YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရှု၊ ကိုယ်တော်ကို ကျွန်ုပ်လိုပါ၏နမူနာ

Jesus, I Need You! Prayer

3 ၏ နေ့ 3

ယနေ့၏ ဆုတောင်းချက်

အရှင်ယေရှုဘုရား၊ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါ၏။ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကို ချီးမွမ်းပါ၏။ အရှင်ယေရှုဘုရား၏ ကရုဏာတော်အနန္တ၊ အသက်တော်ကို စွန့်ခြင်း၊ သင်္ဂြိုလ်ခြင်းနှင့် ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်ကို ကယ်တင်ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ အကျွန်ုပ်ကို ကယ်မ၍ ထာဝရအသက်ကို ရစေခြင်းငှာ အကျွန်ုပ်၏ အပြစ်ကို ခံယူလျက် သေခံခဲ့သည့်အတွက် ကျေးဇူးတင်ပါ၏။ အကျွန်ုပ်၏ အသက်တာသည် ကိုယ်တော်၏ လက်တော်ထံသို့ အပ်နှံပါ၏။ ကိုယ်တော်၏ မဟာနာမတော်နှင့် နှုတ်ကပတ်တော်တရားကို ချီးမြှောက်ပါ၏။ ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။ အကျွန်ုပ်သည် ထာဝရဘုရား၌ မွေ့လျော်၍၊ ရတနာကဲ့သို့ ရှာဖွေပြီး၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များအားဖြင့် အံ့ဩစေလျက် ကိုယ်တော်၏ ရွှေဘုန်းတော်ကို ထင်ရှားလိုပါ၏။

အရှင်ယေရှုဘုရားနှင့် အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြပါ၏။ အကျွန်ုပ်သည် ဆင်းရဲသည်ဖြစ်ပါစေ၊ ချမ်းသာသည်ဖြစ်ပါစေ၊ အောင်မြင်သည်ဖြစ်ပါစေ၊ ဆုံးရှုံးသည်ဖြစ်ပါစေ၊ နာမကြီးသောသူဖြစ်လာပါစေ၊ သာမညသောသူဖြစ်လာပါစေ၊ အားရသည်ဖြစ်ပါစေ၊ အားနည်းသောသူဖြစ်ပါစေ၊ ကိုယ်တော်၌ မျှော်လင့်လျက် ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်လိုပါ၏။ အရာရာ၌ ကိုယ်တော်ကို ချစ်မြတ်နိုးပြီး ကိုယ်တော်၌ မွေ့လျော်လျက် ဘုန်းတော်ကို ထင်းရှားနိုင်မည့်အကြောင်း မစတော်မူပါ။ ကိုယ်တော်၌ တည်နိုင်မည့်အကြောင်း ကျေးဇူးပြုတော်မူပါ။

ဤသင်္ခါရလောက၌...

သောကမီးကို လောင်သောအခါ၊

ကြောက်သောစိတ်ကို ထသောအခါ၊

ဒေါသမီးကို ထွက်သောအခါ၊

သံဝေဂကို ပေါ်လာစေသောအခါ၊

စိတ်ဓာတ်ကျသောအခါ၊

အကျွန်ုပ်သည်...

သောကီကို ဦးစားမပေးဘဲလျက်၊

ကြောက်သောစိတ်ကို ဦးစားမပေးဘဲလျက်၊

ဒေါသမီးကို ဦးစားမပေးဘဲလျက်၊

သံဝေဂကို ဦးစားမပေးဘဲလျက်၊

စိတ်ဓာတ်ကျခြင်းကို ဦးစားမပေးဘဲလျက်၊

ကိုယ့်ကိုယ်ကို စိတ်နှိမ့်ချစေပြီး၊

ကိုယ်တော်၏ လက်တော်ကြီးအောက်၌ နေထိုင်၍၊

မိမိစိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံနိုင်ပါပြီ။

အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ သတိနှင့်ကြည့်ရှုတော်မူပါ၏။

အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ၏။ (ယော၊ ၁၄း၁၄) တွင်၊ သင်တို့သည် ငါ၏နာမကို အမှီပြု၍ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်ဟု ကတိတော်တစ်ပါး ရှိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ပတ္ထနာအသံကို နားတောင်တော်မူ၏ (ယော၊ ၁၄း၁၃-၁၄)။ အို ဘုရားသခင်၊ အရာရာ၌ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ ပတ္ထနာစကားကို မှတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင်သောသူ ဖြစ်တော်မူ၏။ အကျွန်ုပ်သည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်ပါလိမ့်မည်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

ကျေးဇူးတော်ပါပဲ။ ယေရှု၊ ကိုယ်တော်ကို ကျွန်ုပ်လိုပါ၏အစီစဉ်ကို ဖတ်ရှုပြီးသွားပြီ။ အရှင်ယေရှုဘုရားအကြောင်းကို ပိုမိိုသိလိုပါက၊ ဓမ္မစာပေဌာန သို့ ဝင်ကြည့်၍၊ ယေရှု၊ ကိုယ်တော်ကို ကျွန်ုပ်လိုပါ၏ ဓမ္မစာပေကို ဖတ်ရှုလေ့လာလိုက်ပါ။ Youversion အက်ပ်တွင်၊ အခြား Thistlebend Ministries အစီစဉ်များကို ရှာဖွေလိုက်ပါ။

နေ့ 2

ဤအစီအစဉ်အကြောင်း

Jesus, I Need You! Prayer

မိတ်ဆွေသည် အရှင်ယေရှုဘုရားကို လိုနေပါသလား။ ဤ (၃) ရက်တာ ဆုတောင်းအစီစဉ်တွင်၊ ကိုယ်တော်ဘုရားထံ အော်ဟစ်စေ၍ မိတ်သဟာယကို ပိုမိုဖွဲ့စေဖို့ အကူအညီ ပေးပါမည်။ ဤအစီစဉ်နှင့် အခြား Thistlebend Ministries အစီစဉ်များကို ဖတ်ရှုလေ့လာလိုက်ပါ။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Thistlebend Ministries ကို အထူးကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.thistlebend.org သို့ ကြည့်ရှုနိုင်ပါသည်။