YouVersion လိုဂို
ရှာရန် အိုင်ကွန်

ချစ်သူများနေ့နမူနာ

Valentine's Day

3 ၏ နေ့ 3

ငြိမ်ဝပ်စွာနေစေသော မေတ္တာတော်

သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ ရှိ၍၊

တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။

သင်၌ အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။

ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊

သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။

(ဇေ၊ ၃း၁၇)

ဤကျမ်းပိုဒ်သည် ယခုဘဝနှင့် နောင်ဘဝနှင့် စပ်ဆိုင်သော သမ္မာတရားကို ဖော်ပြထားသည်။ ပြီးခဲ့သောရက်အနည်းငယ်အတွင်း၊ ဘုရားသခင်၏ မေတ္တာတော်ကို ကျွန်တော်တို့စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူလျက် ကျွန်တော်တို့နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာ ဘုရားရှင်အလိုရှိသည်လို့ ဖတ်ရှုလေ့လာပါပြီ။ ယနေ့၊ အပေါ်ပါ ကျွမ်းပိုဒ်သည် ဘုရားသခင်၏ မဟာမေတ္တာတော်ကို ဘယ်လိုဖော်ပြစေသလဲကို ဖတ်ရှုလေ့လာပါလိမ့်မည်။ အကယ်၍၊ ကိုယ်တော်၏ မေတ္တာတော်ကြောင်းကို ပြောပြဖွယ်ရာ အလွန်များလှသောလည်း သူ၏ချစ်ခြင်းမေတ္တာဖြင့် မိတ်ဆွေကို ငြိမ်သက်စေလိမ့်မည်ဟူသော သမ္မာတရားကို ကြည့်ရှုစေလိုပါသည်။

ဘာလောက်ပဲပြစ်မှားခဲ့သည်ဖြစ်ပါစေ၊ ခွင့်လွှတ်တရားက ဘဝရှေ့ဆက်စေဖို့ အဓိကသော့ချက် ဖြစ်ပါပသည်။ သို့သော်၊ ကျွန်တော်တို့သည် မိမိကိုယ်ကို (သို့) သူတစ်ပါးကို ခွင့်မလွှတ်နိုင်သောကြောင့် အရှေ့သို့ မဆက်နိုင်ကြချေ။ ကျွန်တော်တို့သည် ခွင့်လွှတ်ခြင်းကို ရွေးချယ်သောအခါ၊ ဘုရားသခင်သည်လည်း ကျွန်တော်တို့၏ ဒုစရိုက်အမှုတို့ကို မအောက်မေ့ဘဲ ခွင့်လွှတ်တော်မူသည်။ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏ (ဟေဗြဲ၊ ၈း၁၂)။

အနန္တတန်ခိုးရှင် ထာဝရဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍ သူ၏ချစ်ခြင်းမေတ္တာဖြင့် မိတ်ဆွေကို ငြိမ်သက်စေလိမ့်မည်။ သို့သော်၊ ဤမေတ္တာတော်ကို လက်ခံရရှိဖို့ တစ်ခုခု အဟန့်အတားရှိနေပါသလား။ မာရ်နတ်သည် မိမိအတိတ်သမိုင်းရှိ အပြစ်ဒုစရိုက်ကို မကြာခဏ အောက်မေ့သတိရစေနေပါသလား။ (၁ယော၊ ၁း၉) တွင်၊ ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏ဟု ဖော်ပြထားသည်။ ရန်သူတည်းဟူသော မာရ်နတ်သည် မိတ်ဆွေ၏ အတိတ်သမိုင်းရှိ အပြစ်ဒုစရိုက်များကို ဖော်ပြစေခြင်းငှာ ကြိုးပမ်းနိုင်သော်လည်း၊ ခမည်းတော်ဘုရား၏ မဟာမေတ္တာတော်ကို မိတ်ဆွေ၏ အပြစ်များအား ဖုံးအုပ်လျက် မိမိအပြစ်စာရင်ကို ဖော်ပြတော်မမူ။ ကိုယ်တော်၏ မဟာမေတ္တာတော်၌ ခိုလှုံသောအခါ၊ အပြစ်စီရင်ခြင်းနှင့် လွတ်ပြီး ဘေးကင်လုံခြုံစွာ နေထိုင်သောအခွင့်ကို ရရှိခံစားစေသည်။ ထာဝရဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍ သူ၏ချစ်ခြင်းမေတ္တာဖြင့် မိတ်ဆွေကို စိတ်ချမ်းသာစေ၍ မိမိကြောက်ခြင်းသံဝေဂကို ပယ်ရှားတော်မူလိမ့်မည်။

