YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝိညာဉ်ပကတိကြောင့်အသက်ရှင်ပါ - ဆရာဂျွန်ပိုက်ပါမှ ဖတ်ရှုဝတ်ပြုအစီအစဉ်နမူနာ

Live By The Spirit: Devotions With John Piper

7 ၏ နေ့ 6

ဝိညာဉ်တော်သည် သေခြင်းတရား၌ ကျွန်တော်တို့ကို ကူညီမစသည်။

ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကို ခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ — (၁ပေ၊ ၄း၁၄)

နာဇီဂျာမန်စစ်သားများသည် ခြိမ်းခြောက်လျက် အဓမ္မမှုကိုပြုလျှင် ဘယ်လိုခံနိုင်မည်နည်းကို မိန်းကလေးတစ်ယောက်အနေနှင့် စိုးရိမ်ပူပန်မိကြောင်း ကောရီထမ်ဘုမ့် (Corrie Ten Boom) က ဖော်ပြခဲ့သည်။ သူမအပေါ် အဓမ္မမှုတစ်ခုခုပြုလျှင် အလွန်အားငယ်မည်ဟု ခံစားခဲ့သည်။ သို့ရာတွင်၊ သူမအဖေသည် သူမကို အလွန်ကောင်းသော ပုံဥပမာတစ်ခု ပေးခဲ့သည်။ သူမအဖေက၊ ရထားနှင့် ခရီးထွက်သောအခါ၊ လက်မှတ်ကို သုံးပတ်လောက် စောပေးမလား (သို့) ရထားပေါ်တက်တဲ့အခါမှာပဲ ပေးမှာလားဟု မေးသည်။ သူမသည်၊ ရထားပေါ်တက်သည့်အခါမှာပါဟု ပြန်ဖြေလိုက်သည်။ ထို့ကြောင့်၊ သမီးမလိုအပ်သည့်အခါမှာ မဟုတ်ဘဲ၊ သေခြင်းတရားကို ရင်ဆိုင်ရသောအခါမှာ၊ ဘုရားသခင် သမီးကို ပေးလိမ့်မည်ဟု သူ့မအဖေက ပြောဆိုခဲ့သည်။

(၁ပေ၊ ၄း၁၄) သည် အကြီးကျယ်ဆုံးသော စုံစမ်းခြင်းခံရချိန်တွင် ဘုရားသခင်သည် မိမိသားသမီးများထံသို့ ချဉ်းကပ်ပြီး မိမိကိုယ်ကို မပြုစုနိုင်သော ရဲစွမ်းသတ္တိနှင့် ယုံကြည်ခြင်းကို ပေးမည်ဟု ကတိပေးထားသည်ကို ကျွန်တော်ယုံကြည်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် မိတ်ဆွေကို သေခြင်းတရား၌ ကူညီမစပါလိမ့်မည်။

ရိုးရာသမိုင်းကောင်းအရ၊ ရှင်ပေါလုသည် နီရို၏ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရသည်။ ရှင်ပေါလု၏ နောက်ဆုံးစာစောင်သည် တိမောသေဩဝါဒစာတုတိယစောင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ရှင်ပေါလု၏ တရားစီရင်ခြင်းကို စတင်နေပြီဖြစ်သည်။ ရောမမြို့တွင်၊ ချုပ်နှောင်ခံထားရလျက် မိမိစစ်သူကြီးအဖို့ အမာရွတ်နှင့်ပြည့်ဝသော စစ်သားဟောင်းကို မြင်ယောင်ကြည့်ပါ။ တရားရုံးရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည်။ သူ့နေ့ရက်များကို ရေတွက်လို့ရသည်ကို လူတိုင်းသိကြသည်။ သူသည် လူတိုင်းသိသူဖြစ်သည်။ သူ့၏ မိတ်ဆွေများသည် သူဘေးတွင် တစ်ယောက်မှ မရပ်ကြ။ သူအပေါ် အပြစ်တင်ခွင့်ကို ဖြေလျှောက်ရသည်။ သူ့အဖို့ နောက်တစ်ကြိမ်သာ ကြားနာရန် ဆုံးဖြတ်ချက်ချပြီး—ထို့နောက်၊ ဘဝနိဂုံးချုပ်လိမ့်မည်။ ရှင်ပေါလုသည် မိမိချုပ်နှောင်သည့်နေရာသို့ ပြန်သွားပြီး ဤစကားများကို တိမောသေထံ ရေးသားခဲ့သည် (၂တိ ၄း၁၆-၁၇)၊ ပထမအချိန်၌ အပြစ်တင်ခွင့်ကို ဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏။ သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော်ကို အကုန်အစင် ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှာ၊ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းချမ်းသာကို ငါရ၏။

ဝိညာဉ်တော်သည် မိတ်ဆွေကို စုတေစေဖို့ ကူညီမစလိမ့်မည်။ သူတစ်ပါးသည် မိတ်ဆွေနှင့်အတူ မရှိသော်လည်း ကိုယ်တော်သည် မိတ်ဆွအနားတွင် ရှိနေလိမ့်မည်။ ကိုယ်တော်သည် မိတ်ဆွေ၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေလိမ့်မည်။ မိမိဘုန်းအသရေကို ပြသလိမ့်မည်။ မိတ်ဆွေ၏ သေခြင်း၌ ခရစ်တော်ကို ဘုန်းကြီးထင်ရှားစေသည့်အခွင့် ပေးလိမ့်မည်။ မယုံနိုင်လောက်သောသတ္တိကို မိတ်ဆွေအဖို့ ပေးလိမ့်မည်။ ဘုန်းကြီးသောဝိညာဉ်တော်သည် မိတ်ဆွေအပေါ်မှာ ကျိန်းဝပ်ပြီး မိမိအိမ်သို့ ပို့ဆောင်သွားလိမ့်မည်။ ဤစကားကို သတိရမိပါစေဟု ဆုတောင်းပေးသည်။

ပိုမိုသိလိုပါက၊ http://www.desiringgod.org/messages/the-holy-spirit-will-help-you-die

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

Live By The Spirit: Devotions With John Piper

ဆရာဂျွန်ပိုက်ပါမှ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း (၇) ရက်တာ အစီအစဉ်

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော John Piper နှင့် Desiring God ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.desiringgod.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။