ယုံကြည်ကိုးစားခြင်းနမူနာ
(ထွက်မြောက်ရာကျမ်း၊ ၁၄း၁၄) လူတွေက၊ “ကိုယ်ဘာသာကို အောင်မြင်ဖို့ ကြိုးစားရတာ မောနေပြီ။ စိတ်ကုန်ပြီ။” လို့ပြောကြတယ်။ ဘုရားသခင်က၊ “အောင်မြင်ဖို့အတွက် အတင်အဓ္ဓမ မလုပ်ပါနှင့်။ ငါလုပ်ပေးမည်။” လို့ မိန့်တော်မူပါတယ်။
(ယောရှုမှတ်စာ၊ ၂၁း၄၅) လူတွေက၊ “ဘုရားသခင်ရဲ့ ကတိတော်တွေက တကယ်တည်မှာလား?” လို့ ပြောကြတယ်။ ဘုရားသခင်က၊ “ငါထားတော်မူသောကတိတော်ရှိသမျှအတိုင်း ပြုတော်မူပြီ။” လို့ မိန့်တော်မူပါတယ်။
(ယောရှုမှတ်စာ၊ ၂၃း၈) လူတွေက၊ “ကျွန်တော် မသည်းခံနိုင်တော့ဘူး။” လို့ ပြောကြတယ်။ ဘုရားသခင်က၊ “ယနေ့တိုင်အောင် ကျင့်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲလော့။”လို့ မိန့်တော်မူပါတယ်။
(သုတ္တံကျမ်း၊ ၂၉း၂၅) လူတွေက၊ “သူများရှေ့မှာ ကျွန်တော် သိပ်မပြောရဲဘူး။” လို့ ပြောကြတယ်။ ဘုရားသခင်က၊ “လူကိုကြောက်ရွံ့ခြင်းသဘောသည် သင်ကို တားဆီးလိမ့်မယ်။”လို့ မိန့်တော်မူပါတယ်။
(တိမောသေဩဝါဒစာပထမစောင်၊ ၆း၁၇-၁၈) လူတွေက၊ “ကျွန်တော်က ကောင်းကောင်း ရင်းနှီးမြှုပ်နှံမှုလုပ်ထားတယ်။ ဘဝတစ်လျှောက်လုံး အဆင်ပြေလိမ့်မယ်။” လို့ ပြောကြတယ်။ ဘုရားသခင်က၊ “မမြဲသောစည်းစိမ်ကို မကိုးစားနှင့်။ ရက်ရောစွာ လှူပါ။”လို့ မိန့်တော်မူပါတယ်။
ယုံကြည်ကိုးစာခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဖော်ပြပါကျမ်းပိုဒ်များကို အလွတ်ကျက်ထားလျှင် မိတ်ဆွေရဲ့အသက်တာ၏နေ့ရက်များတွင် ယုံကြည်စိတ်ချစွာဖြင့် ဘုရားသခင်ထံတော်မှ ငြိမ်သက်ချမ်းသာမှုကို ခံစားနိုင်ပါသည်။ ကျမ်းချက်ကို အလွတ်ကျက်ထားခြင်းအားဖြင့် မိတ်ဆွေ၏အသက်တာကို ပြောင်းလဲစေပါ။
ဤအစီအစဉ်အကြောင်း
ယုံကြည်ကိုးစားခြင်းဟာ ခရစ်ယာန်အသက်တာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားနဲ့ ထိတွေ့ဆက်ဆံနေခြင်း၊ ကျမ်းစာစကားကို အမြဲနှလုံးသွင်းခြင်းအားဖြင့် မိတ်ဆွေရဲ့ ယုံကြည်ကိုးစားခြင်း တိုးပွားစေနိုင်ပါတယ်။ အောက်ပါကျမ်းပိုဒ်တွေကို မှတ်သားထားခြင်းဖြင့် မိတ်ဆွေရဲ့ဘဝတစ်လျှောက််မှာ မိမိယုံကြည်ကိုးစားခြင်းကို ပိုမိုခိုင်မြဲလာစေမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲကြပါစို့။
More