ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် စကားပြောခြင်းနမူနာ
ဘုရားသခင်အတွက်ပြင်းပြတဲ့စိတ်ဆန္ဒ
ဘုရားသခင်နှင့်စကားပြောခြင်း
ဘုရားသခင်သည်သင့်ကိုချစ်၍ ဆုတောင်းခြင်းအားဖြင့် သူနှင့်စကားပြောတတ်စေရန် အလိုရှိသော ဘုရားသခင်ကို ကျေးဇူးတင်ပါ။
မည်ကဲ့သို့ဆုတောင်းရမည်ကိုသိနိုင်ရန် ဘုရားသခင်အားတောင်းလျှောက်ပါ။
အထံတော်သို့ တိုးဝင်ခြင်း
အောက်ဖော်ပြပါ စကားလုံး/စာပိုဒ်တိုများဖြင့် မှတ်စုကဒ် သုံးစုံကို လုပ်ပါ။
ဘိုးဘွား၊ အချစ်ဆုံး သူငယ်ချင်း၊ သင်းအုပ်ဆရာ ၊ စတိုးဆိုင်စာရေး ၊ အိမ်နီးချင်းရဲ့တူ
မှတ်စုကဒ် သုံးစုံအား ဖြန့်ကြဲပြီး ပထမအကြိမ်အနေနဲ့ သင်နဲ့စကားအပြောဖြစ်ဆုံး ကို ထိပ်ဆုံးက စီပြီး သင်နဲ့စကားအနည်ဆုံး ပြောဖြစ်မယ့် သူကို အောက်ဆုံးမှာ စီထားပါ။ နှစ်ကြိမ်တိတိ ရွေးချယ် စီရီထားပါ။ တကြိမ်နဲ့ တကြိမ်ရဲ့ ရလဒ် တွေကို ဘေးချင်းယှဉ်ထားပါ။ တတိအကြိမ်တွင် အရင်အကြိမ်များနဲ့ မတူပဲ လုပ်ဆောင်ရမည်ဖြစ်သည်။ တတိယအကြိမ်တွင် ပြီးခဲ့တဲ့ အကြိမ်များတွင် အနည်းဆုံးစကားပြောဖြစ်မယ့်သူကို ထပ်ဆုံးမှ စီပြီး အောက်ဆုံးတွင် သင်စကားအပြောဖြစ်ဆုံး ဖြစ်မယ့်သူ့ကို စီပါ။ ပြီးရင် သင့်ရဲ့ ရလဒ်တွေ ဘယ်လိုမျိုးတူညီမှုရှိတယ်ဆိုတာကို နှိုင်းယှဉ်ကြည့်ပါ။
နက်ရှိုင်းရာသို့ ရွေ့လျားပါ
ဆုတောင်းခြင်းဆိုတာ သင့်ကိုချစ်မြတ်နိုးပြီး သင့်အတွက် အကောင်းဆုံးကိုပဲ ဖြစ်စေချင်တဲ့ဘုရားသခင် နှင့် ရိုးရှင်းစွာ စကားပြောခြင်း ဖြစ်ပါသည်။ သင်ချစ်မြတ်နိုးတဲ့ တစုံတယောက်နဲ့ ၀ေးသွားတဲ့အခါ သူ့ကို သတိတရရှိသလိုမျိုးပဲ ဘုရားသခင်နဲ့စကားပြောခြင်းမရှိတဲ့အခါ သင့်ဝိညာဉ်က ဘုရားသခင်ကို လွမ်းဆွတ်နေပါသည်။ သမ္မာကျမ်းစာထဲတွင် ထိုကဲ့သို့ ဘုရားသခင်နဲ့အတူရှိဖို့ တမ်းတခြင်းကို ဆာလောင်တယ်၊ ဆာငတ်တယ်၊ သတိရတယ် ဆိုပြီး မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ ဆာလံကျမ်း ၄၂း၁-၂ တွင် ဖတ်ရှုပါ။ "သမင် ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏။ အဘယ် ကာလမှ ဘုရားသခင့်ထံတော်သို့ ရောက်၍ မျက်နှာပြရအံ့ နည်း။" သမင် ဒရယ်တွေ ဆာလောင်တဲ့အခါ ရေစီးသောချောင်းကို တောင့်တရှာဖွေသလိုပဲ ဘုရားသခင်ထံ ဆုတောင်းခြင်းနဲ့ ချဉ်းကပ်ပြီး ရှာဖွေပါ။
တယောက်နှင့်တယောက် ဆွေးနွေးပါ
- သင့်ရဲ့ဝိညာဉ် ဆာလောင်မွတ်သိပ်တဲ့အခါ ဘယ်လိုအရာတွေကို တွေးတောပါသလဲ?
- "ဘုရားသခင်နှင့် အတူရှိခြင်း" နဲ့ "ကိုယ်ချစ်တဲ့ တစုံတယောက်နှင့်ရှိခြင်း" က ဘယ်လောက်ထိတူညီမှုရှိလဲ? ဘယ်လို ကွာခြားလဲ?
- သင့်ရဲ့ဝိညာဉ်က ဘုရားသခင်နှင့်အတူရှိဖို့ ဘယ်လောက်ထိ ဆာလောင်မွတ်သိပ်တယ်ဆိုတာကို ပြောပြပါ?

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိသားစုဘဝသည် အလုပ်များနိုင်ပါပြီး၊ ကျွန်ှပ်တို့ ဆုတောင်းဖို့ရန်နှင့် ကျွန်ုပ်တို့၏ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ဖို့ရန် ၄င်းတို့ အသက်နေ့စဉ်အသက်တာတွင် ဘုရားသခင်နှင့် ဆက်ပေးဖို့ရန်ပင် အချိန်မပေးနိုင်ဖြစ်နိုင်ပါသည်။ ဒီအစီအစဉ်အားဖြင့် ဘုရားသခင်သည် မိမိတို့ထံမှ ဆုတောင်းသံကို အဘယ်မျှလောက် ကြားချင်နေကြောင်းတွေ့မြင်နိုင်ပြီး ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ဆက်သွယ်ခြင်းနှင့် လူလူခြင်းဆက်သွယ်ခြင်းသည် အလယ်မျှလောက် တန်ခိုးပါကြောင်း သိနိုင်ပါသည်။ နေ့ရက်အစဉ်တိုင်း မဆိုင်းမတွဆုတောင်းခြင်း၊ သမ္မာကျမ်းစာအနည်းငယ်ဖတ်ကြားခြင်းနှင့် ရှင်းခြင်း၊ လုပ်တွေ့လုပ်ဆောင်မှုများပြုလုပ်ခြင်းနှင့် မေးခွန်းများကို ဖြေဆိုခြင်းများပါဝင်ပါသည်။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Focus on the Family အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.FocusontheFamily.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။