YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 9:9-17

ဇာခရိ 9:9-17 Judson Bible (JBMLE)

အို ဇိ​အုန်​သ​တို့​သ​မီး၊ အ​လွန်​ဝမ်း​မြောက်​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သ​တို့​သ​မီး၊ ကြွေး​ကြော်​ကြ​လော့။ တ​ရား​သ​ဖြင့် စီ​ရင်၍ ကယ်​တင်​ခြင်း​သို့​ရောက်​သော သ​ခင်၊ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့။ ငါ​သည် ဧ​ဖ​ရိမ်​ပြည်၌ ရ​ထား​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌ မြင်း​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ စစ်​လေး​ကို​လည်း ပယ်​ဖြတ်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် စစ်​ငြိမ်း​မည် အ​ကြောင်း​ကို ထို​အ​ရှင်​သည် မိန့်​တော်​မူ​မည်။ အာ​ဏာ​တော်​လည်း ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​ကြီး​စွန်း​တိုင်​အောင်​လည်း​ကောင်း တည်​လိမ့်​မည်။ သင်၏​အ​မှု​မူ​ကား၊ ချုပ်​ထား​လျက်​ရှိ​သော သင်၏​လူ​တို့​ကို၊ ရေ​မ​ရှိ​သော မြေ​တွင်း​ထဲ​က၊ သင်​နှင့် ဖွဲ့​သော ပ​ဋိ​ညာဉ်​အ​သွေး​ကြောင့် ငါ​ကယ်​လွှတ်​မည်။ အ​ချုပ်​ခံ၍ မျှော်​လင့်​သော သူ​တို့၊ ရဲ​တိုက်​သို့ ပြန်​လာ​ကြ​လော့။ ငါ​သည် နှစ်​ဆ​သော​ကျေး​ဇူး​ကို ပြု​ဦး​မည်​ဟု ယ​နေ့​ပင် ပြော​ထား၏။ ယု​ဒ​လေး​ကို ငါ​တင်၍၊ ဧ​ဖ​ရိမ်​လေး​ကို ဆွဲ​ငင်​လျက်၊ ဇိ​အုန်​သား​တို့​ကို ဟေ​လ​သ​သား​တို့​တစ်​ဖက်၌ နှိုး​ဆော်၍၊ သင့်​ကို သူ​ရဲ၏​ဓား​ကဲ့​သို့ ဖြစ်​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ​ထင်​ရှား​တော်​မူ၍၊ မြား​တော်​သည် လျှပ်​စစ်​ပြက်​သ​ကဲ့​သို့ ပြေး​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​သည် တံ​ပိုး​မှုတ်၍၊ တောင်​လေ​ပွေ​တို့​နှင့် ကြွ​သွား​တော်​မူ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ကွယ်​ကာ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ကိုက်​စား၍ လက်​လွှဲ​ကျောက်​တို့​ကို ကျော်​နင်း​ကြ​လိမ့်​မည်။ သောက်​ပြီး​လျှင်၊ စ​ပျစ်​ရည်​နှင့် ဝ​သ​ကဲ့​သို့ ကြွေး​ကြော်​ကြ​လိမ့်​မည်။ အင်​တုံ​ကဲ့​သို့​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ထောင့်​ကဲ့​သို့​လည်း​ကောင်း ပြည့်​ဝ​ကြ​လိမ့်​မည်။ ထို​နေ့၌ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိုး​စု​ကဲ့​သို့ ကယ်​တင်​တော်​မူ​လိမ့်​မည်။ သူ​တို့​သည် မြေ​တော်၌ ထင်​ရှား​သော သ​ရ​ဖူ​မျက်​မွန် ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​စွ​တ​ကား။ ဂုဏ်​အ​သ​ရေ​တော်​လည်း အ​လွန်​ကြီး​စွ​တ​ကား။ ဆန်​စ​ပါး​သည် လု​လင်​တို့​ကို​လည်း​ကောင်း၊ စ​ပျစ်​ရည်​သစ်​သည် အ​ပျို​မ​တို့​ကို​လည်း​ကောင်း တိုး​ပွား​များ​ပြား​စေ​လိမ့်​မည်။

ဇာခရိ 9:9-17 Common Language Bible (BCL)

ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။ အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်း စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​သည်​ဣ​သ​ရေ​လ​ပြည်​မှ​စစ်​မြင်း​ရ​ထား များ​ကို ဖယ်​ရှား​၍၊မြင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​သွား​မည်။ စစ်​ပွဲ​တွင်​အ​သုံး​ပြု​သည့်​လေး​တို့​ကို​လည်း ချိုး​ပစ်​မည်။ သင်​တို့​ဘု​ရင်​သည်​နိုင်​ငံ​တ​ကာ​နှင့်​စစ်​ပြေ ငြိမ်း​ရေး ဆောင်​ရွက်​ပြီး​လျှင်၊ ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင်​သို့​တိုင်​အောင် လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​မှ​ကမ္ဘာ​မြေ​ကြီး​စွန်း​သို့​တိုင် အောင် လည်း​ကောင်း​အ​စိုး​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊ ``ယဇ်​ကောင်​များ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် နှိပ်​ကာ၊ သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို ထောက်​၍ ငါ​သည်​သင်​တို့​၏​အ​မျိုး​သား​များ​အား ကယ်​လွှတ်​မည်။ ရေ​မ​ရှိ​သော​တွင်း​နက်​တည်း​ဟူ​သော​ပြည်​နှင်​ဒဏ် ဘ​ဝ​မှ​ကယ်​လွှတ်​မည်။ အ​ချင်း​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​ပြန်​လာ​ကြ​လော့။ မျှော်​လင့်​ချက်​ရှိ​ကြ​ပေ​ပြီ။ ဘေး​မဲ့​လုံ​ခြုံ​ရာ​သင်​တို့​၏​ရဲ​တိုက်​သို့​ပြန်​လာ ကြ​လော့။ သင်​တို့​ခံ​ခဲ့​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​၏ နှစ်​ဆ​မျှ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​သင်​တို့​အား​ငါ​ပေး​မည် ဖြစ်​ကြောင်း​ယ​ခု​ပင်​ပြော​ကြား​ပါ​၏။ ငါ​သည်​ယု​ဒ​ပြည်​ကို​စစ်​သူ​ရဲ​၏​လေး​အ​ဖြစ် နှင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​ကို​မြား​များ​အ​ဖြစ် နှင့်​လည်း​ကောင်း အ​သုံး​ပြု​မည်။ ဂ​ရိတ်​ပြည်​ကို​တိုက်​ခိုက်​ရန်​ငါ​သည်​ဇိ​အုန် မြို့​သား​တို့​အား ဋ္ဌား​အ​ဖြစ်​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​ရှိ​ရာ အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၍​မြား​တော်​တို့​ကို​လျှပ်​စစ်​ပြက် သ​ကဲ့​သို့​ပစ်​လွှတ်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​တံ​ပိုး​ခ​ရာ​မှုတ်​တော်​မူ​၍ တောင်​အ​ရပ်​မှ​လာ​သည့်​လေ​မုန်​တိုင်း​နှင့်​အ​တူ ချီ​တက်​တော်​မူ​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​ကို​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​လည်း​ရန်​သူ​များ​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​များ​ကဲ့​သို့​စစ် ပွဲ​တွင် ဟစ်​အော်​ကြ​လျက်​ရန်​သူ​များ​ကို​သတ်​ဖြတ် ကြ​လိမ့်​မည်။ ထို​သူ​တို့​၏​သွေး​သည်​အင်​တုံ​မှ​ယဇ်​ပလ္လင် ပေါ်​သို့ သွန်း​လောင်း​လိုက်​သည့်​သွေး​ကဲ့​သို့​စီး​ဆင်း လာ​လိမ့်​မည်။ ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ သိုး​ထိန်း​သည်​သိုး​စု​အား​ဘေး​အန္တ​ရာယ်​မှ ကယ်​တင်​သ​ကဲ့​သို့ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​အား​ကယ်​တင်​တော်​မူ လိမ့်​မည်။ သူ​တို့​သည်​သ​ရ​ဖူ​မှ​ကျောက်​မျက်​ရ​တ​နာ များ​ကဲ့​သို့၊ ကိုယ်​တော်​၏​ပြည်​တွင်​အ​ရောင်​အ​ဝါ ထွန်း​တောက်​ကြ​လိမ့်​မည်။ ပြည်​တော်​သည်​အ​ဘယ်​မျှ​သာ​ယာ​တင့် တယ်​လျက် နေ​ပါ​လိမ့်​မည်​နည်း။ လူ​ငယ်​လူ​ရွယ်​တို့​သည်​ပြည်​တော်​ထွက်​ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ကို​မှီ​ဝဲ​လျက်၊အား​အင်​ပြည့်​ဖြိုး​၍ လာ​ကြ​လိမ့်​မည်။

