စုံစမ်းနှောင့်ယှက်ခြင်းအတွက် သတင်းကောင်းနမူနာ
သမ္မာတရား (၁)၊ ကျွန်တော်တို့က တစ်ယောက်တည်းသော ခံတဲ့သူ မဟုတ်ဘူး
စုံစမ်းနှောင့်ယှက်ခြင်းကို ခံရတဲ့အခါမှာ ကျွန်တော်ဟာ တစ်ဦးတည်းသော မကောင်းတဲ့ အကြံစည်တွေနဲ့ တပ်မက်တဲ့စိတ်ရဲ့ တောနက်ကို ဖြတ်သန်းတဲ့သူ ဖြစ်နေသလိုပဲလို့ ခံစားတတ်တယ်။ တမန်တော်ကြီး ရှင်ပေါလုက ဒီစကားဖြင့် ကောရိန္သုအသင်းတော်ကို အားပေးခဲ့ပါတယ်... လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏ (၁ကော၊ ၁ဝး၁၃)။
သတင်းကောင်းက ကျွန်တော်တို့ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွင် တစ်ယောက်တည်း ခံရတဲ့သူ မဟုတ်ဘူး။
လူတွေအားလုံးဟာ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကို ရရှိခံစားရကြတယ်။ ဒါပေမဲ့၊ မုသားရဲ့အဘလို့ ခေါ်ဝေါ်သမုတ်ခံခဲ့တဲ့ မာရ်နတ်ဟာ ကျွန်တော်တို့ကို လှည့်ဖြားလျက် ခံနေတဲ့ စုံစမ်းနှောင့်ယှက်တွေကို ထူးခြားတဲ့အရာ ဖြစ်တယ်လို့ ယုံမှားစေတတ်တယ်။ အဲဒီပရိရာယ်ဟာ လုံးဝ မမှန်ပါဘူးနော်။ လူတွေအားလုံးက လောကဓံတရား၌ ကျင်လည်တဲ့အတွက် မကောင်းတဲ့ အကြံစည်တွေနဲ့ တပ်မက်တဲ့စိတ်ကို နေ့တိုင်းလိုလို ခံနေကြတယ်။ ကျွန်တော်တို့ခံရတဲ့ စုံစမ်းနှောင့်ယှက်ခြင်းဟာ ထူးခြားပြီး အရမ်းရှက်ဖို့ကောင်းတဲ့အရာ ဖြစ်တယ်လို့ အယူအဆဟာ အရမ်းအန္တရာယ်များလျက် ဘုရားသခင်ရဲ့ မဟာမေတ္တာတော်အပေါ် သံသာယစိတ်ကို တိုးပွားစေတတ်တယ်။
အံ့ဩဖို့ကောင်းတဲ့ အရာတစ်ခုကတော့၊ ကျွန်တော်တို့ခံရသည်နည်းတူ၊ အရှင်ယေရှုဘုရားက အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးပေမဲ့ ဒုစရိုက်အပြစ်နဲ့ ကင်းလွတ်ခဲ့တယ်။ မတူညီချက်ကတော့၊ အရှင်ယေရှုဘုရားကို အရှုံးမပေးဘဲလျက် အပြစ်ဒုစရိုက်ကို ဘယ်တော့မှ မကျူးလွန်မိခဲ့ဘူး။ အဲဒါကြောင့်၊ သူက စုံလင်တဲ့ အပြစ်ဖြေစရာ ဖြစ်စေခဲ့တယ်။
မိတ်ဆွေ၊ စိတ်မပျက်ပါစေနဲ့။ မိမိခံရတဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေဟာ ထူးခြားတဲ့အရာ မဟုတ်ဘူး။ အမှန်တကယ်တော့၊ ဘုရားသခင်က မိတ်ဆွေနဲ့အတူရှိလျက် ကူညီမစစေချင်တယ်။
ဆုတောင်းပတ္ထနာပြုကြပါစို့
မြတ်စွာဘုရားသခင်၊ အကျွန်ုပ်သည် တစ်ဦးတည်းသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောသူ မဖြစ်ဘဲလျက် ကိုယ်တော်ဘုရားသည် ကျွန်ုပ်နှင့်အတူ ရှိတော်မူသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကျွန်ုပ်တို့သည် လောကီတပ်မက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ပယ်ရှားစေခြင်းငှာ တန်ခိုးကို ပေးသနားတော်မူပါ။ သို့သော်၊ သတိလျစ်ပြီး ဇာတိပကတိကို ဦးစားပေးလျက် ပြစ်မှားသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ခွင့်လွှတ်နိုင်တော်မူသည်ဟု စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်နိုင်မည့်အကြောင်း ကူညီမစတော်မူပါ။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
စုံစမ်းနှောင့်ယှက်ခြင်းအတွက် သတင်းကောင်းရှိတယ်ဆိုတာ ယုံကြည်စရာတော့ မဟုတ်ပါဘူး။ ဒီ (၃) ရက်တာအစီစဉ်က စုံစမ်းခြင်းထဲက ထွက်မြောက်လမ်းကို ကူညီညွှန်ပြပေးမယ့် နှစ်သိမ့်ခြင်းသမ္မာတရားများပါတဲ့ ကျမ်းချက်တစ်ချက်ကို ဖွင့်ပြပေးပါမယ်။
More