စုံစမ်းနှောင့်ယှက်ခြင်းအတွက် သတင်းကောင်းနမူနာ
သမ္မာတရား (၃)၊ ထွက်မြောက်လမ်းကို ရရှိတယ်
စုံစမ်းနှောင့်ယှက်ခြင်းကို လမ်းညွှန်ခြင်းဟာ ဝင်္ကပါတစ်ခုထဲတွင် ပျောက်ဆုံးသွားနေသလိုပဲ ဖြစ်တယ်။
ဒါကြောင့်၊ တမန်တော်ကြီး ရှင်ပေါလုက ကောရိန္သုအသင်းတော်အတွက် ဒီလိုအားပေးခဲ့တယ်... သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည် (၁ကော၊ ၁ဝး၁၃)။
သတင်းကောင်းက စုံစမ်းနှောင့်ယှက်ခြင်းခံရတဲ့အခါ ထွက်မြောက်သောလမ်း ရှိတယ်။
ဘုရားသခင်က ကျွန်တော်တို့ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းဝင်္ကပါကို သတိနဲ့ကြည့်ရှုတော်မူပြီး ထွက်ပေါက်ရဲ့နေရာကို သိကျွမ်းတာထက် ကျွန်တော်တို့ရဲ့လက်ကို ကိုင်လျက် ထွက်ပေါက်ထံသို့ ပို့ဆောင်စေချင်တယ်။ ကိုယ်တော်ရဲ့ ညွှန်ပြခြင်းဟာ မကောင်းတဲ့ ဗီဒီယိုတွေ မကြည့်စေဖို့ သတိပေးခြင်း (သို့) စကားများတဲ့အခါ မိမိနှုတ်ကို စောင့်ခြင်း (သို့) ယောသပ်လိုပဲ ပေါတိဖာရဲ့ ဇနီးဖြစ်သူရဲ့ စုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်လျက် ထွက်ပြေစေဖို့ ဖြစ်နိုင်တယ်။
ကျွန်တော်တို့သည် မိမိဇာတိပကတိကို ထပြီး စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးတို့ကို ခံရတဲ့အခါ ဘုရားသခင်က အားရဝမ်းမြောက်တော်မမူ။ ဘုရားသခင်က ကျွန်တော်တို့်ကို အပြစ်တရားမှ လွတ်မြောက်စေဖို့ အလိုရှိတယ်။ ဒါကြောင့်၊ စုံစမ်းနှောင့်ယှက်ခြင်း ခံရတဲ့အခါ ထွက်မြောက်သောလမ်းကို စီရင်ပြုပြင်တော်မူလိမ့်မယ်လို့ ဘုရားရှင်မြတ်က ကတိတော်ပေးတော်မူခဲ့တယ်။ ကျွန်တော်တို့က၊ အရာရာ၌ ဘုရားသခင်ရဲ့ ညွှန်ပြခြင်းကို ဦးစားပေးဖို့ရန် တာဝန်ရှိကြတယ်။
မိတ်ဆွေက စုံစမ်းနှောင့်ယှက်ခြင်းကို ခံရတဲ့အခါ သတင်းကောင်းကို အောက်မေ့သတိရလိုက်ပါ...
၁။ မိတ်ဆွေက တစ်ယောက်တည်းသော ခံရတဲ့သူ မဟုတ်ဘူး။
၂။ မိတ်ဆွေက စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ပယ်ရှားနိုင်တယ်။
၃။ ဘုရားသခင်က မိတ်ဆွေအဖို့ ထွက်မြောက်လမ်းကို စီရင်ပြုပြင်ပါလိမ့်မယ်။
ဆုတောင်းပတ္ထနာပြုကြပါစို့
ဘုရားသခင်၊ စုံစမ်းနှောင့်ယှက်ခြင်းကို ခံရစဉ်တွင်၊ အကျွန်ုပ်ကို မစွန့်ပစ်သည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ လက်ကို ကိုင်၍ အန္တရာယ်မှ လွတ်မြောက်ချမ်းသာ ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။
ဤအစီအစဉ်အကြောင်း
စုံစမ်းနှောင့်ယှက်ခြင်းအတွက် သတင်းကောင်းရှိတယ်ဆိုတာ ယုံကြည်စရာတော့ မဟုတ်ပါဘူး။ ဒီ (၃) ရက်တာအစီစဉ်က စုံစမ်းခြင်းထဲက ထွက်မြောက်လမ်းကို ကူညီညွှန်ပြပေးမယ့် နှစ်သိမ့်ခြင်းသမ္မာတရားများပါတဲ့ ကျမ်းချက်တစ်ချက်ကို ဖွင့်ပြပေးပါမယ်။
More