စုံစမ်းနှောင့်ယှက်ခြင်းအတွက် သတင်းကောင်းနမူနာ
သမ္မာတရား (၂)၊ ကျွန်တော်တို့က စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ပယ်ရှားနိုင်တယ်
ဖွင့်ဖွင့်လင်းလင်း ပြောဆိုကြရအောင်။ စုံစမ်းနှောင့်ယှက်ခြင်းအချို့က အရမ်းစွဲလမ်းစေပြီး လုံးဝဥဿုံ ငြင်းပယ်လို့ မရတော့ဘူး။ အဲဒီစုံစမ်းနှောင့်ယှက်ခြင်းကို ခံရစဉ်တွင်၊ မိမိဇာတိပကတိကို ဦးစားပေး၍ ပြစ်ဒုစရိုက်ကို ကျူးလွန်ပြီးမှ နောင်တရလျက် ကိုယ့်ကိုကိုယ် မတားနိုင်ခဲ့ဘူး (သို့) သူတစ်ပါးရဲ့ သွေးဆောင်ခြင်းအားဖြင့် ကျွန်တော်ပြစ်မှားမိခဲ့တာလို့ ပြောဆိုလေ့ ရှိကြတယ်။ တမန်တော်ကြီး ရှင်ပေါလုဟာ အဲဒီမှားတဲ့အတွေးခေါ်ကို ထောက်လျက် ကောရိန္သုအသင်းတော်အား ဒီလိုပြောဆိုခဲ့တယ်... ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ (၁ကော၊ ၁ဝး၁၃)။
သတင်းကောင်းက မိမိခံရတဲ့ စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ငြင်းပယ်နိုင်တယ်။
ကိုယ့်အစွန်သတ္တိအားဖြင့် မဟုတ်ဘဲ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့်သာ စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ငြင်းပယ်နိုင်တယ်။ မာရ်နတ်နင့် သူရဲ့ပရိယာယ်တို့ကို တားဆီးနိုင်စေဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ အတူရှိခြင်းနှင့် တန်ခိုးတော်ကို လိုတယ်။ အကယ်၍၊ သန့်ရှင်သောဝိညာဉ်တော်ရဲ့ ကူညီမစခြင်း မရှိရင် မိမိဇာတိပကတိကို ထလျက် အကြာခဏ ပြစ်မှားကြလိမ့်မယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားနဲ့ မိတ်သဟာယဖွဲ့ခြင်းဖြင့် မိမိဇာတိပကတိကို ဦးစားမပေးဘဲ ဝိညာဉ်ပကတိကို ဦးစားပေးလျက် ကာမဂုဏ်ချုပ်တည်းခြင်းကို ရရှိခံစားစေတတ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ပိုမိုအားကိုးရင် မိမိဩတ္တပ္ပစိတ်ကို ပိုမိုသန့်စေလိမ့်မယ်။
ကာမဂုဏ်ချုပ်တည်းခြင်းသည် ဝိညာဉ်ပကတိတစ်ခု ဖြစ်ပေမဲ့၊ စုံစမ်းနှောင့်ယှက်ခြင်းကို ပယ်ရှားစေဖို့ မာရ်နတ်ကို ငြင်းပယ်နိုင်စွမ်းအပေါ် မတည်ဘဲ ဘုရားသခင်ကို ဟုတ်ကဲ့လို့ ပြောချင်တဲ့စိတ်ဆန္ဒအပေါ် မူတည်တယ်။ ဘုရားသခင်စိတ်တော်နဲ့တွေ့ရန် နှစ်သက်မြတ်နိုးသည့် နှလုံးသားရှိခြင်းဟာ စုံစမ်းနှောင့်ယှက်ခြင်းကို ပယ်ရှားစေဖို့ ပိုမိုလွယ်စေတယ်။
လောကီစုံစမ်းနှောင့်ယှက်ခြင်းနဲ့ ဘုရားပေးတဲ့ စစ်ဆေးတော်မူခြင်းကို ခွဲခြားသိမြင်စေဖို့ သိ၍ပိုင်ခြားသောဉာဏ်ကို လိုအပ်ကြတယ်။ ခြားနားချက်မှာ မာရ်နတ်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဖျက်ဆီးစေရန်အတွက် ဖြစ်တယ်။ ဘုရားပေးတဲ့ စစ်ဆေးတော်မူခြင်းဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေရန်အတွက် ဖြစ်တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို စုံစမ်းနှောင့်ယှက်ခြင်းအား ခံစေဖို့ ခွင့်ပြုပေမဲ့ သူက သစ္စာနဲ့ပြည့်စုံပြီး မခံနိုင်တဲ့ စုံစမ်းနှောင့်ယှက်ခြင်းကို သက်ရောက်စေဖို့ အခွင့်မပေးတော့ဘူး။
လောကီစုံစမ်းနှောင့်ယှက်ခြင်းကို ခံရတဲ့အခါ၊ ဘုရားသခင်ရဲ့ မဟာတန်ခိုးတော်အားဖြင့် ငြင်းပယ်နိုင်တယ်လို့ သိကျွမ်းစေပြီး ရဲရဲရင့်ရင့် အသက်ရှင်ကြပါစို့။
ဆုတောင်းပတ္ထနာပြုကြပါစို့
ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ကျွန်ုပ်တို့၌ ရောက်စိမ့်သောငှာ အခွင့်မပေးသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ဝိညာဉ်ဘုရား ကျွန်ုပ်နှလုံးစိတ်ထဲ၌ ဝင်တော်မူ၍ ကာမဂုဏ်ချုပ်တည်းတတ်သောသဘောကို ပေးသနားတော်မူပါ။ အာမင်။
ဤအစီအစဉ်အကြောင်း
စုံစမ်းနှောင့်ယှက်ခြင်းအတွက် သတင်းကောင်းရှိတယ်ဆိုတာ ယုံကြည်စရာတော့ မဟုတ်ပါဘူး။ ဒီ (၃) ရက်တာအစီစဉ်က စုံစမ်းခြင်းထဲက ထွက်မြောက်လမ်းကို ကူညီညွှန်ပြပေးမယ့် နှစ်သိမ့်ခြင်းသမ္မာတရားများပါတဲ့ ကျမ်းချက်တစ်ချက်ကို ဖွင့်ပြပေးပါမယ်။
More