ဇာခရိ 9:9-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။ ဧဖရိမ်​ပြည်​၏​စစ်ရထား​၊ ဂျေရုဆလင်​မြို့​၏​မြင်း​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ စစ်​လေးလက်နက်​တို့​သည်​လည်း ကျိုးပဲ့​ကုန်​လိမ့်မည်​။ ရှင်ဘုရင်​သည် လူမျိုးတကာ​တို့​ကို ငြိမ်းချမ်းရေး​သတင်းစကား​ပြောကြား​လိမ့်မည်​။ သူ​၏​အုပ်စိုးမှု​အာဏာစက်​သည် တစ်​ပင်လယ်​မှ တစ်​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ ယူဖရေးတီး​မြစ်​မှ မြေကြီး​စွန်း​တိုင်အောင်​လည်းကောင်း ရောက်​လိမ့်မည်​။ သင်​နှင့်​ဖွဲ့​သော​အသွေး​တော်​ပဋိညာဉ်​ကြောင့် ရေ​မ​ရှိ​သော​တွင်း​ထဲတွင်​နေ​ရ​သော​အကျဉ်းသား​တို့​ကို ငါ​လွှတ်ပေး​မည်​။ မျှော်လင့်စရာ​ရှိ​သော အကျဉ်းသား​တို့​၊ ခံတပ်​သို့​ပြန်လာ​ကြ​လော့​။ သင်​တို့​ကို နှစ်ဆ​သော​အကျိုး​ပေး​မည်​ဟု ယနေ့​ပင် ငါ​ဆို​ပြီ​။ ငါ​သည် ယုဒ​ကို လေးသဖွယ် တင်​မည်​၊ ဧဖရိမ်​ကို မြားသဖွယ် ပြု​မည်​။ အို ဇိအုန်​၊ သင့်​သား​တို့​ကို ငါ​နှိုးဆော်​မည်​။ အို ဂရိ​၊ သင့်​သား​တို့​ကို ငါ​ဆန့်ကျင်​မည်​။ သင့်​ကို စစ်သူရဲ​၏​ဓား​သဖွယ် ဖြစ်​စေ​မည်​။” ထာဝရဘုရား​သည် မိမိကိုယ်ကို ထင်ရှား​တော်မူ​မည်​။ ကိုယ်တော်​၏​မြား​တော်​သည် လျှပ်ပြက်​သကဲ့သို့ ထွက်သွား​လိမ့်မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် တံပိုး​ကို​မှုတ်​လျက် တောင်ဘက်​မှ​မုန်တိုင်း​နှင့်အတူ ကြွချီ​တော်မူ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သူ​တို့​ကို​ကွယ်ကာ​တော်မူ​မည်​။ သူ​တို့​သည် လောက်စာလုံး​တို့​ကို ဖျက်ဆီး​၍ ချေပစ်​မည်​။ စပျစ်ဝိုင်​သောက်​၍ မူးယစ်​သော​သူ​ကဲ့သို့ အော်ဟစ်ကြိမ်းမောင်း​ကြ​လိမ့်မည်​။ အင်တုံ​ကဲ့သို့​လည်းကောင်း​၊ ယဇ်ပလ္လင်​ထောင့်စွန်း​ကဲ့သို့​လည်းကောင်း ပြည့်လျှံ​ကြ​လိမ့်မည်​။ ထို​နေ့ရက်​၌ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို သိုးစု​သဖွယ်​ကယ်တင်​လိမ့်မည်​။ သူ​တို့​သည် ကျောက်မျက်​သရဖူ​ကဲ့သို့ ပြည်​တော်​၌ ထွန်းတောက်​ကြ​လိမ့်မည်​။ မည်မျှ​ကောင်းမြတ်​ပါ​သနည်း​။ မည်မျှ​တင့်တယ်​ပါ​သနည်း​။ လူပျို​အပျို​တို့​သည် ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ကြောင့် ကြီးပွားတိုးတက်​ကြ​လိမ့်မည်​။