ချစ်သူများနေ့နမူနာ
လျှံလျက်ရှိသော မေတ္တာတော်
ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့ (၁ယော၊ ၃း၁)။
မိတ်ဆွေသည် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ဤအနန္တစကြဝဠာကို ဖန်ဆင်းသောအရှင် ထာဝရဘုရားသခင်သည် ကျွန်တော်တို့ကို အဆုံးမရှိ မဟာမေတ္တာတော်ဖြင့် ချစ်တော်မူသည်။ နေ့ရက်စဉ်တိုင်းမှာ၊ ဘုရားသခင်သည် ကျွန်တော်တို့ကို မိမိများပြားလှသော မေတ္တာတော်ဖြင့် ချစ်တော်မူသည်။ ကျွန်တော်တို့အပေါ်ထားရှိသော သူ၏မဟာမေတ္တာတော်၏ အနံအလျားအနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာလည်းကောင်း၊ ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာ ဘုရားသခင်အလိုရှိသည်။ ၎င်းအံ့ဩဖွယ်မေတ္တာတော်ကို ထောက်လျှင်၊ မိမိယုံကြည်ခြင်းကို သာ၍ခိုင်မြဲစေပါလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျှင်းပစ်၍မထားဟု ကတိတော်ထားတော်မူသော အဖဘုရားသခင်၏ မဟာမေတ္တာတော်ကို ရရှိခံစားလိုက်ပါ (ဟေဗြဲ၊ ၁၃း၅)။
၎င်းကတိတော်သည် သစ္စာမဲ့သောစကား မဟုတ်ဘဲ သမ္မာတရားပင် ဖြစ်သည်။ ၎င်းကတိတော်သည် ဘုရားသခင်၏ သားသမီးများအဖို့ရှိ မေတ္တာကရုဏတော်နှင့် စေတနာတော်တို့ကို ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်းသည် ချစ်ခြင်းမေတ္တာ ဖြစ်သောကြောင့် ကျွန်တော်တို့ကို အလွန်တရာ ချစ်နိုင်တော်မူသည်။ ကျွန်တော်တို့သည် ကိုယ်တော်၏ မဟာမေတ္တာတော်ကို သေသေချာချာ ရရှိခံစားစေဖို့ရန်အတွက် ဘုရားအလိုရှိသည်။
ဤသို့ဆုတောင်းပတ္ထနာပြုကြပါစို့။
ခမည်းတော်ဘုရား၊
ကိုယ်တော်သည် အကျွန်ုပ်ကို နေ့ရက်စဉ်တိုင်း သစ္စာရှိစွာ ချစ်တော်မူသည်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏ နာမတော်မြတ်ကို ကမ္ဘာအဆက်ဆက်တိုင်အောင် ချီးမွမ်းချင်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို မစွန့်၊ အကျွန်ုပ်ကို အလျှင်းပစ်၍မထားဟု နှုတ်ကပတ်တော်၌ရှိ ကတိတော်ရှိသည့်အတွက် ကျေးဇူးတင်ပါ၏။ ဖခင်ခမည်းတော်၏ မေတ္တာကရုဏာတော်နှင့် စေတနာတော်တို့၌ ခိုလှုံပါ၏။ ဘုရားသခင်၏ မဟာထာဝရမေတ္တာတော်မြတ်ကို ပိုမိုနားလည်သဘောပေါက်စေရန် ကူညီမစတော်မူပါ။ ကိုယ်တော်သည် အကျွန်ပ်၏ ထာဝရအဘ ဖြစ်ပြီး အကျွန်ုပ်၏ အနာဂတ်သည် ကိုယ်တော်၏ လက်တော်ကြီး၌ ရှိသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
ကျေးဇူးတော်ကို ချီးမွမ်းလျက် ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ချစ်သူများနေ့သည် ကျွန်တော်တို့အတွက် ခက်ခဲသောအချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတချို့သည် ချစ်သူတစ်ဦးကို ရှာဖွေနေဆဲ ဖြစ်သလို လူတချို့ကတော့ ချစ်သူတစ်ဦးကို မရှာဘဲ နေကြပါသည်။ ဘယ်လိုပဲဖြစ်နေပါစေ၊ ချစ်သူများနေ့သည် ယုံကြည်သူများအတွက် ရှုပ်ထွေးလှသောအချိန် ဖြစ်နိုင်သည်။ ချစ်သူရှာသည်ဖြစ်စေ၊ မရှာသည်ဖြစ်စေ၊ လာမည့် (၃) ရက်တွင်၊ ထာဝရဘုရားသခင်၏ လျှံလျက်ရှိ ငြိမ်ဝပ်စွာနေစေသော ထာဝရမေတ္တာတော်အကြောင့်ကို ဖတ်ရှုလေ့လာလျက် မိမိစိတ်ဝိညာဉ်အတွက်ကို ခွန်အားရယူပါ။
More