အီစတာပွဲတော်ပြီးနောက် ပြန်လည်စတင်ခြင်း - သင်းအုပ်ဆရာများအတွက် YouVersion အနားယူခြင်းအစီအစဉ်နမူနာ
အောက်မေ့သတိရစေပါ
ဘုရားသခင်သည် မိမိနှလုံးကို စတင်ဆွဲသည့်အချိန်ကို အောက်မေ့သတိရစေပါ။
ဘုရားသခင်အဖို့ မိမိကိုယ်တိုင် ဆက်ကပ်အပ်နှံသည့်အချိန်ကို အောက်မေ့သတိရစေပါ။
ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့် ရရှိခံစားခဲ့သည်။
ဆရာ၊ဆရာမက အလွန်လန်းဆန်းခဲ့ပြီ။
အပြစ်မှ လွတ်မြောက်ပြီး၊ လုံးဝဥဿုံ သန့်ရှင်းစင်ကြယ်စေလျက် ခရစ်တော်၌ အသစ်ပြုပြင်သောသတ္တဝါ ဖြစ်သည်။
ယခု၊ ဆရာ၊ဆရာမက အောက်ပါသမ္မာတရားကို သိကျွမ်းနေသည်...
ကောင်းကင်ဘုံ၌ ရှိတော်မူသောအဘသည် လူများအားလုံးကို မျှမျှတတ ဖိတ်ခေါ်တော်မူသည်
လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု ကိုယ်တော်မိန့်တော်မူပြီ။
ယုံကြည်သူအသစ်များသည် မိမိမိသားစုတော်ထံ အားရဝမ်းမြောက်စွာ လက်ခံလျက် ဝင်စားအခွင့်ကို ပေးတော်မူသည်။
ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် သူတို့ကို ဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ။
ထိုသူတို့သည် မထိုက်တန်သော်လည်း၊ ကိုယ်တော်၏ ကုသလတရားတော်နှင့် ဆိုင်ရကြပြီ။
ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟု ဝန်ခံတော်မူသော နိုင်ငံတော်၏အမွေခံ ဖြစ်စေခြင်းငှာ၊ ထိုသူတို့ကို ရွေးကောက်တော်မူသည်။
ကျွန်တော်တို့သည် ဧဝံဂေလိသတင်းကောင်း၏ သံတမန်များ ဖြစ်ကြသည်။
ကျွန်တော်တို့သည် ကိုယ်တော်ကို ချီးမွမ်းသူများ ဖြစ်ကြသည်။
ကျွန်တော်တို့သည် ကိုယ်တော်ကို ထပ်တလဲလဲ ချီးမွမ်းကြပါသည်။
အကြောင်းမူကား၊ ကျွန်တော်တို့သည် ကိုယ်တော်၏ မဟာအမှုတော်များကို အောက်မေ့သတိရပါသည်။
သခင်ဘုရားကို ချီးမြှောက်သောအခါ၊ လူအမြောက်အမြားသည် ကိုယ်တော်မြတ်ထံ လာကြလိမ့်မည်။
ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူတို့ကို မိန့်တော်မူလိမ့်မည်။
ကိုယ်တော်အဖို့ မိမိကိုယ်တိုင် ဆက်ကပ်အပ်နှံခဲ့သလို၊ ထိုသူတို့သည်လည်း ကိုယ်တော်အဖို့ ဆက်ကပ်အပ်နှံကြလိမ့်မည်။
ကျွန်တော်တို့သည် သူတို့ကို ဘုရားသခင်၏ မိသားစုတော်မှာ လှိုက်လှဲစွာ ကြိုဆိုလျက်၊ ကိုယ်တော်၏ မေတ္တာတော်ဖြင့် သူတို့ကို ချစ်ရလိမ့်မည်။
ယေရှုခရစ်ကို ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။
အာမင်။
ဤအစီအစဉ်အကြောင်း
အီစတာတနင်္ဂနွေတွင်၊ ခရစ်ယာန်အများစုသည် အရှင်ယေရှုဘုရား၏ ရှင်ပြန်ထမြောက်ခြင်းကို ချီးမွမ်းရန် ဘုရားကျောင်းတက်ကြသောကြောင့်၊ အသင်းတော်ခေါင်းဆောင်များအတွက် အလုပ်အများဆုံးအချိန်နှင့် အပျော်ရွှင်ဆုံးအချိန် ဖြစ်တတ်သည်။ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကို ချီးမွမ်းပြီး၊ ပြင်ဆင်ခြင်းလုပ်ငန်းမှ အနားယူစေလျက်၊ လာမည့်အနာဂတ်ရှိ ဓမ္မအမှုတော်အဖို့ အဆင်သင့်ဖြစ်နေစေရန် ဓမ္မဆရာများအား ကူညီစေသော ဤ YouVersion အနားယူခြင်းအစီအစဉ်ကို ဖန်တီးပေးသည်။ (သတိ၊ ဤအစီစဉ်သည် မည်သည့်အချိန်မဆို ဖတ်ရှုနိုင်ပါသည်)။
More