YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂၀/၂၀ - မြင်၏။ ရွေးချယ်ခံရ၏။ ပို့ဆောင်တော်မူ၏။ ဆရာမခရစ်စတင်းကိန်း နမူနာ

20/20: Seen. Chosen. Sent. By Christine Caine

7 ၏ နေ့ 7

ကျွန်မတို့ကို ဘုရားသခင်သိမြင်တယ်၊ ‌ရွေးချယ်ခဲ့တယ်၊ ပို့ဆောင်တော်မူတယ်။ သွားကြပါစို့

ရှင်မာကုခရစ်ဝင်၊ ၁၆း၁၅။ သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။

ဂရိရွှေ့ပြောင်းနေထိုင်သူများမိဘများရဲ့ ပထမမျိုးဆက်သမီးအဖြစ် ကြီးပြင်းလာခြင်းဟာ ဂရိအသိုင်းအဝိုင်းကြီးတစ်ခုမှာ ကြီးပြင်းလာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မမိဘတွေနဲ့ ဩစတြေးလျကို ရောက်လာတဲ့ ဂရိသူငယ်ချင်းတွေအားလုံး - တစ်ယောက်နဲ့တစ်ယောက် အားကိုးကျတယ်။ လူများရင် ဘေးကင်းတယ် ဆိုတဲ့ အယူအဆကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး အတူတကွ စုပြုံနေကြတယ်။ ဒါကြောင့် ငယ်စဉ်ကလေးဘဝကတည်းက မိဘတွေ၊ အဒေါ်တွေ၊ ဦးလေးတွေ၊ ဝမ်းကွဲတွေ၊ သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေက ဒီအသိုင်းအဝိုင်းကျဉ်းကျဉ်းလေးမှာပဲ သူတို့ အတတ်နိုင်ဆုံး တူတူနေကြပြီး စွန့်ခွာရင် ဘာဖြစ်နိုင်မလဲဆိုတာကိုလည်း ကြောက်ကြတယ်။ ပြီးတော့၊ သူတို့က အင်္ဂလိပ်လို မပြောတတ်လို့ မဟုတ်ဘူး။ ကျွန်မမိဘတွေက အာရဗီ၊ ဂရိ၊ ပြင်သစ်၊ အီတလီနှင့် အင်္ဂလိပ်ဘာသာစကား ငါးမျိုးပြောနိုင်ပါတယ်။ သူတို့ဟာ ထက်မြက်တဲ့ လူတွေပါ။ ခေတ်မီလူ့အဖွဲ့အစည်းကို ဘယ်လိုသွားရမလဲဆိုတာကို သိပေမဲ့ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ ကမ္ဘာငယ်လေးမှာ နေထိုင်ဖို့ ရွေးချယ်ခဲ့ကြတယ်။

တစ်ခါတစ်ရံ၊ ကျွန်မတို့ခရစ်ယာန်များဟာလည်း အလားတူပြုမူကြပါတယ်။ ကျွန်မတို့ခရစ်ယာန်အသိုင်းအဝိုင်းလေးထဲမှာပဲ ခရစ်ယာန်သူငယ်ချင်းများစုပေါင်း နေထိုင်ကြပြီး၊ ကျွန်မတို့ကိုယ်တိုင် ဖန်တီးထားသော ဒီခရစ်ယာန်ယဉ်ကျေးမှုလေးနောက်မှာ ပုန်းကွယ်နေကြပါတယ်။ ကျွန်မတို့ ဒီဇိုင်းဆွဲထားတဲ့ ကမ္ဘာမြေကြီးပေါ်က ကောင်းကင်ဘုံမှာ နေကြပြီး ဒီကမ္ဘာဂြိုဟ်မှ ထွက်ခွာသွားသည်အထိ အားလုံးကောင်းမွန်သွားလိမ့်မယ်လို့လည်း မျှော်လင့်ထားကြတယ်။ ဒါမဲ့ ယေရှုက ကျွန်မတို့ကို သိမြင်ပြီး တပည့်စစ်ဖြစ်စေရန် ကျွန်မတို့ကို ရွေးချယ်ကာ ကမ္ဘာသို့စေလွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ခရစ်ယာန်အသိုင်းအဝိုင်းတွင်းမှ မထွက်လာနိုင်ရင် ဘုရားသခင်ရဲ့ ပထမဦးစားပေးတဲ့အကြီးမြတ်ဆုံးသောပညတ်ကို ကျွန်မတို့ပြုလုပ်နိုင်မည်မဟုတ်ပါ။

