ရှိသမျှစွန့်၍ - အကျဉ်းသားများရေးသော လှုံ့ဆော်ဓမ္မစာနမူနာ
ကန်းသောမျက်စိ မြင်နေပြီ
ငါ့ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှာ သာ၍ ငါအလိုရှိ၏ (၂ကော၊ ၁၂း၉)။
အရင်မှာ၊ ကျွန်တော်ဟာ အောင်မြင်ပြီး တအားချမ်းသာတဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့၊ အကျဉ်းကျနေသူတွေကို ကူညီဖို့ ဘုရားသခင်က ကျွန်တော်ခံစားရတဲ့ အောင်မြင်မှုကို အသုံးပြုတော်မမူလို့ နားလည်သဘောပေါက်သွားခဲ့တယ်။ ဘုရားသခင်ရဲဲ့ နိုင်ငံတော်မှာ အဲဒီလောကီအောင်မြင်ခြင်းကို အလကားပါပဲ။ အကယ်၍၊ ကျွန်တော့်ဘဝရဲ့ အကြီးကျယ်ဆုံး အောင်မြင်ခြင်းဟာ ကျွန်တော်ရဲ့ အကြီးကျယ်ဆုံးတဲ့ ကျရှုံးမှုမှ လာပါတယ်- ကျွန်တော်က ပြစ်ဒဏ်ချမှတ်သူဟောင်းတစ်ယောက် ဖြစ်တယ်တကား။ ကျွန်တော်ရဲ့ အရှက်ရဆုံးနေ - ထောင်ကျသွားချိန်တွင် - ဘုရားသခင်က ကျွန်တော်ကို စတင်အသုံးပြုခဲ့တာပါပဲ။ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေဖို့ ကျွန်တော်ရဲ့ သိက္ခာကျခြင်းကို အသုံးပြုခဲ့တယ်။
ဒီအံ့ဩဖွယ်ရာ သမ္မာတရားကို ထောက်ပြီး ခပ်သိမ်းသောအရာတွေကို ပြောင်းလဲစေခဲ့တယ်။ ကျွန်တော်ဟာ မိစ္ဆာလမ်းကို လျှောက်နေဆဲဖြစ်တယ်လို့ သိသွားခဲ့တယ်။ ဒါပေမဲ့၊ ယခု၊ ရှင်းလင်းစွာ မြင်နိုင်ပြီ။ ကျွန်တော် ဦးချပ့်ကောလ်ဆန်း (Chuck Colson) ဟာ လူကောင်းတစ်ယောက်ဖြစ်အောင် တွေးထားသမျှကို ဆုံးရှုံးလိုက်ရပြီမှ ဘုရားသခင်က ကျွန်တော်ကို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော့်ဘဝရဲ့ ရည်ရွယ်ချက်အစစ်ကို ရှာတွေ့ခဲ့တယ်။
ကျွန်တော်တို့ရဲ့ အကျင့်တရားက အဓိကအဟုတ်ဘဲ အထွဋ်အမြတ်အာဏာတော်ပိုင်သော ဘုရားသခင်က ကျွန်တော်တို့ကို အသုံးပြုခြင်းသာ အဓိကပါပဲ။ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ဝိရောဓိသဘော ရှိပြီး၊ ရှုံးနိမ့်ခြင်းဖြင့် အောင်ပွဲခြင်းနှင့် ကြေကွဲခြင်းဖြင့် ကုစားခြင်းလို့ လာပါတယ်။ မိမိအသက်ရှုံးသောသူက အသက်ကို တွေ့လိမ့်မယ်။ အဲဒီသမ္မာတရားဟာ ကျွန်တော်ရဲ့အသက်တာမှာ တကယ်ပြည့်စုံစေခဲ့တယ်။ မိတ်ဆွေလည်း ဆုံးရှုံးခြင်း ကြုံနေပါက၊ ၎င်းသမ္မာတရားကို ရရှိခံစားပါစေလို့ ဆုတောင်းနေပါတယ်။
မှ
ဦးချပ့်ကောလ်ဆန်း။
ဆုတောင်ပတ္ထနာ။သခင်၊ ကိုယ်တော်၏ ကျေးဇူးသည် ကျွန်ုပ်အဖို့ လောက်သည့်အတွက် ကျေးဇူးတင်ပါ၏။ ယနေ့မှစ၍ ထာဝရကာလတိုင်အောင်၊ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်နှင့် တန်ဖိုးများကို ကိုယ်တော်၌ တွေ့ရှိနိုင်ပါစေ။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
သမ္မာကျမ်းစာသည် ကယ်နုတ်ခြင်း၊ လွတ်မြောက်ခြင်းနှင့် မျှော်လင့်ခြင်းဆိုင်ရာ စာအုပ်တစ်အုပ် ဖြစ်သည်။ သမ္မာကျမ်းစာတွင် အဖြေရှာနေသည့် ခက်ခဲကြမ်းတမ်းသောပုဂ္ဂိုလ်များ ပါရှိသည်။ ၎င်းပုဂ္ဂိုလ်များတို့သည် ဤအစီစဉ်ကို ရေးသားခဲ့သော အကျဉ်းသားဟောင်းများနှင့် အလွန်တူပါသည်။ ထောင်ရှိ ယုံကြည်သူများ၏ ဓမ္မစာအားဖြင့် ခွန်အားရလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ သူတို့၏ သက်သေခံချက်အားဖြင့် ကျွန်တော်တို့အားလုံးကို လွတ်မြောက်ချမ်းသာ ရရှိခံစားပါစေ။
More