YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယုံကြည်ကိုးစားခြင်းနမူနာ

Trust

4 ၏ နေ့ 2

(ဆာ၊ ၃၇း၄-၅) လူတွေက၊ အဲလိုဖြစ်ဖို့‌ စောင့်မျှော်နေပါတယ်။ ကျွန်တော်ဘယ်လိုလုပ်ရမလဲလို့ ပြောကြတယ်။ ဘုရားသခင်က၊ ကောင်မြတ်သောဘုရားသခင် ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သင်၏အမှုကို စီရင်လိမ့်မည်လို့ မိန့်တော်မူပါတယ်။

(ဆာ၊ ၃၇း၂၃-၂၄) လူတွေက၊ ကျွန်တော်က မကောင်းသောလမ်းထဲသို့ ရောက်ရင် ဘယ်လိုလုပ်မလဲလို့ ပြောကြတယ်။ ဘုရားသခင်က၊ သင်၏ ခြေလှမ်းတိုင်းကို ငါသိ၏။ သင်၏လက်ကို ကိုင်မည်လို့ မိန့်တော်မူပါတယ်။

(ဆာ၊ ၁၁၈း၈) လူတွေက၊ သစ္စာရှင်တွေ ကျွန်တော့်အပေါ် ခဏခဏ သစ္စာဖောက်နေတယ်လို့ ပြောကြတယ်။ ဘုရားသခင်က၊ မှန်ပါ၏။ လူကို မကိုးစားနိုင်ပါ။ ငါသည် သစ္စာတည်လိမ့်မည်လို့ မိန့်တော်မူပါတယ်။

(၄ရာ၊ ၆း၁၆) လူတွေက၊ သူတို့က ကျွန်တော်တို့ကို ချေမှုန်းလိမ့်မယ်လို့ ပြောကြတယ်။ ဘုရားသခင်က၊ မမြင်နိုင်သော ကောင်းကင်တမန်တော်များ၏ ကူညီမစခြင်းက အဆင်သင့်ရှိ နေတာကို မမေ့ပါစေနှင့်လို့ မိန့်တော်မူပါတယ်။

(ယောဘ၊ ၃း၂၅) လူတွေက၊ ကျွန်တော်ရဲ့ဘဝဟာ သိပ်အဆင်မပြေဘူး။ ဆင်းရဲဒုက္ခ ခဏခဏ ကြုံနေတယ်လို့ ပြောကြတယ်။ ဘုရားသခင်က၊ သင်ထင်သည့်အတိုင်း ဖြစ်စေလိမ့်မည်လို့ မိန့်တော်မူပါတယ်။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Trust

ယုံကြည်ကိုးစားခြင်းဟာ ခရစ်ယာန်အသက်တာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားနဲ့ ထိတွေ့ဆက်ဆံနေခြင်း၊ ကျမ်းစာစကားကို အမြဲနှလုံးသွင်းခြင်းအားဖြင့် မိတ်ဆွေရဲ့ ယုံကြည်ကိုးစားခြင်း တိုးပွားစေနိုင်ပါတယ်။ အောက်ပါကျမ်းပိုဒ်တွေကို မှတ်သားထားခြင်းဖြင့် မိတ်ဆွေရဲ့ဘဝတစ်လျှောက််မှာ မိမိယုံကြည်ကိုးစားခြင်းကို ပိုမိုခိုင်မြဲလာစေမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲကြပါစို့။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော MemLok, (ကျမ်းစာအလွတ်ကျက်စနစ်)ကို ကျေးဇူးတင်လိုပါသည်။ MemLok နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက http://www.MemLok.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။