်းကို သတ်မှတ်စေသည်။ ထို့ကြောင့်၊ ကျွန်တော်တို့၏ နေ့စဉ်ဘဝတွင် ဘုရားသခင်ကို အဆက်မပြတ် ကြည့်ရှုနေရမည်ဖြစ်သည်။ ကျွန်တော်တို့သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်စေဖို့ရန်အတွက် ညာဏ်ပညာကို ပေးတော်မူသည်။

အရာရာ၌ မှန်ကန်သောလမ်းကို ရွေးချယ်စေဖို့ ဘုရားသခင်ထံ အမြဲဆုတောင်းလျက် မိတ်သဟာယဖွဲ့ကြပါစို့။ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ရာတွင်၊ ကျွန်တော်တို့သည် ဘုရားသခင်၏ ဉာဏ်ပညာတော်ဖြင့် အသက်ရှင်စေရန် ရွေးချယ်ကြပါသည်။

သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။

နေ့ 3

ဤအစီအစဉ်အကြောင်း

Making Wise Choices

ဤ (၄) ရက်တာ လူငယ်အစီစဉ်တွင်၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို မည်သို့ဖော်ပြသနည်းကို လေ့လာကြပါလိမ့်မည်။ မိမိအိမ်နီးနားချင်း မကေလင်းကို အိမ်ထဲဝင်ပြီး ရှုပ်စေသည့် မှားသောဆုံးဖြတ်ချက်ချခဲ့သည့် မနီကိုးလ်နှင့် သူ့မ၏မောင် တိတ်တို့၏ ဇာတ်လမ်းကို ကြည့်ရှုပါပါ။ နေ့တိုင်းမှာ၊ ကျမ်းစာတစ်ပိုဒ်ကို ဖတ်ရှု၍၊ ဇာတ်လမ်းကို ကြည့်ရှုပြီး သမ္မာသတိရှိရှိ မှန်ကန်သောလမ်းကို ရွေးချယ်ခြင်း၏ အရေးကြီးကြောင်းကို လေ့လာပါလိမ့်မည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch ၏ အမှုတာ် Switch ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။