ရှိသမျှစွန့်၍ - အကျဉ်းသားများရေးသော လှုံ့ဆော်ဓမ္မစာနမူနာ
ကိုယ်တော်က ကျွန်မကို ချစ်တယ်
ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ (ယော၊ ၁ဝး၂၇-၂၈)။
ကျွန်မဟာ ခရစ်ယာန်တစ်ယောက် ဖြစ်ခဲ့ပေမဲ့ သမ္မာတရားလမ်းမှ လွဲသွားခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို လိုအပ်မှန်းသိပေမဲ့ သူ့ကိုကြောက်လို့ နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့တယ်။ သို့သော်၊ ကျွန်မကို ကိုယ်တော်မြတ်ထံ ပြန်လာစေဖို့ ဘုရားသခင်အစဉ်အမြဲ ခေါ်နေတယ်လို့ အရမ်းရှင်းလင်းတဲ့ ဥပမာတစ်ခုဖြင့် သိသွားခဲ့တယ်။ ထောင်ကျနေချိန်အတွင်း ကျွန်မရဲ့ အခြေအနေကို ကျွန်မရဲ့ သားသမီးထံ တစ်ခါမှမပြောဖူးဘူး။ သူတို့ဆီ ဖုန်းဆက်တဲ့အခါ (သို့) စာရေးတဲ့အခါ၊ ကျွန်မက ခရီးသွားနေပြီး အရာရာ၌ အဆင်ပြေပါတယ်လို့ ခဏခဏ လျှောက်ပြောခဲ့တယ်။ အဲဒီအချိန်မှာ ထောင်ကျနေတဲ့ ခရစ်ယာန်အမျိုးသမီးနဲ့ သူငယ်ချင်းကောင်းတစ်ယောက်က ကျွန်မကို ကလေးတွေအား အမှန်အတိုင်းပြောပြဖို့ ပြောခိုင်းခဲ့တယ်။
ကျွန်မက သူတို့ကို ပြောပြီးမှ သူတို့ဆီကြားဖို့ (၂) လလောက် စောင့်ရခဲ့တယ်။ ထို့နောက်၊ ကျွန်မရဲ့ သမီးကြီးဆီက ပထမဆုံးစာတစ်စောင်ဖြင့် ကောင်းချီးတစ်ခု ရခဲ့တယ်။ စာမျက်နှာရဲ့ ထိပ်တွင် သမီးကြီးက၊ “မေမေ၊ သမီးက အမေကို အမြဲချစ်မယ်” နှင့် “မြန်မြန်ပြန်ရေးပေးပါဦး” လို့ စာလုံးကြီးဖြင့် ရေးထားခဲ့တယ်။
သမီးကြီးရဲ့ စကားတွေက ကျွန်မရဲ့ မျက်လုံးတွေကို ပွင့်စေခဲ့တယ်- သခင်ဘုရားက ကျွန်မကို အမြဲချစ်တယ်။ ကျွန်မဟာ ကိုယ်တော်အတွက် သစ္စာရှိစွာ အသက်ရှင်နိုင်မယ်အကြောင့် ဆုတောင်းပါတယ်။ ကိုယ်တော်ဘုရားသခင်၊ အလိုတော်ရှိရာ ပြုတော်မူပါ။
မှ
မနီနာ (Nina)။
ဆုတောင်ပတ္ထနာ။သခင်ဘုရား၊ အကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ နေ့ရက်စဉ်တိုင်းမှာ အသက်ရှင်နိုင်မည်အကြောင်း ကူညီမစတော်မူပါ။ ကိုယ်တော်သည် ခန္တီနှင့်ပြည့်စုံတော်မူသည်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကျွန်ုပ်သည် သူတစ်ပါးကို သည်းခံနိုင်မည်အကြောင်း ကူညီမစတော်မူပါ။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
သမ္မာကျမ်းစာသည် ကယ်နုတ်ခြင်း၊ လွတ်မြောက်ခြင်းနှင့် မျှော်လင့်ခြင်းဆိုင်ရာ စာအုပ်တစ်အုပ် ဖြစ်သည်။ သမ္မာကျမ်းစာတွင် အဖြေရှာနေသည့် ခက်ခဲကြမ်းတမ်းသောပုဂ္ဂိုလ်များ ပါရှိသည်။ ၎င်းပုဂ္ဂိုလ်များတို့သည် ဤအစီစဉ်ကို ရေးသားခဲ့သော အကျဉ်းသားဟောင်းများနှင့် အလွန်တူပါသည်။ ထောင်ရှိ ယုံကြည်သူများ၏ ဓမ္မစာအားဖြင့် ခွန်အားရလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ သူတို့၏ သက်သေခံချက်အားဖြင့် ကျွန်တော်တို့အားလုံးကို လွတ်မြောက်ချမ်းသာ ရရှိခံစားပါစေ။
More