ဝိညာဉ်ပကတိကြောင့်အသက်ရှင်ပါ - ဆရာဂျွန်ပိုက်ပါမှ ဖတ်ရှုဝတ်ပြုအစီအစဉ်နမူနာ
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော်တို့ကို လုံခြုံစေသည်။
သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကို ကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ။ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနုတ်တော်မူခြင်းသို့ မရောက်မီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏ စရန်ဖြစ်တော်မူ၏။' (ဧဖက်၊ ၁း၁၃-၁၄)
မိမိလူမျိုးများအဖို့ ဘုရားသခင်၏ ကြီးမြတ်သောအလိုတော်မှာ ကျွန်တော်တို့သည် သူ၏မေတ္တာတော်နှင့် တန်ခိုးတော်၌ လုံခြုံစိတ်ချစေဖို့သာဖြစ်သည်။ ကျွန်တော်တို့၏ ကျန်းမာရေး၊ မိသားစုရေး၊ စီးပွားရေး၊ ပညာရေး၊ အသိုင်းအဝိုင်းနှင့် လောကကြီးအပါအဝင်၊ ဘဝရှိရှိသမျှသည် မတည်မြဲနိုင်ပေ။ ထိုမသေချာသောအရာများကို ကြုံသောအခါ၊ မိတ်ဆွေသည် မမှန်းနိုင်သောလေထဲတွင် ရှိလျက် အလွန်မြင့်သောတိုက်၏ ထိပ်ဖျား၌ ရပ်နေသလို ခံစားနိုင်သည်။ မိမိဟန်ချက်ကို တစ်ဖြည်းဖြည်းပျက်လျက် လဲကျလာပြီး အုတ်များကို ဆွဲချုပ်ထားသည့် အင်္ဂတေသားများကို ခြစ်ချသလိုဖြစ်လာသည်။
ဘုရားသခင်သည် မိမိဘုန်းတော်မြတ်အဖို့ ခပ်သိမ်းသောအမှုကို စီရင်ပြုပြင်တော်မူပြီ။ နှုတ်ကပတ်တော်တရားကို ယုံကြည်လက်ခံခြင်းဖြင့် ထိုဘုန်းတော်ကို ပိုမိုချီးပင့်မြှောက်စားစေသောကြောင့်၊ ဘုရားသခင်သည် မိမိဘုန်းတော်ကို ထာဝရချီးပင့်မြှောက်စားစေဖို့အတွက် တိကျပြတ်သားသောအမှုများကို စီရင်ပြုစုသည်။ ကိုယ်တော်သည် ယုံကြည်သူကို သန့်ရှင်းသောဝိညာည်တော်ဖြင့် တံဆိပ်ခတ်ပြီး၊ ကိုယ်တော်၏ ဘုန်းတော်ကို ချီးမွမ်းလျက် အမွေတော်ထဲသို့ ဝင်စားနိုင်မည်အကြောင်း အာမခံပေးပါသည်။
ဘုရားသခင်သည် မိမိဘုန်းတော်ကို ချီးမွမ်းစေဖို့ ထာဝရအသက်ရှင်သောသူများဟူသော မိမိလူမျိုးတော်ကို လုံခြုံစေရန် အလွန်စိတ်အားကြီးစွာ ဓိဋ္ဌာန်ပြုသောကြောင့်၊ ကျွန်တော်တို့၏ ထာဝရကာလသည် ကျွန်တော်တို့၏ ဇာတိပကတိပြုစုသည့် မကောင်းသောစိတ်ဓာတ်နှင့် အကျင့်များအပေါ်တွင် မူတည်နေမည် မဟုတ်ပေ။ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်တို့၏ အသက်တာထဲသို့ ဝင်ရောက်ပြီး ထာဝရလုံခြုံခြင်းကိုပေးဖို့ စေလွှတ်ထားပြီးဖြစ်သည်။
ဘုရားသခင်သည် ကျွန်တော်တို့၏ သားဖြစ်ခြင်းကို တရားဝင်ကြောင်းသက်သေပြစေဖို့သော်လည်းကောင်း၊ အဖျက်စွမ်းအားများကို ကာကွယ်ဖို့သော်လည်းကောင်း၊ ကျွန်တော်တို့၏ ယုံကြည်ခြင်းကို သေချာစွာ သော့ခတ်ထားရန်သော်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်အား စေလွှတ်ထားသည်။ အဓိကအချက်မှာ ဘုရားသခင်သည် ကျွန်တော်တို့ကို မိမိမေတ္တာတော်နှင့် တန်ခိုးတော်၌ စိတ်ချလျက် လုံခြုံစေမည်အကြောင်း အလိုတော်ရှိသည်။
(ဧ၊ ၁:၁၄) မှာ၊ ဘုရားသခင်က၊ ငါ့ကို ယုံကြည်သောသူသည် ငါ၏ ချစ်ခြင်းမေတ္တာ၌ လုံခြုံနေပြီဟု ခံစားနိုင်မည်အကြောင်း ငါ့ကြီးမားလှသောစိတ်ဆန္ဒတော် ရှိသည်။ လောကမတည်မရှိမီ မိတ်ဆွေတို့ကို ငါရွေးကောက်ပြီ။ မိတ်ဆွေကို ငါ့သားသမီးများဖြစ်ဖို့ ငါကြိုတင်သတ်မှတ်ထားပြီ။ ငါ့သားတော်၏ အသွေးတော်အားဖြင့် မိတ်ဆွေတို့ကို ငါရွေးနုတ်ပြီ။ ငါ၏ ဝိညာဉ်တော်ကို မိတ်ဆွေတို့အထဲမှာ တံဆိပ်ခတ်ခြင်းနှင့် အာမခံချက်အဖြစ် ငါထားပြီ။ ထိုကြောင့်၊ မိတ်ဆွေသည် အမွေခံရ၍ ငါ့ကျေးဇူးတော်၏ ဘုန်းအသရေကို နိစ္စထာဝရ ချီးမွမ်းရလိမ့်မည်။
(ဧ၊၁) မှာ၊ ဤအရာကို ငါဆိုသည်ကား၊ ငါသည် မိတ်ဆွေကို ငါ့မေတ္တာတော်နှင့် တန်ခိုးတော်၌ လုံခြုံသည်ဟု ရရှိခံစားစေလိုသောကြောင့်၊ ငါသည် မိတ်ဆွေကို ပြဿနာကင်းသောအသက်တာပေးမည်ဟု ကတိမထားဘဲ၊ အကယ်စင်စစ်၊ မိတ်ဆွေသည် များပြားသောဆင်းရဲဒုက္ခကို ခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်။ (တ၊ ၁၄း၂၂) ငါထပ်ပြောပါရစေ - ငါသည် မိတ်ဆွေကို ရွေးပြီ။ ငါသည် မိတ်ဆွေကို ကယ်နုတ်ပြီ။ ငါ၏ ဝိညာဉ်တော်အားဖြင့် မိတ်ဆွေကို တံဆိပ်ခတ်ပြီ။ မိမိကယ်တင်ခြင်း၌ ငါ၏ ကျေးဇူးတော်ဂုဏ်အသရေကို ချီးမွမ်းစေဖို့ စိတ်အားကြီးစွာ ဓိဋ္ဌာန်ပြုသောကြောင့်၊ မိတ်ဆွေ၏ အမွေသည် သေချာပါသည်။
ပိုမိုသိလိုပါက၊http://www.desiringgod.org/messages/sealed-by-the-spirit-to-the-day-of-redemption
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆရာဂျွန်ပိုက်ပါမှ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း (၇) ရက်တာ အစီအစဉ်
More