YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရှု၊ ကိုယ်တော်ကို ကျွန်ုပ်လိုပါ၏နမူနာ

Jesus, I Need You! Prayer

3 ၏ နေ့ 2

ယနေ့၏ ဆုတောင်းချက်

ယေရှု၊ ကိုယ်တော်ကို ကျွန်ုပ်လိုပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ သခင်၊ ဘုရင်၊ ဘုရားနှင့် ကယ်တင်ရှင်မြတ် ဖြစ်ပါ၏။ ကိုယ်တော်ကို ချီးမွမ်းရန် အလွန်ထိုက်တန်လှပါ၏။ အကျွန်ုပ်သည် လောကီပုံသဏ္ဌာန်ကို မဆောင်ဘဲ၊ ဤလောကနှင့် မိတ်သဟာယကို မဖွဲ့ဘဲ ကိုယ်တော်ဘုရားသခင်အား သာ၍သိကျွမ်းနိုင်မည့်အကြောင့် ကျေးဇူးတော်ကို ပေးတော်မူပါ။ ကိုယ်တော်ဘုရားမှတစ်ပါး အခြားဘုရားများကို မရှိခိုးချင်ပေ။ လောကီလမ်းကို မလိုက်ချင်ပါ။ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်လိုပါ၏။ ခရစ်တော်၌ တည်ချင်လျက် ခရစ်တော်နှင့်အတူ သွားလာလိုပါ၏။ စိတ်နှလုံးတော်နှင့် ညီညွတ်သောသူတစ်ဦး ဖြစ်လိုပါ၏။ ကိုယ်တော်၏ သမ္မာတရားသည် ကျွန်ုပ်၏ နှလုံးထဲသို့ ထားလိုပါ၏။ ဘုရားရှင်၏ နှုတ်ကပတ်တော်ကို သိချင်ရုံသာမက၊ ကျွန်ုပ်၏အပြစ်ကို စွန့်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သိကျွမ်း၍ လိုက်လိုသောစိတ်ဆန္ဒ ရှိပါ၏။ ကိုယ်တော်၏ ကျေးဇူးတော်အားဖြင့် အကျွန်ုပ်၏ အပြစ်အားနည်းခြင်းကို သိပြီး နောင်တရ၍ အပြစ်တရားမှ လွတ်မြောက်စေလိုပါ၏။ အကျွန်ုပ်သည် ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူဦး ဖြစ်စေခြင်းငှာ ကောင်းကြီးပေးတော်မူပါ။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်စေဖို့ ကူညီမစတော်မူပါ။

ယေရှု၊ ကိုယ်တော်ကို ကျွန်ုပ်လိုပါ၏။ အကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊ ဤကမ္ဘာမတည်မရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။ ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ အကျွန်ုပ်တို့၌ အတိုင်းထက် အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်တို့ ခံရကြ၏ဟု အစဉ်အမြဲ အောက်မေ့သတိရစေဖို့ ကူညီမစတော်မူပါ။ ၎င်းသမ္မာတရားကို ထောက်လျက် အသက်ရှင်လိုပါ၏။ သွားလေအရာရာ၌ နာရီတိုင်း၊ မိနှစ်တိုင်း၊ စက္ကန့်တိုင်းမှာ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေဖို့ ကိုယ်တော်၏ ကျေးဇူးတော်၊ တန်ခိုးတော်နှင့် မေတ္တာတော်ကို လိုအပ်ပါ၏။ အကျွန်ုပ်သည် ပေါ့ပေါ့ပါးပါး မနေဘဲ စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှဖြင့် ကိုယ်တော်ကို ချစ်လျက် ရှိခိုးလိုပါ၏။ ကိုယ်တော်၏ ဝိညာဉ်တော်သည် အကျွန်ုပ်ထဲ ကိန်းဝပ်လျက် ကျွန်ုပ်၏ ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို စီရင်တော်မူပါ။ အကျွန်ုပ်၏ ဝမ်းမြောက်ခြင်းနှင့် အစွမ်းသတ္တိတို့သည် ကိုယ်တော်၌ တွေ့ရပါ၏။

ယေရှု၊ ကိုယ်တော်ကို ကျွန်ုပ်လိုပါ၏။ ကိုယ်တော်ကို သိကျွမ်း၍ သွားလေအရာရာ၌ ကိုယ်တော်နှင့်အတူရှိစေခြင်းငှာ သခင်၏ မဟာမေတ္တာကရုဏာကျေးဇူးတော်ကို ပေးသနားတော်မူပါ။ သမ္မာကျမ်းစာဖတ်ရှုစဉ်တွင်ဖြစ်သော်လည်းကောင်း၊ ဓမ္မသီချင်းဖြင့် ချီးမွမ်းစဉ်တွင်ဖြစ်သောလည်းကောင်း၊ အရာရာ၌ အကျွန်ုပ်၏ လောကီအခြေအနေကို မထောက်ရှုဘဲ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့လျက် ကိုယ်တော်၏ ကောင်းမြတ်ခြင်းကို ကြည့်ရှုနိုင်မည့်အကြောင်း ကောင်းချီးပေးတော်မူပါ။ ကိုယ်တော်ဘုရားမှတစ်ပါး အခြားဘုရားကို မလိုမရှိ။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။

(ယော၊ ၁၄း၁၄) တွင်၊ သင်တို့သည် ငါ၏နာမကို အမှီပြု၍ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်ဟု ကတိတော်ကို ပေးထားသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Jesus, I Need You! Prayer

မိတ်ဆွေသည် အရှင်ယေရှုဘုရားကို လိုနေပါသလား။ ဤ (၃) ရက်တာ ဆုတောင်းအစီစဉ်တွင်၊ ကိုယ်တော်ဘုရားထံ အော်ဟစ်စေ၍ မိတ်သဟာယကို ပိုမိုဖွဲ့စေဖို့ အကူအညီ ပေးပါမည်။ ဤအစီစဉ်နှင့် အခြား Thistlebend Ministries အစီစဉ်များကို ဖတ်ရှုလေ့လာလိုက်ပါ။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Thistlebend Ministries ကို အထူးကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.thistlebend.org သို့ ကြည့်ရှုနိုင်ပါသည်။