YouVersion လိုဂို
ရှာရန် အိုင်ကွန်

သမ္မာသတိရှိရှိ မှန်ကန်သောလမ်းကို ရွေးချယ်ခြင်းနမူနာ

Making Wise Choices

4 ၏ နေ့ 1

နေ့ရက်စဉ်တိုင်းတွင်၊ ကျွန်တော်တို့သည် သူတစ်ပါးနှင့် မိမိကိုယ်ကို ထိခိုက်စေသော ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်နေကြရသည်။ သို့ရာတွင်၊ လွယ်ကူသောဆုံးဖြတ်ချက်သည် အမြဲတမ်း အကောင်းဆုံးသောဆုံးဖြတ်ချက် မဟုတ်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာတော်သည် ကျွန်တော်တို့အား အကောင်းဆုံးအသက်တာတွင် အသက်ရှင်နေထိုင်စေရန် ပို့ဆောင်ပေးသည်။ (သု၊ ၂း၄) တွင်၊ ငွေကို ရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဉာဏ်ကို စူးစမ်းလျှင်လည်းကောင်း၊ ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကို သိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်ဟု ဖော်ပြထားပါသည်။ ဉာဏ်ပညာကို ရှာဖွေသောအခါ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရမည်ဖြစ်သည်။ ကျွန်တော်တို့သည် ၎င်းအမှုကို ပြုသောအခါ၊ အထူးသဖြင့်အသက်တာကို ဝင်စားရပါလိမ့်မည်။

ဤဗီဒီယိုတွင်၊ ကျွန်တော်တို့၏ ရွေးချယ်မှုများသည် ကျွန်တော်တို့မည်သူဖြစ်သည်ကို သတ်မှတ်ကြောင်း သိရှိနားလည်ပါလိမ့်မည်။ မနီကိုးလ် (Nicole) သည် မိဘစကားကို နားမထောင်ဘဲ သူမ၏ သူငယ်ချင်း မကေလင်း (Kaylin) ကို အတင်းဖိတ်ခေါ်ခဲ့တယ်။ နီကိုးလ်သည် သမ္မာသတိရှိရှိ မရွေးချယ်သောကြောင့် ဘာဖြစ်သွားသည်ကို ကြည့်ရှုကြည့်လိုက်ပါ။

သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Making Wise Choices

ဤ (၄) ရက်တာ လူငယ်အစီစဉ်တွင်၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို မည်သို့ဖော်ပြသနည်းကို လေ့လာကြပါလိမ့်မည်။ မိမိအိမ်နီးနားချင်း မကေလင်းကို အိမ်ထဲဝင်ပြီး ရှုပ်စေသည့် မှားသောဆုံးဖြတ်ချက်ချခဲ့သည့် မနီကိုးလ်နှင့် သူ့မ၏မောင် တိတ်တို့၏ ဇာတ်လမ်းကို ကြည့်ရှုပါပါ။ နေ့တိုင်းမှာ၊ ကျမ်းစာတစ်ပိုဒ်ကို ဖတ်ရှု၍၊ ဇာတ်လမ်းကို ကြည့်ရှုပြီး သမ္မာသတိရှိရှိ မှန်ကန်သောလမ်းကို ရွေးချယ်ခြင်း၏ အရေးကြီးကြောင်းကို လေ့လာပါလိမ့်မည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch ၏ အမှုတာ် Switch ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။