YouVersion လိုဂို
ရှာရန် အိုင်ကွန်

ချစ်သူများနေ့နမူနာ

Valentine's Day

3 ၏ နေ့ 2

ထာဝရမေတ္တာတော်

ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကို ငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏ (ယေ၊ ၃၁း၁)။

နေ့ရက်စဉ်တိုင်းမှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းဘုရားသခင်သည် မိတ်ဆွေကို ထာဝရမေတ္တာနှင့် ချစ်တော်မူသည်။ ကိုယ်တော်၏ မေတ္တာတော်သည် နိစ္စထာဝရ အစဉ်အမြဲတည်သော မေတ္တာတော် ဖြစ်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တရားနှင့် စီရင်တော်မူခြင်းမှတစ်ဆင့် သူ၏ သစ္စာတော်နှင့် မေတ္တာကရုဏာတော်တို့ကို မြင်နိုင်ပါသည်။ ကိုယ်တော်၏ နှလုံးတော်၌ရှိ ဖြူစင်စေတနာတော်နှင့် ချစ်ခင်ကြင်နာမှုသည် မိမိသားသမီးများအား မကြာခဏ ပြသလေ့ ရှိတော်မူသည်။ သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကို ငါသိပြီဟု ဘုရားသခင်မိန့်တော်မူပြီ။ မဖွားမီကပင် မိတ်ဆွေကို ဘုရားက အလွန်အမင်း ချစ်ပြီး ကမ္ဘာအဆက်ဆက်တိုင်အောင် စိတ်နှလုံးကြွင်းမဲ့ ချစ်တော်မူပါလိမ့်မည်။

ချစ်ခြင်းမေတ္တာသည် သံလိုက်ကဲ့သို့ ဆွဲငင်စွမ်းအား ရှိပါသည်။ ချစ်သောသူနှစ်ဦး တွေ့ဆုံသောအခါ ၎င်းသူတို့ကို ပြန်လည်းခွာစေဖို့ မလွယ်ပေ။ ကျွန်တော်တို့သည် ဘုရားသခင်ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြလျက် ချဉ်းကပ်သောအခါ၊ သူ၏ မေတ္တာတော်သည် ကျွန်တော်၏ စိတ်ဝိညာဉ်ထံသို့ ဝင်၍ ကျိန်းဝပ်စေလျက် ကြောက်ခြင်းသံဝေဂနှင့် စိတ်နာခြင်းအကုန်လုံးကို ပယ်ရှားတတ်သည်။

ခမည်းတော်၏ မဟာမေတ္တာတော်သည် အတုမရှိ။ အကယ်၍၊ လူသားအားလုံးသည် ခမည်းတော်၏ မဟာမေတ္တာတော်ကို ရရှိခံစားစေခြင်းငှာ တသလျက် အလိုရှိသည်။ ဘုရားသခင်သည် မိမိမဟာမေတ္တာတော်အားဖြင့် ကျွန်တော်တို့ဘက်၌ ရှိတော်မူလျက်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မလဲဟု သမ္မာတရားကို ထောက်လျှင် အရာရာ၌ စိတ်ချမ်းသာစွာ နေနိုင်ပါသည်။ ကျွန်တော်တို့အား ကိုယ်တော်ကို သိကျွမ်းပြီး မိတ်သဟာယဖွဲ့လျက် သူနှင့်အတူ သွားလာစေဖို့ ဘုရားသခင်အလိုရှိသည်။

ဤသို့ဆုတောင်းပတ္တနာပြုကြပါစို့။

ခမည်းတော်ဘုရား၊

ထာဝရမေတ္တာနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ ဘုရားသခင်သည် အမိဝမ်းထဲ၌ မဖန်ဆင်းမီ အကျွန်ုပ်ကို ချစ်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အကျွန်ုပ်သည် ထာဝရဘုရား၏ စိတ်နှလုံးတော်နှင့် ညီညွတ်သောသူ ဖြစ်စေတော်မူပါ။ အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လျက် မိမိကာယကံ၊ ဝစီကံ၊ မနောကံဖြင့် ဘုရားသခင်၏ မေတ္တာတော်နှင့် ဘုန်းတော်ကို ထင်ရှားနိုင်မည်အကြောင်း ကူညီမစတော်မူပါ။

ကျေးဇူးတော်ကို ချီးမွမ်းလျက် ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

ကျမ်းစာများ

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Valentine's Day

ချစ်သူများနေ့သည် ကျွန်တော်တို့အတွက် ခက်ခဲသောအချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတချို့သည် ချစ်သူတစ်ဦးကို ရှာဖွေနေဆဲ ဖြစ်သလို လူတချို့ကတော့ ချစ်သူတစ်ဦးကို မရှာဘဲ နေကြပါသည်။ ဘယ်လိုပဲဖြစ်နေပါစေ၊ ချစ်သူများနေ့သည် ယုံကြည်သူများအတွက် ရှုပ်ထွေးလှသောအချိန် ဖြစ်နိုင်သည်။ ချစ်သူရှာသည်ဖြစ်စေ၊ မရှာသည်ဖြစ်စေ၊ လာမည့် (၃) ရက်တွင်၊ ထာဝရဘုရားသခင်၏ လျှံလျက်ရှိ ငြိမ်ဝပ်စွာနေစေသော ထာဝရမေတ္တာတော်အကြောင့်ကို ဖတ်ရှုလေ့လာလျက် မိမိစိတ်ဝိညာဉ်အတွက်ကို ခွန်အားရယူပါ။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် CBN ဥရောပ အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.cbneurope.com/yv သွားရောက်ကြည့်ရှုပါ။