သခင်ယေရှုက ကျွန်မတို့ကို ခရစ်ယာန်ယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ခု တည်ဆောက်ဖို့ ကယ်တင်ခဲ့တာမဟုတ်ပါ။ ကျွန်မတို့နဲ့မတူသောသူများ ကျွန်မတို့ကဲ့သို့မပြုမူတဲ့သူများ၊ မတွေးခေါ်သူများ၊ သို့မဟုတ် ကျွန်မတို့ကဲ့သို့ မယုံကြည်သူများနဲ့ တွေ့ဆုံခြင်းမှ ရှောင်ရှားဖို့ ကျွန်မတို့ကို ကယ်တင်ခဲ့တာ မဟုတ်ပါ။ လောကမှ ပုန်းရှောင်ဖို့၊ လောကကို လျစ်လျူရှုဖို့၊ လောကကို ကြောက်ရွံ့ဖို့၊ လောကကို မုန်းတီးဖို့၊ ရှုတ်ချဖို့ သို့မဟုတ် လောကကို တရားစီရင်ဖို့ ကျွန်မတို့ကို ကယ်တင်ခဲ့တာ မဟုတ်ပါ။ ကိုယ်တော်က ကျွန်မတို့ကို တပည့်တော်စစ်ဖြစ်စေရန်… သူဖန်ဆင်းခဲ့သော ကမ္ဘာကြီးကို ချစ်မြတ်နိုးစေဖို့ လောကထဲကို စေလွှတ်လိုက်တာ ဖြစ်ပါတယ်

သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။

ဒီကျမ်းပိုဒ်မှာ အရေးကြီးဆုံးစကားလုံးက သွားပါ။

ကမ္ဘာအရပ်ရပ်သို့ သွားပါ။

ပျောက်ဆုံးသွားသူကို သွား၍ ချစ်ပါ။

ပျောက်ဆုံးသောသူများကို သွား၍ နားလည်ပါ။

ပျောက်ဆုံးသောသူများကို သွား၍ သနားပါ။

ပျောက်ဆုံးသောသူများကို သွား၍ ယေရှုအကြောင်း ပြောပါ။

သွား၍ တပည့်စစ်ဖြစ်စေပါ

ဆုတောင်းချက်

ကောင်းကင်ဘုံရှင်အဘ၊ ကိုယ်တော်သည် ကျွန်ုပ်ကို သိမြင်ပြီး၊ ကျွန်ုပ်ကို ရွေးချယ်၍ စေလွှတ်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ သခင်စေလွှတ်တဲ့နေရာကို သွားနိုင်ဖို့ သခင်စေခိုင်းရာကို လုပ်နိုင်ဖို့ ခွန်အားနှင့် သတ္တိပေးသနားပါ။ အာမင်

For more on this visit www.christinecaine.com/2020study

Adapted from 20/20: Seen.Chosen.Sent by Christine Caine. Copyright © 2019 by Christine Caine. Reprinted with permission of Lifeway Women. All rights reserved.

နေ့ 6

ဤအစီအစဉ်အကြောင်း

20/20: Seen. Chosen. Sent. By Christine Caine

သင့်ကို ဘုရားသခင်က သိမြင်ကြောင်းသတိပြုမိတာကြောင့် သင်ကိုယ်တိုင် အခြားသူများကို သိမြင်တာမျိုး တွေးကြည့်ဖူးပါသလား။ သင်တဲ့ ပုံမှန်တစ်နေ့တာဘဝမှာ ထင်ရှားတဲ့ ထာဝသက်ရောက်မှုရှိနေတာ တွေးကြည့်ဖူးပါသလား။ Christine Caine ရဲ့ (၇) ရက်တာ ဆုတောင်းချက်တွေက သင်ကို ဘုရားသခင်က အဘယ်သို့သိမြင်ကြောင်း၊ အဘယ်သို့ သင့်ကို ရွေးချယ်ကြောင်းနှင့် အခြားသူများထံ သင့်ကို အဘယ်ကြောင်းပို့ဆောင်ကြောင်း ရှာဖွေတွေ့ရှိအောင် ကူညီပေးမှာဖြစ်ပါတယ်။ ဒီ (၂၀/၂၀) ရူပါရုံက ဘုရားသခင်က အခြားသူများကို မြင်ကြောင်းခံစားရဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် ဆရာမခရစ်စတင်းကိန်း A21, Propel, CCM ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက၊ http://www.christinecaine.com/2020study သို့ ကြည့်ရှုနိုင်ပါသည်။