သမ္မာသတိရှိရှိ မှန်ကန်သောလမ်းကို ရွေးချယ်ခြင်းနမူနာ
မိတ်ဆွေဆုံးဖြတ်ချက်တိုင်းသည် မိတ်ဆွေအဖို့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သက်ရောက်မှုရှိရမည်ဖြစ်သည်။ သမ္မာသတိရှိရှိ မှန်ကန်သောလမ်းကို ရွေးချယ်လျှင် ကောင်းသောအကျိုးကို ရရှိခံစားပါလိမ့်မည်။ ထိုနည်းတူးစွာ၊ သတိလျစ်ပြီး မှားသောလမ်းကို ရွေးချယ်လျှင် ဆိုးသောအကျိုးကို ရရှိခံစားပါလိမ့်မည်။
လူတိုင်းသည် တစ်ခါတစ်ရံတွင် မှားသောဆုံးဖြတ်ချက်များ ချမှတ်တတ်ကြသည်။ သို့သော်၊ ကျွန်တော်တို့က မှားသောလမ်းကို ရောက်သောအခါ၊ ဧဒင်ဥယျာဉ်၌ အာဒံနှင့် ဧဝတို့ကဲ့သို့ ဘုရားသခင်ထံတော်မှ ထွက်ပြေးပြီး ပုန်းအောင်းမနေစေရန် အရေးကြီးသည်။ ကျွန်တော်တို့၏ မကောင်းသောဆုံးဖြတ်ချက်များကို ဖြတ်ကျော်နိုင်စေဖို့ ကိုယ်တော်ဘုရားနှင့် အစဉ်မပြတ် မိတ်သဟာယဖွဲ့ရမည်ဖြစ်သည်။
ဤဗီဒီယိုတွင်၊ မနီကိုးလ် (Nicole) သည် မှားသောဆုံးဖြတ်ချက်များကို မကြာခဏ ချမှတ်သည်။ မနီကိုးလ်သည် သူမ၏ အမေကို လိမ်ညာပြီး ရှောင်သောကြောင့် သူတို့ရဲ့ ဆက်ဆံရေးကို ပျက်စီးစေသည်။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤ (၄) ရက်တာ လူငယ်အစီစဉ်တွင်၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို မည်သို့ဖော်ပြသနည်းကို လေ့လာကြပါလိမ့်မည်။ မိမိအိမ်နီးနားချင်း မကေလင်းကို အိမ်ထဲဝင်ပြီး ရှုပ်စေသည့် မှားသောဆုံးဖြတ်ချက်ချခဲ့သည့် မနီကိုးလ်နှင့် သူ့မ၏မောင် တိတ်တို့၏ ဇာတ်လမ်းကို ကြည့်ရှုပါပါ။ နေ့တိုင်းမှာ၊ ကျမ်းစာတစ်ပိုဒ်ကို ဖတ်ရှု၍၊ ဇာတ်လမ်းကို ကြည့်ရှုပြီး သမ္မာသတိရှိရှိ မှန်ကန်သောလမ်းကို ရွေးချယ်ခြင်း၏ အရေးကြီးကြောင်းကို လေ့လာပါလိမ့်မည်။
More