YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှိသမျှစွန့်၍ - အကျဉ်းသားများရေးသော လှုံ့ဆော်ဓမ္မစာနမူနာ

I Surrender: Inspirational Devotions Written by Prisoners

4 ၏ နေ့ 3

အရှင်ယေရှုဘုရားက ဒီနေရာမှာ ရှိပါတယ်

ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်းကောင်း လိုက်ခြင်းငှာ အသင့်ရှိပါ၏ (လု၊ ၂၂း၃၃)။

ရှင်ပေတရုက အရှင်ယေရှုဘုရားနောက်သို့ လိုက်ရန် ဓိဋ္ဌာန်ပြုခဲ့တယ်။ သူက ကိုယ်တော်နှင့်အတူ ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်းကောင်း လိုက်ခြင်းငှာ အသင့်ရှိပါတယ်လို့ ပြောဆိုခဲ့တယ်။ ရှင်ပေတရုက စေတနာရှိသော်လည်း ဆင်းရဲဒုက္ခရောက်တဲ့အခါ တော်တော်ကျရှုံးခဲ့တယ်။ သို့သော်၊ အရှင်ယေရှုဘုရားသည် ရှင်ပေတရုကို သည်းခံလျက် ဆုတောင်းပေးခဲ့တယ်။

ကျွန်တော်တို့လည်း ကျရှုံးဖူးခဲ့တယ် မဟုတ်ပါလား။ ကျွန်တော်တို့လည်း အရှင်ယေရှုဘုရားကို အတင်းအဓမ္မ ငြင်ပယ်ပြီး သမ္မာတရာလမ်းမှ လွဲသွား၍ ကျရှုံးခြင်းသို့ ရောက်ဖူးတဲ့မဟုတ်ပါလား။ အရှင်ယေရှုဘုရားကို မြော်ကြည့်လျက် မျှော်လင့်လိုက်ပါ။ ကိုယ်တော်က မိတ်ဆွေကို မစွန့်ဘဲ နေတယ်။ သူရဲ့မေတ္တာတော်ကို မကုန်သေးဘူး။ ကိုယ်တော်က ကျွန်တော်တို့အတွက် ဆုတောင်းပေးထား၍ ကျွန်တော်တို့ရဲ့ ကျရှုံးမှုများရှိနေသော်လည်း၊ ကျွန်တော်တို့ကို ချီမြှောက်စေပြီး၊ ကျွန်တော်တို့ရဲ့ မျက်ရည်ကို သုတ်လျက်၊ ကျွန်တော်တို့ရဲ့ ကြေကွဲသောနှလုံးသားများကို ကုသပေးရန်အတွက် အသင့်ရှိပါတယ်။

ကျွန်တော်တို့သည် မိမိပြုထားတဲ့ ကတိကဝတ်များနှင့် ယေရှုထံပေးထားသောကတိများကို လိုက်နာလျက် ဘုရားသခင်၏ လူသားဖြစ်စေရန် အသင့်ရှိနိုင်ပါပြီ။ ကျွန်တော်တို့၏ အခြေအနဘယ်လိုပဲရှိပါစေ၊ အကျဉ်းခန်းရဲ့အမှောင်ထဲတွင်ပင် အရှင်ယေရှုဘုရားက ကျွန်တော်တို့နှင့်အတူ ရှိနေပါတယ်။ ခွန်အားရယူလျက်၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်းကောင်း လိုက်ခြင်းငှာ အသင့်ရှိပါတယ်လို့ ရဲရင့်စွာ ပြောဆိုကြပါစို့။

မှ

ကိုဗီယာ (Javier)။

ဆုတောင်းပတ္ထနာ။ကိုယ်တော်၊ အကျွန်ုပ်တို့သည် မကြာခဏ ကျရှုံးသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့အပေါ် အရှုံးမပေးသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အာမင်။

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

I Surrender: Inspirational Devotions Written by Prisoners

သမ္မာကျမ်းစာသည် ကယ်နုတ်ခြင်း၊ လွတ်မြောက်ခြင်းနှင့် မျှော်လင့်ခြင်းဆိုင်ရာ စာအုပ်တစ်အုပ် ဖြစ်သည်။ သမ္မာကျမ်းစာတွင် အဖြေရှာနေသည့် ခက်ခဲကြမ်းတမ်းသောပုဂ္ဂိုလ်များ ပါရှိသည်။ ၎င်းပုဂ္ဂိုလ်များတို့သည် ဤအစီစဉ်ကို ရေးသားခဲ့သော အကျဉ်းသားဟောင်းများနှင့် အလွန်တူပါသည်။ ထောင်ရှိ ယုံကြည်သူများ၏ ဓမ္မစာအားဖြင့် ခွန်အားရလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ သူတို့၏ သက်သေခံချက်အားဖြင့် ကျွန်တော်တို့အားလုံးကို လွတ်မြောက်ချမ်းသာ ရရှိခံစားပါစေ။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် Prison Fellowship အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.prisonfellowship.org/resources/subscribe သွားရောက်ကြည့်ရှုပါ။