၂၀/၂၀ - မြင်၏။ ရွေးချယ်ခံရ၏။ ပို့ဆောင်တော်မူ၏။ ဆရာမခရစ်စတင်းကိန်း နမူနာ
သင်သည် လောက၏ အလင်းနှင့်ဆား ဖြစ်သည်
သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတစ်ပါး အဘယ်အသုံးမျှမဝင်။ သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ရှင်မဿဲခရစ်ဝင်၊ ၅း၁၃-၁၅
ကျွန်မ ကောလိပ်ကျောင်းသူ အရွယ်တုန်းက အလှအပ၊ အဆင့်၊ အောင်မြင်မှုတွေ၊ စည်းစိမ်ဥစ္စာတွေ အားလုံးရှိပုံပေါ်တဲ့ သူငယ်ချင်းတစ်ယောက် ရခဲ့ပါတယ်။ ဒီအလှအပ၊ အဆင့်၊ အောင်မြင်မှုတွေ၊ စည်းစိမ်ဥစ္စာတွေ ကျွန်မရှိတယ်လို့တော့ မခံစားရပါဘူး။ သို့တိုင် ကျွန်မတို့ ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ ဒါကြောင့်၊ သူမ သုံးရက်ကြာအောင် ပျောက်သွားပြီး ဖုန်းမကိုင်တဲ့အခါ သဘာဝအတိုင်း ကျွန်မ ထိတ်လန့်တကြားဖြစ်သွားတယ်။ သုံးရက်မြောက်သောနေ့တွင် သူမ အံ့အားသင့်ဖွယ်ရာ ပြန်ပေါ်လာတဲ့အခါ ပါတီပွဲတစ်ခုမှာ သူမရှိနေပြီး လူအများစုက နိုးကြားနေစေတဲ့ မူးယစ်ဆေးသောက်သည်ကို သိလိုက်ရပါတယ်။ သူမက “အချစ်က အများကြီးပဲ။ ပျော်ရွှင်မှုတွေအများကြီး။ ငြိမ်သက်ခြင်းတွေအများကြီး လွင့်မျောသွားခဲ့တယ်”လို့ ပြောပြီးတော့ ဒီပန်းလေး (ဆေးပြား)ကို ဆွဲထုတ်လိုက်တယ်။ ငါအရမ်းကြိုက်တယ် Chris၊ ငါရခဲ့တဲ့အတွေ့အကြုံကို မင်းလက်မလွတ်စေချင်လို့ မင်းအတွက် ဒီဆေးပြားတစ်ဝက် ချန်ခဲ့တယ်"
ကျွန်မ သူမရဲ့ကမ်းလှမ်းချက်ကို ကြင်နာစွာ ငြင်းဆိုပေမဲ့ ကျွန်မ စိုးရိမ်ပူပန်နေခဲ့တယ်။ ကျွန်မ လွန်ခဲ့သောနှစ်အနည်းငယ်ကပဲ ယေရှုကို ကျွန်မအသက်တာကို အပြည့်အဝ ပေးခဲ့တယ်။ ပြီးတော့၊ ကျွန်မ မတွေးဘဲမနေနိုင်တာက ဒီအမျိုးသမီးငယ်လေးက ကျွန်မကို အရမ်းချစ်တယ်၊ ဒါကြောင့်၊ သူမက ကျွန်မကို မူးယစ်ဆေးရဲ့ အချစ်၊ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကို လက်လွတ်မခံစေချင်ဘူး။ ဒါမဲ့၊ ကျွန်မ ခရစ္စတင်းကတော့ ချစ်ခြင်းမေတ္တာနှင့် ရွှင်လန်းမှုနှင့် ငြိမ်သက်ခြင်း၏ အရင်းအမြစ်ဖြစ်တဲ့ ဘုရားသခင််ရဲ့ သန့်ရှင်းသောဝိညာဉ်တော် ကျွန်မနှလုံးတွင်းမှ နေထိုင်နေပေမဲ့ ဘုရားသခင်အကြောင်းပြောရတာ ရှက်လို့နေခဲ့တယ်၊ သူမ လိုအပ်ဆုံးအရာက ဘုရားသခင်ပဲဖြစ်နေချိန်မှာ သူမက ဘုရားသခင်ကို မလိုအပ်ဘူးလို့လည်း ထင်ခဲ့သေးတယ်။