မိမိအထဲရှိ ကြောက်ရွံံ့ခြင်းကို ဦးစားမပေးဘဲ ဘုရားသခင်၏ မေတ္တာတော်နှင့် သမ္မာတရားကိုသာ ဦးစားပေးပါ။ ယနေ့၊ ငြိမ်ဝပ်စွာ နေလျက် ကိုယ်တော်၏ သီချင်းဆိုခြင်းကို ကြားရစေခြင်းငှာ ကြိုးစား၍ အချိန်ပေးပါ။ ကိုယ်တော်သည် မိတ်ဆွေကို အလွန်ချစ်၍ မိမိအကျိုးကို ပေးစေခြင်းငှာ သတိနှင့်ကြည့်ရှုတော်မူသည်ကို အောက်မေ့သတိရခြင်းဖြင့် စစ်မှန်သောခွန်အားကို ရယူလိုက်ပါ။

ဤသို့ဆုတောင်းပတ္တနာပြုကြပါစို့။

ခမည်းတော်ဘုရား၊

ကိုယ်တော်၏ မဟာမေတ္တာတော်သည် စိတ်ချမ်းသာခြင်းသို့ ရောက်စေနိုင်သည့်အတွက် ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို အကြွင်းမဲ့ သိကျွမ်းလျက် အပြစ်စီရင်ခြင်းနှင့် လွတ်စေခဲ့သည့်အတွက် ကျေးဇူးတင်ပါ၏။ အကျွန်ုပ်သည် ဘုရားသား/သမီး ခေါ်ဝေါ်သမုတ်ခြင်းကို ခံသောကြောင့် ကိုယ်တော်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။

ကျေးဇူးတော်ကို ချီးမွမ်းလျက် ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

CBN ဥရောပ၏ ဓမ္မစာ (သို့) အမှုတော်အကြောင်းကို ပိုမိိုသိလိုပါက၊ ဤလင့်ကို နှိပ်ပါ။here.

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Valentine's Day

ချစ်သူများနေ့သည် ကျွန်တော်တို့အတွက် ခက်ခဲသောအချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတချို့သည် ချစ်သူတစ်ဦးကို ရှာဖွေနေဆဲ ဖြစ်သလို လူတချို့ကတော့ ချစ်သူတစ်ဦးကို မရှာဘဲ နေကြပါသည်။ ဘယ်လိုပဲဖြစ်နေပါစေ၊ ချစ်သူများနေ့သည် ယုံကြည်သူများအတွက် ရှုပ်ထွေးလှသောအချိန် ဖြစ်နိုင်သည်။ ချစ်သူရှာသည်ဖြစ်စေ၊ မရှာသည်ဖြစ်စေ၊ လာမည့် (၃) ရက်တွင်၊ ထာဝရဘုရားသခင်၏ လျှံလျက်ရှိ ငြိမ်ဝပ်စွာနေစေသော ထာဝရမေတ္တာတော်အကြောင့်ကို ဖတ်ရှုလေ့လာလျက် မိမိစိတ်ဝိညာဉ်အတွက်ကို ခွန်အားရယူပါ။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် CBN ဥရောပ အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.cbneurope.com/yv သွားရောက်ကြည့်ရှုပါ။