အီစတာပွဲတော်ပြီးနောက် ပြန်လည်စတင်ခြင်း - သင်းအုပ်ဆရာများအတွက် YouVersion အနားယူခြင်းအစီအစဉ်နမူနာ
ဆရာ၊ဆရာမမကို နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်းအားဖြင့် မိမိစိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်စေခြင်းငှာ၊ ကျွန်တော်တို့သည် ဤအစီစဉ်ကို ဖန်တီးပေးသည်။ အကောင်းဆုံး အတွေ့အကြုံအတွက် ဆိတ်ညံရာအခန်းသို့ ဝင်၍ တံခါးကို ပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ဤအစီစဉ်ကို ဖတ်ရှုပါ။
တွေးတောစဉ်းစားခြင်း
လွန်ခဲ့သော ရက်အနည်းငယ်ကို ပြန်တွေးကြည့်လိုက်ပါ။
ဘုရားသခင်သည် ဆရာ၊ဆရာမအားဖြင့် မိမိအသင်းတော်အဖို့ ဘယ်လိုအသုံးပြုခဲ့သလဲဆိုတာ ဆင်ခြင်စဉ်းစားပါ။
ကိုယ်တော်သည် မိမိထံသို့ ဆွဲသောသူတချို့၏ မျက်နှာများကို အောက်မေ့သတိရစေပါ။
ယခု၊ လာမည့်အနာဂတ်အကြောင်းကို စဉ်းစားပါ။
အာနာဂတ်မှာ၊ သန့်ရှင်သောဝိညာဉ်တော်ဘုရားသည် ၎င်းသူများကို ဘယ်လိုပြောင်းလဲစေမလဲအကြောင်းကို ဆင်ခြင်စဉ်းစားပါ။
ယခု၊ သူတို့၏ ပြောင်းလဲခြင်းအားဖြင့် ပြောင်းလဲလာမယ့် အနာဂတ်မျိုးဆက်သစ်များအကြောင်းကို စဉ်းစားကြည့်ပါ။
အီစတာပွဲတော်ကို ပြီးသွားသောကြောင့် ခေတ္တခဏ ရပ်ပြီး စေ့စေ့ဆင်ခြင်းစဉ်းစားပါ။
ငြိမ်ဝပ်လျက် နေပါ။
ဖြည်းဖြည်းချင်း အသက်ရှူပါ။
ယုခ၊ ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပါ။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်လော့။
ကိုယ်တော်သာ ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။
ငြိမ်ဝပ်လျက် နေပြီးမှ ဤသို့ဆုတောင်ပတ္ထနာပြုပါ...
ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကျေးဇူးတင်ပါ၏။
မိမိ၏ သားတော်မြတ်ကို စေလွှတ်ပေးသည့်တွက် ကျေးဇူးတင်ပါ၏။
ကျွန်တော်တို့အဖို့ ဥပဇ္ဈာယ်ဆရာကို စေလွှတ်ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။
ကိုယ်တော်၏ ကျေးဇူးတော်နှင့် မေတ္တာကရုဏာတော်အတွက် ကျေးဇူးတင်ပါ၏။
မိမိ၏ မိသားစုတော်ထံ ဝင်စားခွင့်ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။
ဆုကျေးဇူးများစွာကို ပေးလျက်၊ မိမိ၏ဝိညာဉ်တော်သည် ကျွန်တော်တို့အပါ် သွန်းလောင်းပေးသည့်အတွက် ကျေးဇူးတင်ပါ၏။
လောကီသားများထံ မိမိမဟာမေတ္တာတော်အကြောင်းကို မျှဝေစေခြင်းငှာ ကျွန်တော်ကို ရွေးကောက်ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။
သားတော်၏ အဖိုးအနဂ္ဃတိုက်သော မဟာနာမတော်မြတ်၌ ဆုတောင်းပါ၏၊
အာမင်။
ဤအစီအစဉ်အကြောင်း
အီစတာတနင်္ဂနွေတွင်၊ ခရစ်ယာန်အများစုသည် အရှင်ယေရှုဘုရား၏ ရှင်ပြန်ထမြောက်ခြင်းကို ချီးမွမ်းရန် ဘုရားကျောင်းတက်ကြသောကြောင့်၊ အသင်းတော်ခေါင်းဆောင်များအတွက် အလုပ်အများဆုံးအချိန်နှင့် အပျော်ရွှင်ဆုံးအချိန် ဖြစ်တတ်သည်။ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကို ချီးမွမ်းပြီး၊ ပြင်ဆင်ခြင်းလုပ်ငန်းမှ အနားယူစေလျက်၊ လာမည့်အနာဂတ်ရှိ ဓမ္မအမှုတော်အဖို့ အဆင်သင့်ဖြစ်နေစေရန် ဓမ္မဆရာများအား ကူညီစေသော ဤ YouVersion အနားယူခြင်းအစီအစဉ်ကို ဖန်တီးပေးသည်။ (သတိ၊ ဤအစီစဉ်သည် မည်သည့်အချိန်မဆို ဖတ်ရှုနိုင်ပါသည်)။
More