YouVersion လိုဂို
ရှာရန် အိုင်ကွန်

အီစတာပွဲတော်ပြီးနောက် ပြန်လည်စတင်ခြင်း - သင်းအုပ်ဆရာများအတွက် YouVersion အနားယူခြင်းအစီအစဉ်နမူနာ

Reset After Easter: A YouVersion Rest Plan for Pastors

3 ၏ နေ့ 2

ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရမည်အကြောင်း ကြိုးစားအားထုတ်ကြကုန်အံ့


ဆရာ၊ဆရာမသည် အီစတာပွဲတော်အတွက် ပင်ပန်းစွာ ကြိုးစားအားထုတ်ခဲ့သည်။

အကယ်၍၊ ရက်သတ္တပတ်များစွာ ကြိုးစားခဲ့သည်။

မိမိ၏ ကြိုးစားအားထုတ် လုပ်ဆောင်ခြင်းအကြောင်းကို ဆင်ခြင်းစဉ်းစားပါ။

မိမိအစီစဉ်ဆွဲခြင်း...

အလုပ်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်း...

(လိုအပ်နေပါက၊ ခေတ္တခဏ ငြိမ်ဝပ်လျက် နေပါ)


ဆရာ၊ဆရာမ မျှော်လင့်သည်အတိုင်း မိမိအစီစဉ်များအား အောင်မြင်စွာ ပြီးဆုံခဲ့ပြီ။

မမျှော်လင့်ဘဲလျက် အခြားကောင်းချီးမင်္ဂလာများကိုလည်း ရရှိခံစားပြီ။

တစ်ခါတစ်ရံမှာ၊ မိမိအစီစဉ်များကို ဆရာ၊ဆရာမ ထင်သည့်အတိုင်း မစုံလင်ခဲ့ဘူး။


ဘယ်လိုပဲဖြစ်ပါစေ၊ ဤအရာများကို ဆင်ခြင်ပါဦး။

လွန်ခဲ့သော ရက်သတ္တပတ်များတွင် ဖြစ်ခဲ့သောအမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။

ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီဟု ဆရာ၊ဆရာမသိကျွမ်းသလို...

ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကိုလည်း ဆရာ၊ဆရာမ သိကျွမ်းသည်။

ခဲယာဉ်းသောကာလများတွင်၊ ၎င်းသမ္မာတရားကို ယုံကြည်လက်ခံဖို့ ခက်ခဲသည်။

အထူးသဖြင့် ခဲယာဉ်းသောကာလများတွင် ၎င်းသမ္မာတရားကို ယုံကြည်လက်ခံဖို့ အလွန်ခက်ခဲလှသည်။


ယနေ့၊ အသက်ရှူပါ။

ဘုရားသခင်၏ မဟာကတိတော်များ၌ ခိုလှုံစေပါ။

ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေရ၏။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Reset After Easter: A YouVersion Rest Plan for Pastors

အီစတာတနင်္ဂနွေတွင်၊ ခရစ်ယာန်အများစုသည် အရှင်ယေရှုဘုရား၏ ရှင်ပြန်ထမြောက်ခြင်းကို ချီးမွမ်းရန် ဘုရားကျောင်းတက်ကြသောကြောင့်၊ အသင်းတော်ခေါင်းဆောင်များအတွက် အလုပ်အများဆုံးအချိန်နှင့် အပျော်ရွှင်ဆုံးအချိန် ဖြစ်တတ်သည်။ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကို ချီးမွမ်းပြီး၊ ပြင်ဆင်ခြင်းလုပ်ငန်းမှ အနားယူစေလျက်၊ လာမည့်အနာဂတ်ရှိ ဓမ္မအမှုတော်အဖို့ အဆင်သင့်ဖြစ်နေစေရန် ဓမ္မဆရာများအား ကူညီစေသော ဤ YouVersion အနားယူခြင်းအစီအစဉ်ကို ဖန်တီးပေးသည်။ (သတိ၊ ဤအစီစဉ်သည် မည်သည့်အချိန်မဆို ဖတ်ရှုနိုင်ပါသည်)။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။