YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယုံကြည်ကိုးစားခြင်းနမူနာ

Trust

4 ၏ နေ့ 4

(ယေ၊ ၃၂း၂၇) လူတွေက၊ အကြံအစည်ကတော့ ကောင်းပါပေမဲ့၊ လုံးဝဥဿုံ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ ဘုရားသခင်က၊ ငါမတတ်နိုင်သောအရာ တစ်စုံတစ်ခုရှိလိမ့်မည်လောလို့ မိန့်တော်မူပါတယ်။

(ဖိ၊ ၄း၁၃) လူတွေက၊ “ကျွန်တော် ဒီလိုလုပ်ဖို့အတွက် မတတ်စွမ်းနိုင်ဘူးလို့ ပြောကြတယ်။ ဘုရားသခင်က၊ “သင်ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို တတ်စွမ်းနိုင်စေလိမ့်မည်လို့ မိန့်တော်မူပါတယ်။

(ဖိ၊ ၄း၁၉) လူတွေက၊ အလုပ်အကိုင်အဆင်ပြေပြီး၊ အိမ်တစ်လုံးဝယ်ပြီးရင် ခရစ်ယာန်ဘာသာအကြောင်း ဆင်ခြင်စဉ်းစားမှာပါလို့ ပြောကြတယ်။ ဘုရားသခင်က၊ ခရစ်တော်နောက်ကို လိုက်ရန် အချိန်မဆွဲပါနှင့်။ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်လို့ မိန့်တော်မူပါတယ်။

(သု၊ ၁၁း၂၈) လူတွေက၊ ကျွန်တော် တော်တော်ကြိုးစားပြီးပြီ။ အောင်မြင်နေပြီလို့ ပြောကြတယ်။ ဘုရားသခင်က၊ သင်၏အောင်မြင်ခြင်းကို မကိုးစားနှင့်။ ငါကို ကိုးစားပါလို့ မိန့်တော်မူပါတယ်။

(သု၊ ၂၁း၁) လူတွေက၊ “ကမ္ဘာ့ခေါင်းဆောင်တွေကတော့ တော်တော်ဆိုးနေတယ်လို့ ပြောကြတယ်။ ဘုရားသခင်က၊ “ငါကိုယုံလော့။ ငါသည် ခပ်သိမ်းသောအရာကို စီရင်၏လို့ မိန့်တော်မူပါတယ်။

(သု၊ ၂၁း၃၁) လူတွေက၊ ကျွန်တော် ဒီအရာတွေဖြစ်အောင် ကြိုးစားအားထုတ်တဲ့သူပါလို့ ပြောကြတယ်။ ဘုရားသခင်၊ ကြိုတင်ပြင်ဆင်ထားပါ။ သို့သော်၊ ချမ်းသာမှုသည် ငါ့ဆီမှာလို့ မိန့်တော်မူပါတယ်။


ဘုရားသခင်ကို ယုံကည်ကြည်ကိုးစားနည်းတစ်ခုမှာ နှုတ်ကပတ်တော်ကို အလွတ်ကျက်မှတ်လျက် ဆင်ခြင်အောက်မေ့ခြင်းဖြစ်သည်။ ဤအခန်းငယ်များသည် MemLok သမ္မာကျမ်းလွတ် ကျက်မှတ်ခြင်းနည်းများထဲရှိ (၄၈) ခေါင်းစဉ်အောက်မှ ရွေးချယ်ထားသော ကျမ်းပိုဒ် (၅၀၀) ကျော် ဖြစ်ပါသည်။ MemLok သည် လွယ်ကူပြီး ပျော်စရာကောင်းသည့်အရာ ဖြစ်ပါသည်။ အမြင်အာရုံသဲလွန်စတစ်ခုက မိတ်ဆွေကို စတင်ရန် ကူညီပေးနိုင်ပါသည်။ မိုဘိုင်း (သို့) Windows အက်ပ်များတွင် ရယူနိုင်ပါသည်။ MemLok

နေ့ 3

ဤအစီအစဉ်အကြောင်း

Trust

ယုံကြည်ကိုးစားခြင်းဟာ ခရစ်ယာန်အသက်တာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားနဲ့ ထိတွေ့ဆက်ဆံနေခြင်း၊ ကျမ်းစာစကားကို အမြဲနှလုံးသွင်းခြင်းအားဖြင့် မိတ်ဆွေရဲ့ ယုံကြည်ကိုးစားခြင်း တိုးပွားစေနိုင်ပါတယ်။ အောက်ပါကျမ်းပိုဒ်တွေကို မှတ်သားထားခြင်းဖြင့် မိတ်ဆွေရဲ့ဘဝတစ်လျှောက််မှာ မိမိယုံကြည်ကိုးစားခြင်းကို ပိုမိုခိုင်မြဲလာစေမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲကြပါစို့။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော MemLok, (ကျမ်းစာအလွတ်ကျက်စနစ်)ကို ကျေးဇူးတင်လိုပါသည်။ MemLok နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက http://www.MemLok.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။