ဝိညာဉ်ပကတိကြောင့်အသက်ရှင်ပါ - ဆရာဂျွန်ပိုက်ပါမှ ဖတ်ရှုဝတ်ပြုအစီအစဉ်နမူနာ
![Live By The Spirit: Devotions With John Piper](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F3841%2F1280x720.jpg&w=3840&q=75)
ဝိညာဉ်တော်သည် ကျွန်တော်တို့ကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စေသည်။
ထိုကြောင့် ပညာမဲ့ကဲ့သို့ မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူဖြစ်ကြလော့။ လွန်ကျူးစေတတ်သောစပျစ်ရည်နှင့် ယစ်မူးခြင်းကို ရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့။—(ဧ၊ ၅း၅-၁၈)
လူများသည် အရက်ကို ဘာကြောင့် အလွန်စွဲလမ်းကြသလဲ။ ပျော်ရွှင်စရာကောင်းသည့် နာရီတစ်ခုအတွက်ပါ။ ကျွန်တော်တို့အားလုံး ပျော်ရွှင်ချင်ကြသော်လည်း ပြဿနာတစ်ခုရှိသည်–ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်ပါသည်။ (ဧ၊ ၅း၁၆)
ဤဆိုးယုတ်သောနေ့ရက်ကာလမှာ၊ ကြောက်ရွံ့သောစိတ် (သို့) စိတ်ဓာတ်ကျခြင်း (သို့) စိတ်ပျက်ခြင်း (သို့) စိုးရိမ်သောကရောက်သောအခါ ဘယ်လို့လှည့်သွားနိုင်မလဲ။ ရှင်ပေါလုသည် ကျွန်တော်တို့အား ဤသို့တောင်းပန်ခဲ့သည်– အရက်ထံ မလှည့်နှင့်။ ဝိညာဉ်တော်ထံ လှည့်သွားလိုက်ပါ။ အရက်၏ ယူဆောင်လာနိုင်သည့် အကျိုးကျေးဇူးထက်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် အကျိုးကျေးဇူးကို ပိုမိုယူဆောင်လာနိုင်သည်။
လူတချို့သည် ဘဝအကြောင်း အလွန်တရာ စိတ်ပူပန်မှုများရှိကြသောကြောင့် အလုပ်ချိန်တွင်၊ ပျော်ရွှင်တဲ့တေးသွားများမဆိုညည်းနိုင်သော်လည်း၊ ထိုလူတို့သည် နေစောင်းချိန်၊ ဘီယာဆိုင်သို့ရောက်သောအခါ၊ အရက်သောက်လျက် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်လျက် သီချင်းဆိုလျက် ရယ်မောနိုင်ကြသည်။
ကျွန်တော်တို့အားလုံးသည် သောကမရှိဘဲ၊ အနှောင့်အယှက်ကင်းပြီး ပျော်ရွှင်ချင်ကြသည်။ ရှင်ပေါလု၏ ခေတ်ကာလကဲ့သို့ပင် ကျွန်တော်တို့ခေတ်ကာလ၏ အဖြစ်ဆိုးမှာ လူအများအပြား (ခရစ်ယာန်များအပါအဝင်ပင်) သည် ကလေးနှင့်တူသော လွတ်လပ်မှုကို ရှာဖွေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ အရက်သေစာသောက်စားခြင်းဖြင့် မိမိတို့ကိုယ်ကို မူးယစ်စေသည်ဟု ယူဆကြသည်။ ထိုအဓမ္မမှုပြုခြင်းသည် ဘုရားသခင်၏ စိတ်တော်ကို မတွေ့နိုင်ပေ။ ထို့ကြောင့်၊ ရှင်ပေါလုသည် ဤသို့ဆိုသည် – ဆိုးယုတ်သောနေ့ရက်များကို ကျော်လွှာစေဖို့ ပိုမိုကောင်းမွန်သောနည်းလမ်းတစ်ခုရှိသည်—ဝိညာဉ်တော်နှင့် ပြည့်ဝပြီး၊ သခင်ဘုရားအဖို့ သီချင်းဆို၍ တေးဆိုရသောနှိုင်းမဲ့ရွှင်လန်းခြင်းကို ရရှိခံစားလိမ့်မည်။
ထို့ကြောင့်၊ ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းဟူသည် အဘယ်အရာကို ဆိုလိုသလဲ။
ခမည်းတော်ဘုရားနှင့် သားတော်ဘုရား အချင်းချင်း၌ မွေ့လျော်ခြင်းဖြင့်၊ ခမည်းတော်ဘုရားနှင့် သားတော်ဘုရားကြားတွင် အမြဲစီးဆင်းနေသည့် ရွှင်လန်းသောဝိညာဉ်သည်၊ ကျွန်တော်တို့ကို ဝမ်မြောက်ခြင်းနှင့် ပြည့်ဝစေသောဝိညာဉ်တော်ပင် ဖြစ်သည်။ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းဆိုသည် သန့်ရှင်းသောသုံးပါးတစ်ဆူကြားတွင် စီးဆင်းနေသော ရွှင်လန်းခြင်းကို ဝင်စားပြီး ခမည်းတော်ဘုရားနှင့် သားတော်ဘုရား၏ အချင်းချင်းချစ်သော မေတ္တာတော်ဖြင့် ခမည်းတော်ဘုရားနှင့် သားတော်ဘုရားကို ချစ်နိုင်စေရန် ဆိုလိုသည်။
ဝိညာဉ်တော်သည် ကျွန်တော်တို့၏ ပူပန်သောကတောတောင်ကို ဖြတ်၍ ရွှင်လန်းသောကျက်စားရာအရပ်ထံသို့ ရောက်စေသောလမ်းသည် ယုံကြည်ခြင်းလမ်းဖြစ်သည်။ ရှင်ပေါလု၏ အဆိုအရ၊ ဝိညာဉ်တော်နှင့်ပြည့်ဝစေသည့်နည်းလမ်းမှာ မျှော်လင့်ခြင်း၏ အရှင်၊ ဘုရားသခင်သည် အမှန်တကယ်စိုးစံကြောင်းကို ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်—သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့ မကျရ။ (မ၊ ၁ဝး၂၉)—ကိုယ်တော်သည် မိတ်ဆွေအဖို့နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ယုံကြည်သူအပေါင်းတို့အတွက် ဤလောကကို အုပ်ချုပ်စီရင်ပါသည်။ ၎င်းကို ယုံကြည်လက်ခံသောအခါ၊ မိတ်ဆွေသည် သန့်ရှင်သောဝိညာဉ်တော်နှင့်လည်းကောင်း၊ ဝမ်းမြောက်ခြင်းနှင့်လည်းကောင် ပြည့်ဝစေလိမ့်မည်။
ပိုမိုသိပါက၊ http://www.desiringgod.org/messages/be-filled-with-the-spirit
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
![Live By The Spirit: Devotions With John Piper](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F3841%2F1280x720.jpg&w=3840&q=75)
ဆရာဂျွန်ပိုက်ပါမှ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း (၇) ရက်တာ အစီအစဉ်
More