YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် စကားပြောခြင်းနမူနာ

Talking With God In Prayer

4 ၏ နေ့ 1

ဘုရားသခင်သည် သင့်ကိုစောင့်မျှော်နေပါတယ်

ဘုရားသခင်နှင့်စကားပြောခြင်း
ဘုရားသခင်၏ချစ်ခြင်းမေတ္တာ နှင့် လမ်းပြပို့ဆောင်ခြင်းတွေအတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ။ နေ့စဉ် သင်နှင့်စကားပြောဖို့ရန် ဘုရားသခင်မည်မျှ စောင့်ဆိုင်းနေကြောင်း မြင်တွေ့နိုင်ရန် ဆုတောင်းပါ

အထံတော်တိုးဝင်ခြင်း
မိမိရဲ့ မီးဖိုချောင်မှာ ရှိတဲ့ ဖန်ခွက်များကို တခုနောက် တခု စီရီထားပါ။ ဖန်ခွက် တခွက်ချင်းစီကို ရေအပြည့် ဖြည့်ပါ။ မိမိအိမ်မှာရှိတဲ့ ခွက်တွေ၊ ပုံးတွေ ထဲ အပြည့်ဖြည့်ပါသော်လည်း ရေပိုက်ခေါင်းမှ ရေမှ မပြတ်တောက်သွားသကဲ့သို စဉ်စားကြည့်ပါ။ ထိုနည်းတူစွာ ဘုရားသခင်သည် သင့်အားစောင့်မျှော်နေသည်မှာ အဆုံးသတ်သွားမည် မဟုတ်ပေ

နက်ရှိုင်းရာသို့ ရွေ့လျားပါ
ဘုရားကသင့်အတွက်ဆို အချိန်မရွေး အဆင်သင့်ရှိနေသူပါ။ ရေပိုက်ခေါင်းကနေ ဖန်ခွက်တခွက်ပြီးတခွက်ကို လွယ်ကူစွာ ရေဖြည့်နိုင်သလိုပါပဲ ဆုတာင်းခြင်းဖြင့် ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲကို တိုးဝင်ပြီး အချိန်ယူပါ။ ဟေရှာယ ၃၀း၁၈ ကို ဖတ်ရှုပါ။ "သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှါ မြော်လင့်တော်မူမည်။ ကရုဏာပြု လိုသောငှါ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်း မူကား၊ ထာဝရဘုရားသည် တရားသော ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြော်လင့်သောသူအပေါင်း တို့သည် မင်္ဂလာရှိကြ၏။" ဘုရားသခင်က သင့်အတွက်အကောင်းဆုံးတွေကိုသာ ပြင်ဆင်စောင့်မျှော်နေတဲ့အတွက် သူနဲ့ရင်းနှီးကျွမ်းဝင်ခြင်းအသက်တာ ကြီးထွားပြီး သူ့ရဲ့ မေတ္တာ၊ ငြိမ်သက်ခြင်းတွေနဲ့ ပည့်ဝဖို့ရန် အလိုရှိတဲ့ ဘုရားဖြစ်ပါတယ်။ ဘုရားသခင်က သင့်အတွက်အလုံးစုံ ပြင်ဆင်ပြီး ဖြစ်ပေမယ့် သင့်ဘက်က တုံ့ပြန်မှုကို လိုချင်သောဘုရား ဖြစ်ပါတယ်။ သင်ကိုယ်တိုင်က သင့်ဘဝကို သူနဲ့အတူ ဝေမျှ လျှောက်လှမ်းဖို့ စိတ်ဆန္ဒရှိကြောင်း ဖော်ပြဖို့လိုပါတယ်။ ဘယ်လိုဖော်ပြရမှာလဲ။ နေ့စဉ် နေ့တိုင်း ဘုရားသခင်နဲ့အတူ အချိန်ယူစကားပြောခြင်းအားဖြင့် ဖော်ပြနိုင်ပါတယ်။

တယောက်နဲ့တယောက် ဆွေးနွေးပါ
- သင်စကားအပြောချင်ဆုံး လူတယောက်က ဘယ်သူဖြစ်မလဲ။ ဘယ်လိုအချက်တွေကြောင့် သူနဲ့စကားပြောဖို့ ကြိုက်နှစ်သက်ရတာလဲ?
- ခုနက ကိုယ်ရွေးချယ်ထားတဲ့သူနဲ့ စကားပြောဖြစ်ဖို့ အချိန်ဘယ်လောက် စောင့်လိုက်ရလဲ။ ဘာကြောင့်မို့ အချိန်တခုထိ စောင့်ဆိုင်းပြီး စကားပြောဖို့ လုပ်ခဲ့တာလဲ?
- ဘာကြောင့်မို့ ဘုရားသခင်က သင့်အပေါ်မှာ ကျေးဇူးပြုဖို့ရန်အတွက် စောင့်မျှော်နေရတာလဲ?

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Talking With God In Prayer

မိသားစုဘဝသည် အလုပ်များနိုင်ပါပြီး၊ ကျွန်ှပ်တို့ ဆုတောင်းဖို့ရန်နှင့် ကျွန်ုပ်တို့၏ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ဖို့ရန် ၄င်းတို့ အသက်နေ့စဉ်အသက်တာတွင် ဘုရားသခင်နှင့် ဆက်ပေးဖို့ရန်ပင် အချိန်မပေးနိုင်ဖြစ်နိုင်ပါသည်။ ဒီအစီအစဉ်အားဖြင့် ဘုရားသခင်သည် မိမိတို့ထံမှ ဆုတောင်းသံကို အဘယ်မျှလောက် ကြားချင်နေကြောင်းတွေ့မြင်နိုင်ပြီး ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ဆက်သွယ်ခြင်းနှင့် လူလူခြင်းဆက်သွယ်ခြင်းသည် အလယ်မျှလောက် တန်ခိုးပါကြောင်း သိနိုင်ပါသည်။ နေ့ရက်အစဉ်တိုင်း မဆိုင်းမတွဆုတောင်းခြင်း၊ သမ္မာကျမ်းစာအနည်းငယ်ဖတ်ကြားခြင်းနှင့် ရှင်းခြင်း၊ လုပ်တွေ့လုပ်ဆောင်မှုများပြုလုပ်ခြင်းနှင့် မေးခွန်းများကို ဖြေဆိုခြင်းများပါဝင်ပါသည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Focus on the Family အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.FocusontheFamily.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။