တစ်ဆက်တည်းမှာပဲ ကျွန်မငိုကြွေးမိပါတော့တယ်။ မူးယစ်ဆေး၊ ငွေကြေး၊ အောင်မြင်မှု ဒါမှမဟုတ် ဘယ်အကြောင်းတစ်ခုခုကမှ တစ်စုံတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုမဖြစ်စေရဘူးလို့ ဘုရားသခင်ကို ကတိပြုခဲ့တယ်။ ဒါတွေထက် ဘုရားသခင်အတွက် ကျွန်မရဲ့ချစ်ခြင်းမေတ္တာနဲ့ ဘုရားသခင်ကမည်သူဖြစ်တယ်ဆိုတာကို လူတို့အား ပြောပြလိုသောဆန္ဒက ပိုအရေးကြီးပါတယ်။
ဘဝတွေ ရှုပ်ယှက်ခတ်နေတဲ့လူတွေက ဘုရားသခင်ကို ရှာတွေ့ဖို့ လိုအပ်တယ်ဆိုတာ ကျွန်မတို့သိမြင်ပေမဲ့ ဘဝမှာ လိုအပ်တာအကုန်ရှိနေပုံရတဲ့လူတွေကလည်း ဘုရားသခင်ကို တွေ့ရှိဖို့လိုတယ်ဆိုတာကို ကျွန်မတို့ အလွယ်တကူ သတိမမူမိကြပါဘူး။ ဘုရားသခင်ကိုရှာတွေ့ဖို့ လိုအပ်တဲ့လူတွေက သူလိုငါလို အတူတူပဲဖြစ်ကြောင်းကို ဘုရားသခင်က ကျွန်မတို့ကို နားလည်စေချင်ပါတယ်။
ထိုနေ့ကစပြီး၊ လူသားတိုင်းရဲ့နှလုံးသားမှာ ယေရှုတစ်ပါးတည်းသာ ဖြည့်စွမ်းနိုင်သော ဘုရားသခင်ပုံသဏ္ဍာန် လစ်ဟာနေပြီး သခင်ယေရှုအကြောင်းကို လူသားတိုင်းကြားဖို့ လိုအပ်တာကို ကျွန်မဘယ်တော့မှ မမေ့တော့ပါဘူး
ဆုတောင်းချက်။
ဘုရားသခင်၊ ကျွန်ုပ်သွားသမျှနေရာတိုင်းတွင် ဆားနှင့် အလင်းဖြစ်ရန် ကူညီပေးတော်မူပါ။ ကျိုးပဲ့ပြီး သခင့်ကိုရှာတွေ့ဖို့ လိုအပ်နေတဲ့လူတွေကို ဘယ်ပုံစံဖြစ်ပါစေ၊ မြင်အောင်ကြည့်ဖို့ ကူညီပေးပါ။ ကရုဏာနှင့် သတ္တိရှိရန် ကျွန်ုပ်အား ကူညီပြီး ယနေ့ နီးစပ်သူတစ်ဦးကို သွားရောက်ပြီး သခင့်အကြောင်းပြောဖို့ ကူညီပေးပါ။ သခင်ယေရှု၏နာမ၌ ကျွန်ုပ်ဆုတောင်းပါသည်၊ အာမင်
ကိုးကာချက် 20/20: Seen.Chosen.Sent by Christine Caine. Copyright c 2019 by Christine Caine
ဤအစီအစဉ်အကြောင်း
သင့်ကို ဘုရားသခင်က သိမြင်ကြောင်းသတိပြုမိတာကြောင့် သင်ကိုယ်တိုင် အခြားသူများကို သိမြင်တာမျိုး တွေးကြည့်ဖူးပါသလား။ သင်တဲ့ ပုံမှန်တစ်နေ့တာဘဝမှာ ထင်ရှားတဲ့ ထာဝသက်ရောက်မှုရှိနေတာ တွေးကြည့်ဖူးပါသလား။ Christine Caine ရဲ့ (၇) ရက်တာ ဆုတောင်းချက်တွေက သင်ကို ဘုရားသခင်က အဘယ်သို့သိမြင်ကြောင်း၊ အဘယ်သို့ သင့်ကို ရွေးချယ်ကြောင်းနှင့် အခြားသူများထံ သင့်ကို အဘယ်ကြောင်းပို့ဆောင်ကြောင်း ရှာဖွေတွေ့ရှိအောင် ကူညီပေးမှာဖြစ်ပါတယ်။ ဒီ (၂၀/၂၀) ရူပါရုံက ဘုရားသခင်က အခြားသူများကို မြင်ကြောင်းခံစားရဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
More