ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် စကားပြောခြင်းနမူနာ
ခွင့်လွှတ်ခြင်းကိုရရှိခြင်း
ဘုရားသခင်နှင့် စကားပြောခြင်း
အခြားသူများအပေါ် သင်ပြုလုပ်ခဲ့သောနာကျင်ခြင်းများအတွက် ရိုးသားစွာ ဝန်ချတောင်းပန်ခြင်းပြုလုပ်ပါ။ ဘုရားသခင်ထံမှ ခွင့်လွှတ်မှုတောင်းခံပါ။ ပြီးတဲ့နောက် ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းအတွက် ကျေးဇူးတင်ပါ။
အထံတော်သို့တိုးဝင်ခြင်း
သင့်မိသားစု လက်စုံထမင်းစားတဲ့အခါ မိသားစုဝင်တယောက်ချင်းစီကို နားကြပ်တပ်စေပါ။ ပုံမှန်အသံနဲ့ပဲ သင် စကားပြောပါ။ သင်ဘာပြောတယ်ဆိုတာကို ကြားနိုင်သိနိုင်စေရန် တယောက်နဲ့တယောက်ကူညီတာမျိုး မလုပ်ပါစေနဲ့။ မိသားစုတွေ စားပွဲသန့်ရှင်းရေးလုပ်တဲ့အချိန်မှာလဲ နားကြပ်ကို တပ်ထားစေပါ။
နက်ရှိုင်ရာသို့ ရွေ့လျားပါ
ဘုရားသခင်ထံတော်ပါးတွင် ခွင့်လွှတ်ခြင်းကို မခံယူတဲ့အခါ ဘုရားရဲ့စကားတော်ကို ငြင်းဆန်တာနဲ့အတူတူပါပဲ။ ဘုရားသခင်ရဲ့ အသံတော်ကို သင်မကြားတဲ့အခါ ဘုရားသခင်နဲ့ဝေးကွာစေရန် ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။ ခုနက ထမင်းစားဝိုင်းမှာ မိသားစုဝင်အချင်းချင်း တယောက်စကား တယောက်မကြားရသလိုပါပဲ။ ဆာလံကျမ်း ၃၂း၅ ကို ဖတ်ရှုပါ။ "တဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ၀ှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် ကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။" ဘုရားသခင်ထံ ခွင့်လွှတ်ခြင်းကို တောင်းခံတဲ့အခါ ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို သင်ခံစားရမည်ဖြစ်သည်။ ထိုအချိန်မှာ သင့်နားမှာတပ်ထားတဲ့ နားကြပ်ကိုချွတ်သကဲ့သို့ ဖြစ်ပြီး ဘုရားသခင်၏အသံတော်ကို သင်ပြန်လည်ကြားရမည် ဖြစ်သည်။
တယောက်နဲ့တယောက်ဆွေးနွေးပါ
- သင်မှားခဲ့တဲ့အပြစ်တခုခုကို တိတ်တိတ်လေးလျှို့ဝှက်ထားဖူးပါသလား။ ရှိခဲ့ဖူးတယ်ဆိုရင် အဲ့လိုမျိုး သူများမသိအောင် လျှို့ဝှက်ဖုံးကွယ်ထားရတာ သင့်ကို ဘယ်လိုခံစားစေပါသလဲ?
- ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပြီး မိမိရဲ့အပြစ်တွေကို ၀န်ချတောင်းပန်နိုင်ရန် ဘယ်အရာက သင့်ကို ဆီးတားနေပါသလဲ?
- တစုံတယောက်အပေါ် မိမိမှားခဲ့ဖူးတဲ့ အပြစ်ကို ထိုသူမှ ခွင့်လွှတ်ပေးတဲ့အခါ သင်ဘယ်လိုခံစားရပါသလဲ?

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိသားစုဘဝသည် အလုပ်များနိုင်ပါပြီး၊ ကျွန်ှပ်တို့ ဆုတောင်းဖို့ရန်နှင့် ကျွန်ုပ်တို့၏ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ဖို့ရန် ၄င်းတို့ အသက်နေ့စဉ်အသက်တာတွင် ဘုရားသခင်နှင့် ဆက်ပေးဖို့ရန်ပင် အချိန်မပေးနိုင်ဖြစ်နိုင်ပါသည်။ ဒီအစီအစဉ်အားဖြင့် ဘုရားသခင်သည် မိမိတို့ထံမှ ဆုတောင်းသံကို အဘယ်မျှလောက် ကြားချင်နေကြောင်းတွေ့မြင်နိုင်ပြီး ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ဆက်သွယ်ခြင်းနှင့် လူလူခြင်းဆက်သွယ်ခြင်းသည် အလယ်မျှလောက် တန်ခိုးပါကြောင်း သိနိုင်ပါသည်။ နေ့ရက်အစဉ်တိုင်း မဆိုင်းမတွဆုတောင်းခြင်း၊ သမ္မာကျမ်းစာအနည်းငယ်ဖတ်ကြားခြင်းနှင့် ရှင်းခြင်း၊ လုပ်တွေ့လုပ်ဆောင်မှုများပြုလုပ်ခြင်းနှင့် မေးခွန်းများကို ဖြေဆိုခြင်းများပါဝင်ပါသည်။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Focus on the Family အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.FocusontheFamily.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။