၂၀/၂၀ - မြင်၏။ ရွေးချယ်ခံရ၏။ ပို့ဆောင်တော်မူ၏။ ဆရာမခရစ်စတင်းကိန်း နမူနာ
ဘုရားသခင်က သင့်ကို စေလွှတ်ပါတယ်
ဤသူတို့ကို ဤလောကမှ နုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသော အမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။ ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရား ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဖို့အလိုငှာ ကိုယ်ကို သန့်ရှင်းစေပါ၏။ ရှင်ယောဟန်ခရစ်ဝင်၊ ၁၇း၁၅-၁၉
နစ်ခ် (Nick)နဲ့ ကျွန်မ လက်ထပ်ခါစတုန်းက မြေပုံကြည့်ဖို့ အက်ပ်တွေ မရှိခဲ့ပါဘူး။ လှန်လိုက်တဲ့အခါ ကားရှေ့မှန်တစ်ခုလုံးကို ကာသွားတဲ့ စာရွက်မြေပုံတွေကို ဖတ်ရတယ်။ ပြီးတော့ ဒီစာရွက်ကို နဂိုကအတိုင်း ဘယ်တော့မှ ပြန်မခေါက်လို့ မရပါဘူး။ ဒီမြေပုံစာရွက်က ခရီးထွက်ဖို့ အရမ်းစိတ်ဖိစီးရပါတယ်။ Navman လို မြေပုံကြည့်တဲ့ အက်ပ်တွေ ပေါ်လာမှ စိတ်သက်သာရာရပါတယ်။ ကျွန်မအနေနဲ့ လမ်းကြောင်းပြအိမ်ထောင်ရေးနှောင်ကြိုးမှ လွတ်မြောက်သွားသလိုပင် သက်သာရာရသွားပါတယ်။ ရိုးရှင်းသောဝယ်ယူမှုတစ်ခုက ကျွန်မတို့မသိခဲ့သော ငြိမ်းချမ်းမှုကို ရရှိစေခဲ့တယ်။
ဒါပေမဲ့ တကယ့် Navman မဟုတ်ဘူး၊ အဲဒါက Navwoman ပါ။ ဘာလို့လဲဆိုတော့ အက်ပ်ရဲ့ အသံဟာ နူးညံ့သိမ်မွေ့တဲ့ စကားပြောသံနဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လို့ပါပဲ။ သူက "အဝိုင်းမှာ ဒုတိယထွက်ပေါက်ကို ယူလိုက်ပါ" လို့ ပြောပြီး ထွက်ပေါက်ကို လွတ်သွားတဲ့အခါ အသက်ရှူသံဖြင့် "လမ်းကြောင်းပြောင်းနေသည်...လမ်းကြောင်းပြောင်းနေသည်။"လို့ လမ်းညွှန်ပေးပါတယ်။
အစကတော့ သူမဟာ အရမ်းကောင်းတာပဲလို့ ကျွန်မထင်ခဲ့တယ်။ ဒါကြောင့် သူ့ကို Matilda လို့ နာမည်ပေးလိုက်တယ်။ ဒါပေမဲ့ နစ်ခ်က သူမပြောသမျှကို တလိုတလား နာခံတာကို သတိထားမိတယ်။ နစ်ခ် အမှားလုပ်မိလို့ ဒါမှမဟုတ် ဂငယ်ကွေ့သွားတယ်လို့ သူမ ပြောတဲ့အခါ နစ်ခ်စိတ်မဆိုးဘူး။ ပြန်လည်းမပြာဘူး။ သူက တိတ်တိတ်လေးပဲ လိုက်နာခဲ့တာက ကျွန်မကို တုန်လှုပ်သွားစေတယ်။ နစ်ခ်ကို ကလေးနှစ်ယောက်မွေးပေးခဲ့တဲ့ ကျွန်မထက် သူမရဲ့လမ်းညွှန်မှုကို နစ်ခ်လိုက်နာခဲ့တယ်။
ကျွန်မက Matilda ကို ဂရုစိုက်ပါတယ်။ သူမရဲ့ချောမောသောအသံနဲ့ ဘယ်ဘက်ကိုလှည့်ဖို့ သူမစပြောလာရင် "မလုပ်ဘူး" ဆိုပြီး အကွေ့ကို ကျော်ဖြတ်ပြီး တည့်တည့် မောင်းတဲ့အခါ သူမ ရှုပ်ထွေးသွားတာကို ကျွန်မ သဘောကျတယ်။
