YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရှု၊ ကိုယ်တော်ကို ကျွန်ုပ်လိုပါ၏နမူနာ

Jesus, I Need You! Prayer

3 ၏ နေ့ 1

ဤအချိန်ကာလတွင်၊ ကျွန်တော်တို့သည် မောဟများသောကြောင့် မိမိအတ္တကို မမြင်ဘဲ ဆင်းရဲဒုက္ခသို့ ရောက်လွယ်လှသည်။ ထို့ကြောင့်၊ ကျွန်တော်တို့ အလွန်လိုအပ်သည်မှာ ခရစ်တော်နှင့် ပြည့်ဝစေဖို့ ဖြစ်သည်။ ကျွန်တော်တို့သည် ယုံကြည်သောမိသားစုနှင့် ကြီးပြင်းလာသည်ဖြစ်ပါစေ၊ မယုံကြည်သောမိသားစုနှင့် ကြီးပြင်းလာသည်ဖြစ်ပါစေ၊ ကျွန်တော်တို့၏ ဗီဇအပြစ်အားဖြင့် ဘုရားသခင်၏ နည်းလမ်းများနှင့် ကျွန်တော်တို့နည်းလမ်းများ မည်မျှကွာခြားသည်ကို သိရန် ခက်ခဲစေသည်။ ကျွန်တော်တို့သည် သမ္မာသတိလျစ်ပြီး လောကီပုံသဏ္ဌာန်ကို ဆောင်လျက် မကောင်းသောအကျင့်စာရိတ္တကို စတင်ကျင့်စေတတ်သည်။

(ဖိ၊ ၁း၂၁) တွင်၊ ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏ဟု တမန်တော်ကြီး ရှင်ပေါလု ပြောဆိုခဲ့သည်။ အစမှာ၊ ရှင်ပေါလုသည်သည် ခရစ်တော်အတွက် မသက်ရှင်ခဲ့ဘူး။ သူသည် ဒမာစကတ်မြို့သို့သွားသောလမ်းတွင် အရှင်ယေရှုဘုရား၏ ဘုန်းအသရေကို တွေ့မြင်ပြီးနောက် ယေရှုခရစ်တော်အတွက် စတင်ရှင်သန်စေခဲ့သည် (တ၊ ၉း၁-၁၉)။ အရှင်ယေရှုဘုရားသည် အလုံးစုံ၏အရှင် ဖြစ်တော်မူသည်။ (မ၊ ၆း၂၅-၃၃) တွင် မိန့်မှာထားသည့်အတိုင်း၊ ကိုယ်တော်အား အော်ဟစ်၍ အရာရာ၌ ကိုယ်တော်ကို အားကိုးနိုင်မည့်အကြောင်း ဆုတောင်လိုက်ပါ။

ကိုယ်တော်မပါလျှင် လောကဓံတရား၌ ဆက်လက်မကျင်လည်နိုင်ပေ။

အရှင်ယေရှုဘုရား၊ ကိုယ်တော်သည်၊ စိတ်ကူးတစ်ခု၊ ပညာတော်တစ်ခု၊ ဓမ္မပေဒတစ်ခု (သို့) အကြောင်းအရာတစ်ခု မဟုတ်ပေ။ ကိုယ်တော်ကို လိုအပ်နေပါ၏။ အကျွန်ုပ်၏ မိသားစု၊ မိတ်ဆွေများနှင့် သူတစ်ပါးတို့ သိကျွမ်းတာထက် ကိုယ်တော်မြတ်ကို သိကျွမ်းစေဖို့ လိုပါ၏။ ကိုယ်တော်နှင့်အတူ ထိုင်ပြီး မိတ်သဟာယဖွဲ့လျက် ဘဝအကြောင်းကို မေးမြန်းလျက် နေလိုပါ၏။ ကိုယ်တော်ဘုရားနှင့် တစ်လုံးတစ်ဝတည်း ဖြစ်ပြီး ကိုယ်တော်၏ နှုတ်တော်မှထွက်သော သစ္စာစကားကို ကြားလိုပါ၏။ ကိုယ့်ဘာသာကို မရပ်တည်နိုင်ဘဲ ကိုယ်တော်၏ မဟာမေတ္တာကရုဏာကျေးဇူးတော်ကို လိုအပ်နေပါ၏။

ယနေ့၊ အဆုံးသတ်အနေနှင့် (မ၊ ၆း၂၅-၃၃) ကို ဖတ်ရှုပါလိမ့်မည်။ မနက်ဖြန်နှင့် နောက်နေ့များတွင် ကျွန်တော်တို့၏ ဆုတောင်းလမ်းညွှန်အတိုင်း ဆုတောင်းနိုင်ပါသည်။ ဘုရားသခင်၏ မဟာနာမတော်မြတ်ကို သာ၍ဘုန်းကြီးပါစေ။

နေ့ 2

ဤအစီအစဉ်အကြောင်း

Jesus, I Need You! Prayer

မိတ်ဆွေသည် အရှင်ယေရှုဘုရားကို လိုနေပါသလား။ ဤ (၃) ရက်တာ ဆုတောင်းအစီစဉ်တွင်၊ ကိုယ်တော်ဘုရားထံ အော်ဟစ်စေ၍ မိတ်သဟာယကို ပိုမိုဖွဲ့စေဖို့ အကူအညီ ပေးပါမည်။ ဤအစီစဉ်နှင့် အခြား Thistlebend Ministries အစီစဉ်များကို ဖတ်ရှုလေ့လာလိုက်ပါ။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Thistlebend Ministries ကို အထူးကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.thistlebend.org သို့ ကြည့်ရှုနိုင်ပါသည်။