ကျွန်မက ကြောင်တောင်တော် တုံပြန်ပေမဲ့၊ တစ်ခါတစ်ရံ သူမကနှစ်သိမ့်ပေးတတ်တာကို မငြင်းနိုင်ပါဘူး။ ကျွန်မတို့ လမ်းပျောက်ရင် လမ်းကြောင်းပြန်ပေါ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူမသိတယ်။ တကယ်လို့ ကျွန်မတို့နဲ့ မရင်းနှီးတဲ့မြို့တစ်မြို့ကို ရောက်နေတဲ့အခါ သူမက ကျွန်မတို့ကို တစ်လမ်းမောင်းလမ်းတွေနဲ့ ဆောက်လုပ်ရေးလမ်းလွှဲတွေကို ဘယ်လိုသွားရမယ်ဆိုတာ ပြောပြပေးတယ်။ ကျွန်မတို့ဘယ်ကိုရောက်ရောက် ဘယ်လောက်ပဲရှုပ်နေပါစေ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ညွှန်ပြပေးပါတယ်။
ဒါက ပျောက်ဆုံးသူများအတွက် ဘုရားသခင် ပေးလိုတဲ့အရာ မဟုတ်ပါလား။ ဒါက ကျွန်မတို့ကို ပျောက်ဆုံးပြီး ပျက်စီးနေသောကမ္ဘာသို့ ပို့ဆောင်ခံရအကြောင်း မဟုတ်ပါလား။ ပျောက်ဆုံးခြင်းဆိုတဲ့နေရာမှာ ဘယ်သူ့ကိုမျှ ဘုရားသခင် ဆက်လက်တည်ရှိစေလိုမှာ မဟုတ်ပါဘူး။ သင်တစ်နေ့တာမှာ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ သင်ကူညီပေးနိုင်သူကို ရှာဖွေပါ။ ဘုရားသခင် စေလွှတ်တော်မူသော ပျောက်ဆုံးသူကို ရှာဖွေကြည့်ရှုပါ။
ဆုတောင်းချက်
ကောင်းကင်ဘုံရှင်အဘ၊ အယောက်စီတိုင်း အဖကို သိလာဖို့နဲ့ အဖရဲ့ချစ်ခြင်းမေတ္တာ နက်နဲမှုကို သိရှိဖို့မှာ အဖရဲ့ဆန္ဒဖြစ်ကြောင်းကို ကျွန်ုပ်သိပါတယ်။__________________ အဖကို သူ/သူမ တွေ့နိုင်ပါစေလို့ ကျွန်ုပ်ဆုတောင်းပါတယ်။ သခင်ဘုရား၊ သူ/သူမအား လမ်းကြောင်းမှန်ပြန်ရောက်အောင် သူ/သူမ၏ စိတ်နှလုံးကို အဖအား အပြည့်အ၀ အပ်နှင်းအောင်ကူညီနိုင်ရန် ကျွန်ုပ်ကို အသုံးပြုတော်မူပါ၊၊ သခင်ယေရှု၏နာမ၌ ဆုတောင်းပတ္ထနာပြုပါတယ်။ အာမင်။
Adapted from 20/20: Seen.Chosen.Sent by Christine Caine. Copyright © 2019 by Christine Caine. Reprinted with permission of Lifeway Women. All rights reserved.
ဤအစီအစဉ်အကြောင်း
သင့်ကို ဘုရားသခင်က သိမြင်ကြောင်းသတိပြုမိတာကြောင့် သင်ကိုယ်တိုင် အခြားသူများကို သိမြင်တာမျိုး တွေးကြည့်ဖူးပါသလား။ သင်တဲ့ ပုံမှန်တစ်နေ့တာဘဝမှာ ထင်ရှားတဲ့ ထာဝသက်ရောက်မှုရှိနေတာ တွေးကြည့်ဖူးပါသလား။ Christine Caine ရဲ့ (၇) ရက်တာ ဆုတောင်းချက်တွေက သင်ကို ဘုရားသခင်က အဘယ်သို့သိမြင်ကြောင်း၊ အဘယ်သို့ သင့်ကို ရွေးချယ်ကြောင်းနှင့် အခြားသူများထံ သင့်ကို အဘယ်ကြောင်းပို့ဆောင်ကြောင်း ရှာဖွေတွေ့ရှိအောင် ကူညီပေးမှာဖြစ်ပါတယ်။ ဒီ (၂၀/၂၀) ရူပါရုံက ဘုရားသခင်က အခြားသူများကို မြင်ကြောင်းခံစားရဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
More